This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, 31 January 2013

ပျို

ရင်ထဲက လေးနက်ခြင်းတွေ
ပဉ္စလက်နဲ့ နင်နူတ်ယူသွားတယ်
ရင်ခုန်သံရပ်တန့် မသွားခဲ့ပေမဲ့
ဒုတိယအကြိမ်သေဆုံးခြင်းပဲ ပျို ....

နင်မရက်စက်ခဲ့ပါဘူး
နှလုံးသားတစ်ခု ဇောက်ထိုးဖြစ်ခဲ့တာကလွဲလို့ 
ဒါပေမယ့် ..... ငါမညာပါဘူး ....
လွမ်းတယ် ... ငါနင့်ကိုလွမ်းနေဆဲပဲ ပျို ...

ဓားသွားမှာပျားရည်ဆမ်းပြီး
အတ္တတစ်ခြမ်းကိုမှ ပန်းသီးလိုခွဲစားချင်ခဲ့တာ
နင့်ရဲ့ ပြင်းပြတဲ့ မက်မောခြင်းပဲလေ .....


နှလုံးသားတစ်ခုကွဲခဲ့လို့ 
နှလုံးသားတစ်ခုကိုပြန်ခွဲတာ
မှန်တယ် ..... တရားတယ် ....

နင့်ပျော်ရွင်ခြင်းအတွက် ကံကြမ္မာကသတ်မှတ်ပေးခဲ့တဲ့
တစ်ခုတည်းသောအရာဟာ ... ငါဆိုရင် ...
နင့်ရဲ့ ရူးသွပ်မှုအတွက် ငါ ......
အကြိမ်ကြိမ်ပြန်ရှင်သန်ပေးမယ်
နင်အကြိမ်ကြိမ်ပြုံးလိုက်ဦး ပျို .....

နင့်ကိုချစ်ပေမယ့်
နင့်နှလုံးသားကို ငါမုန်းတယ် .....

နောက်ဆုံး ... နောက်ဆုံး ...
နင်မလိုအပ်တော့တဲ့နေ့ 
နင်ပျင်းရိသွားမယ့် နှလုံးသားကို ... ပျို ...
မြေကြီးပေါ်ပစ်ချခဲ့ပါ .....

နောက်ဆုံးအကြိမ်သေဆုံးခြင်းနဲ့ 
မမြင်ရတဲ့ ဘယ်ဘက်ရင်အုံထဲမှာ
နင်ရှိနေဦးမယ် ... ပျို .....


မိုးနေ

တေလေမှတ်တမ်း ...

ငါခတ်နေတဲ့ အတောင်ပံတွေကို
မင်းရဲ့ မုန်တိုင်းနဲ့ မကျီစားပါနဲ့  ...
နှင်းတစ်စက်မကြွေသေးခင်
မအိပ်စက်ရသေးတဲ့မြေကြီးပေါ်
အကျဉ်းကျနေတဲ့အိပ်မက်တွေ
ခြေချခွင့်ရချင်သေးလို့ ပါ ...

ငါဟာ အစွမ်းကုန်မိုက်နေတဲ့ ကန္တာရတစ်ခု
ရီတစ်လှည့် ငိုတစ်လှည့်နဲ့ 
နံပါတ်စဉ်တပ်မထားတဲ့ အဘိဓ္ဓာန်မှာမှ
ဂမ္ဆီာရဆန်ဆန် ကျူးရင့်ချင်ခဲ့ ....

တောခွေးတစ်အုပ်ကိုတွေ့ လို့ 
ဝံပုလွေအရေခြုံခဲ့တဲ့သူအဖြစ်နဲ့ တော့
တောအုပ်တစ်အုပ်ရဲ့  သမိုင်းမှာအမည်မတွင်ခဲ့ချင်ဘူး ...

သိက္ခာတရားတွေနံစော်နေတဲ့ သဘာဝတော့
မြှောက်ပြန်လေတွေနဲ့ အဖော်ညိုပြီး
သူ့ ကိုယ်သူနိုးထခဲ့တာ ကြာပြီတဲ့ ...

ဒီလိုနဲ့ ပဲ .... တေလေတစ်ကောင်
မိုးလင်းတိုင်း သူ့ ကိုယ်သူ ပြန်ပြန်ကြည့်လို့ ပေါ့ .....

မိုးနေ

ခေတ်သစ်မှတ်တမ်း

 ကံကြမ္မာရဲ့ ကကွက်တစ်ခု
ဝက်သစ်ချပင်တွေ အစီရီပွင့်လို့
မျှော်လင့်ချက်တွေ လမ်းလျှောက်ထွက်နေခဲ့ ...

မာယာလို့တော့မသုံးနှုန်းပါနဲ့ ..ကောင်မလေး ..
င့ါရဲ့ဆေးစက်တွေကျရာ မှင်ထင်ခဲ့တာမှမဟုတ်တာ...
ငါတို့... ခပ်လွင့်လွင့်လေးတီးခဲ့ကြတဲ့ မနက်ဖြန် ..
ဒရောသောပါးနဲ့ ငါတို့အရိပ်တွေကိုကြိုဆိုနေသယောင်...
(ဒါမှမဟုတ်).. ကျီစယ်နေသယောင် ဖြန့်ကြန့်ထားရဲ့ ...

ကာလတွေရဲ့အရောင်ကို မင်းဘာချယ်မလည်း...
ခပ်ရင့်ရင့်လား..ခပ်ဖျော့ဖျော့လား....
ဒါမှမဟုတ် ကမ္ဘာရဲ့ပထမဆုံးသောအရောင်တွေထဲက တစ်ခုလား...

ပစ္စုပ္ပန်ကိုသတိရတိုင်း ( macallan ) 12 သားက အပြုံးချိုချိုနဲ့...ငါ့ကို..
ဆီးကြိုနေကြ..အဲဒီချိန်တိုင်း...
အပြုံးခပ်ပါးပါးလေးတွေ...
ငါ့ရဲ့..အရေကြီးဆုံးနေရာမှာ ဝင်လိုက်ထွက်လိုက်နဲ့.. 
( သူ...တိုးတိုးလေးပြောသွားတယ်..ကိုယ်စားပေါ့တဲ့ ) ..

ကောင်မလေးရေ..တစ်ခုပဲမေးလိုက်ချင်ရဲ့.....
ကမ္ဘာဟာ ငါတို့မဟုတ်တော့တဲ့ချိန် ...
ငါတို့သာ ကမ္ဘာတစ်ခုဆိုရင် မင်းဘယ်လိုလုပ်မလည်း... 


                                                                                     မိုးနေ

ImTOO Coverter လေးတွေစုထားတာပါ

         
 မင်္ဂလာပါဗျာ အခုတင်ပေးလိုက်တာကတော့ ImTOO Coverter လေးတွေစုထားတာဖြစ်ပါတယ်
အသုံးတည့်မည့်သူများ ဒေါင်းယူလိုက်ပါခင်ဗျာ နောက်ထပ် Converter များကိုလည်းထပ်မံတင်ပေးသွား ဖို့ရှိပါတယ်... မိမိအတွက် အသုံးဝင်မယ်ထင် အောက်ကပုံလေးကိုနှိပ်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်







Internet Download Manager 6.1.5 Build 1 Final Version လေးပါ


မင်္ဂလာပါဗျာ
Internet Download Manager 6.1.5 Build 1 Final နောက်ဆုံးထွက်လေး  ထွက်လာလို့.. တင်ပေးလိုက်ပါတယ် ဒီဖိုင်လေးထဲမှာ full version သုံးလို့ရမယ့် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်..။ Patch နဲ့ Full Version ဖြစ်အောင် လုပ်နည်းပိုစ့်ကို Blog ညာဘက် အလယ်လောက်မှာ တင်ပေးထားတဲ့ ပိုစ့်အတိုင်း လုပ်ပေးလိုက်ရင် IDM ကို Full Version သုံးလို့ ရသွားပါပြီ ။ IDM ကို Updat လုပ်မိလို့ Serial တောင်းတဲ့ ဘောက်စ်ပေါ်လာပြီး ဖိုင်တွေဒေါင်းယူလို့ မရတော့တဲ့သူများနဲ့ IDM မရှိသေးတဲ့သူများအတွက် ဒီလို နောက်ဆုံးထွက် လေးတွေကလည်း လိုအပ်ပါတယ်.. အဲဒါကြောင့် IDM ပြဿနာပေါ်နေတဲ့သူများကတော့ ဒီနောက်ဆုံးထွက်လေးကို ယူပြီး Install ထည့်၊ Patch နဲ့ Full Version ဖြစ်အောင်လုပ်ပေးလိုက်ရင် IDM ကို ကောင်းကောင်းအသုံးပြုလို့ ရမှာဖြစ်ပါတယ် လိုအပ်တဲ့သူများကတော့ အောက်ကပုံလေးကိုနှိပ်ပြီးတော့ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်.. အားလုံးပဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေဗျာ..






ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း


ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း  (၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။  (၂) လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။  (၃) လူနာပါးစပ်ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့်ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။  (၄) ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁) အကြောသေခြင်း (၂) ကိုယ်တစ်ခြမ်းသေခြင်း (၃) ခြေလက်လှုပ်မရခြင်း (၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။  လက်တွေ့ပျောက်ကင်းသက်သာစေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှပေးပို့သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။  ရေးမိရေးရာလေးများ
ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း

(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ
ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး
လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃) လူနာပါးစပ်ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့်ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ့နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄) ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ပျောက်ကင်းသက်သာစေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြုလိုက်ပါသည်။
တရုတ်ပြည်မှပေးပို့သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။

ဖေ့ဘွတ်ပေါ်မှာ ဖတ်မိလို့ ဗဟုသုတအနေနဲ့ ရေးသားလိုက်ပါတယ်.....

Wednesday, 30 January 2013

Magic Burning Studio လေးပါ

မဂ်လာပါခင်ဗျာ ဒါလေးကတော့ Magic Burning Studio လေးပါ။ ကျွန်တော်တော့ မသုံးဖူးပါဘူး
လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့တင်ပေးလိုက်တာပါ.. Serial လည်းတစ်ခါတည်းပါပါတယ် အသုံးပြုတတ်သူများရှိရင်လည်း အောက်မှာ  ကွန်မန့်ပေးပြီးတော့ သိချင်တဲ့သူတွေကို ပြောပြပေးသွားပါ
အားလုံးပဲ အဆေင်ပြေကြပါစေဗျာ ဆော့ဝဲကို အောက်ကပုံလေးကို ကလစ်ပြီးတော့ယူလိုက်ပါ


WinRAR Crack version လေးပါ

မင်္ဂလာပါ ဒါလေးကတော့ WinRAR Crack version လေးပါ လိုချင်တဲ့သူများရှိရင် ဒေါင်းယူလိုက်ပါ
အထဲမှာ crack ဖိုင်ပါပါတယ် လုပ်နည်းကိုတော့မရေးတော့ပါဘူး သိကြလိမ့်မယ်ထင်ပါတယ် အားလုံးအဆင်ပြပါစေဗျာ လိုချင်တဲ့သူများ အောက်မှာဒေါင်းလိုက်ပါ 2MB ပဲရှိပါတယ်..



       

Tuesday, 29 January 2013

Desktop ပေါ်မှာ Glass Themes လေးနဲ့လန်းမယ်

Full_Glass_for_W7
မင်္ဂလာပါ ခင်ဗျာ အခုတင်ပေးမည့် ဟာလေးကတော့ မိမိအသုံးပြုနေတဲ့ စက်တွေရဲ့ Desktop ကို အမြင်ဆန်းလေးနဲ့ အသုံးပြုချင်သူတွေအတွက်ပါ.... တော်တော်လေးတော့လန်းပါတယ် နည်းလမ်းမသိခင်တုန်းက ကျွန်တော်လည်းတော်တော် တိုင်ပတ်ပါတယ် မနေမနား တစ်ညလုံး နည်းလမ်း ရှာဖွေလိုက်တဲ့ အခါနောက် ဆုံးတော့တွေ့ပါပြီ .. Destok တစ်ခုလုံးကို လုံးဝလန်းသွားစေမယ့် Full Glass Themes လေးပါ.. Window7 အတွက်ပဲဖြစ်ပါတယ် လက်တဲ့စမ်းချင်သူများ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ

Glass Themes ဒေါင်းယူရန်>>>
   လုပ်နည်းကလည်း အင်မတန်လွယ်ပါတယ် မသိခင်သာ ခက်တာ သိသွားတော့လည်း အလွယ်လေးပေါ့ :P
 ပထမဆုံး အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ... အထဲမှာ  UniversalThemePatcher_20090409 zip နဲ့  VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။ နှစ်ခုစလုံးကို Desktop ပေါ်သို့တင်ထားပေးပါ။
(၁) UniversalThemePatcher zip ကို အရင်ဖြေပါ .. လုံးဝဖြေပြီးသွားသောအခါ UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ် ပထမ ဟာကတော့ 64bit အတွက်ပါ . အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက် တစ်ခုကို run လိုက်ပါ  ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။ အားလုံးပြီးသွားပါက Restart ကျသွားပါလိမ့်မယ်။
(၂) window ပြန်တက်လာပါက VS_full_glass_for_win7_by_nguyenxuanhoa zip ကိုဖြေလိုက်ပါ။ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါ
My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။
(၃) Desktop ပေါ်မှာ Right Click ခေါက် >>personalize>>>window background မှာ Full Glass vs7 ဆိုတဲ့ themes လေးတိုးလာပြီဖြစ်ပါတယ် အဲ Themes လေးကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင်အဆင်ပြေပါပြီ။

(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့  My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်
ပြီးသွားရင်တော့ သင်ရဲ့ Desktop ဟာ Glass Themes လေးနဲ့လန်းနေပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ကျွန်တော်တော့ ဒီလိုဖြစ်ဖို့ မိုးလင်းခဲ့ပါတယ်.။ တတ်နိုင်သလောက် နားလည်လွယ်အောင်တော့ ရှင်းပြပေးထားပါတယ်.။ အဆင်မပြေတာရှိရင် Comment ပေးခဲ့လိုက်ပါ..
      လာလည်သူမိတ်ဆွေအပေါင်းကိုကျေးဇူးတင်လျှက်...
ဒီပို့လေးကို PDF အနေနဲ့လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းယူလိုက်ပါ
မှတ်ချက်။ Restart တစ်ချတိုင်း My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ် အဲဒါမှ အကြည်ရောင်လေးကို မြင်ရမှာပါ....

WiFi ဟက်မယ်


မင်္ဂလာပါ WiFi ဟက်ချင်သူများအတွက် လာပါပြီ WiFi ဟက်တဲ့အခွေလေးပါ ပေးထားတဲ့ဖိုင်ကိုဖြေပြီးတော့ အခွေဘမ်းပြီး အသုံးပြုနိုင်ပါပြီ.. WEP ကိုတော့ အာမခံပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

ဒေါင်းရန် နှိပ်လိုက်ပါ>>>

အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့ဟာလေးပါ

အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့... ဆောဝဲလ်



ဟိုးအရင်ကတော့တင်ဖူးပါတယ်ကြာနေပါပြီ

အခု့လဲလိုတဲ့လူတွေသုံးရအောင်ပြန်လည်မျှဝေလိုက်ပါတယ်


အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
 
ဆောဝဲလ်
 
==============================
=========
 
ကျွန်တော် အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့..
.
ဆောဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။
 
အဲ...ပညာရေးဝန်ကြီးဌာန ကိုလည်း ကြောက်ရသေးတယ်ဗျ..။

သူတို့ ထုတ်တဲ့ အဘိဓာန် စီဒီခွေ မရောင်းရမှာ စိုးလို့လေ..။

ဒါပေမဲ့...တကယ် ပြောရင် သူတို့အဘိဓာန်က တကယ်ကောင်းပါတယ်..။

အသံပါ ထွက်ပေးတယ်လေ..။

ဥပမာ - Dog - ဒေါ့ ဆိုပြီး အသံပါ ထွက်ပြပေးပါတယ်..။

ဒါပေမဲ့ မကောင်းတာက စက်ထဲက DVD Writer ထဲကို သူတို့ စီဒီကြီး ထည့်ထားရတာပဲလေ...။

အဲ...မထည့်ရအောင် လုပ်လို့တော့ ရသားဗျ...။

ဒါပေမဲ့..မပြောကောင်းဘူး...။ (သိတဲ့သူတွေတော သိကြပါတယ်လေ..။)

ထားပါတော့...

ကျွန်တော် အဘိဓာန်လေးက စီဒီမလိုဘုး...။

ဘာမှကိုမလိုဘူး...5.58 MB ပဲ ရှိတဲ့ ဆော့ဝဲလ်လေးပဲလိုတာဗျာ...။

မကောင်းဘူးလား......(ဟာ..ကောင်းတာပေါ့...။) ကောင်းမှာပေါ့ အလကားရတာပဲဗျာ..နော့..။

ကောင်းရင် အောက်က Attachment မှာ ဆွဲဗျာ...ယူလိုက်ပါတော့..။

ကျွန်တော်ကလည်း ဒီလို မြှောက်ပြောရင် ပေးချင်လိုက်တာမှ ထွန့်ထွန့်လူးနေတာလေ....။

ယူစေ...ယူစေ....။

Attachment ဆွဲတာ သဘောမကျရင်...ဒီနေရာ အောက်ကနေဆွဲသွားဗျာ






(http://www.mediafire.com/?utw1jyt24yw)..။

ဘာမှကိုတကယ်မလိုတာပါ..။

ရပြီ ဆိုရင် run လိုက်ရုံပါပဲ...။ ဒါပေမဲ့ သူက ဖောင့်အနေနဲ့ ( ၃ )မျိုးကိုလက်ခံပြီး လုပ်တယ်ဗျာ..။

လိုချင်ရင်အောက်မှာတခါတည်းဒေါင်းသွားလိုက်ပါ


၁။ ZawGyi - One




၂။ Myanmar3


ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့

ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ ကိုယ်ကြိုက်

ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်

လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဖာသာ အပြည့်ွှအစုံ ရိုက်ရင်လည်း ရိုက်ပေါ့

လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို

ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။

ပြောင်းသွားပါပြီ..။ ရှာပေတော့ပဲ...။


အခုကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။

တကယ် လုပ်ကြည့်လွယ်လွယ်လေးပါ....တကယ်တကယ်..။

အဆင်ပြေပါစေဗျာ..။



credit to

 kozaw357 

&

knowledge library

ကိုနန္ဒထွန်း က facebook မှာတင်ထားတာတွေ့လို့ 

ပြန်ရှယ်လိုက်ပါတယ်


ကိုလတ်(ကျွဲဆင်း) စီကနေ ပြန်ယူလာတာပါ အားလုံးပဲ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပါစေဗျာ

Corel VideoStudio Pro x4

Corel VideoStudio Pro X4, video editing, movie makingမင်္ဂလာပါခင်ဗျာ အခုတင်ပေးမှာကတော့ video Editing လုပ်ချင်တဲ့သူတွေအတွက် Corel VideoStudio Pro X4 ကိုတင်ပေးလိုက်ပါတယ် Key Maker ပါအထဲမှာပါပါတယ်.. အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ..

အားလုံးပဲအဆင်ပြေကြပါစေဗျာ

Corel VideoStudio ဒေါင်းရန်နှိပ်ပါ>>
Keygen ဒေါင်းရန်နှိပ်ပါ>>

Friday, 25 January 2013

ဆီချက်ခေါက်ဆွဲ ချက်နည်း နိဿရည်း ..

ဆီချက်ခေါက်ဆွဲ ချက်နည်း နိဿရည်း ...

ပြီးခဲ့တဲ့ ပို့စ်မှာ ဆီချက်ခေါက်ဆွဲနဲ့ ဒန်ပေါက်ကို အားပေးကြတဲ့ သူတွေများလို့ ဆီချက်ခေါက်ဆွဲချက်နည်းလေး ရေးပေးလိုက်ပါသည်။ ဒန်ပေါက်ကတော့ နောက်တစ်ခါချက်ဖြစ်ရင် အတိုင်းအတာတွေ သေချာမှတ်ပြီး ဓာတ်ပုံရိုက်ပြီးမှ တင်ပေးပါမည်။
ဆီချက်ခေါက်ဆွဲဆိုတော့ အရင်ကချက်တာ ၀က်သားကို နူးနေအောင် ပြုတ်လိုက်တော့ လှီးလိုက်ရင် ၀က်သားတွေက အသားတွေ ဖွာထွက်ကုန်တယ်။ ခုတော့ ဟိုတစ်လောက ထမင်းကြော်ကို တရုတ်ဆိုင်ကြော်လေးအတိုင်းဖြစ်အောင် ကြော်စားရင်းနဲ့ အကြံရသွားတာ။ ထမင်းကြော်မှာထည့်တဲ့ ၀က်သားကလဲ အိပေမဲ့ ကျစ်ကျစ်လေး၊ ဖွာမနေဘူး။ နောက်မှသိရတာ သူတို့က ၀က်သားကို မပြုတ်ပဲ တရုတ်လို ချာစူး (char siu) လို့ခေါ်တဲ့ ၀က်သားကို ကင်ပြီးမှ ထည့်တာကိုး။ ခု ဆီချက်ခေါက်ဆွဲထဲ ထည့်တဲ့ ၀က်သားကိုလဲ မပြုတ်ပဲ အိမ်မှာရှိတဲ့ convection oven လေးနဲ့ကင်ပြီးမှ လုပ်ကြည့်တာ ဆိုင်က ဆီချက်အတိုင်း တစ်ပုံစံထဲရပါသဗျာ။
convection oven ဆိုတာ အောက်ကလို ပုံစံလေး။ အိမ်မှာ oven အကြီးရှိပေမဲ့ ဒါလေးက သုံးရလဲလွယ် မြန်လဲ မြန်လို့ ပိုသုံးဖြစ်တယ်။ စလုံးက အိမ်ရှင်မတွေ အိမ်မှာ ကြက်သားတွေ ဘာတွေ ကင်စားချင်တယ်ဆို အဲဒါလေး ၀ယ်ထားပါလို့ အကြံပေးချင်ပါတယ်။ သုံးရတာ အရမ်းလွယ်တယ်။  ဈေးလဲ ပေါပါတယ်။ ဟိုတစ်လောက Aldi မှာတွေ့ခဲ့တာ အော်ဇီ ဖွတ်ကလိဒင်္ဂါး ၂၅-၃၀ လောက်ပဲရှိတာ။ အိမ်ကမီးဖိုကတော့ အော်ဇီ ရောက်စ အိမ်တက်လုပ်တုံးက သူငယ်ချင်းတွေ လက်ဆောင်ပေးထားတာပါ ခင်ညာ။ အဲဒီတုံးက ဈေးတော်တော်ကြီးမယ်ထင်နေတာ။ စစချင်း သုံးတောင်မသုံးတတ်ဘူး။ ၆လလောက်နေမှ စသုံးဖြစ်တာ။ သုံးပြီးတော့လဲ ကြိုက်လွန်းလို့ ခဏခဏ သုံးဖြစ်နေရောပဲ။


 ဆီချက်ခေါက်ဆွဲအတွက် လိုတဲ့ ပစ္စည်းတွေက ( လူ ၃-၄ယောက်စာခန့်)

ဝက်သား ၄၀၀ ဂရမ်ခန့်
ဝက်ရိုး / ကြက်ရိုး ၅၀၀ ဂရမ်ခန့် (ကြက်ရိုးက ၀က်ရိုးထက် ပိုချိုတယ်၊ အန်တီဆွိကတော့ ၂ခုလုံးရောပြုတ်တယ်)
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည် အကြည်ရည်
ငရုပ်ကောင်းမှုန့် (white pepper)
 ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
သကြား၊ ဆား၊ ကြက်သားမှုန့်
အချဉ်အတွက်
သခွါးသီး တစ်လုံး
ကြက်သွန်နီတစ်လုံး
ငရုပ်ဆီ
မန်ကျည်းမှည့်ရည် (သို့) သံပုရာသီး ။ သံပုယိုသီး
လူ ၃-၄ ယောက်စာလောက်ဆို ၀က်သား အသားများများအပိုင်း ၄၀၀ ဂရမ်လောက်ကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊  ကြက်သားမှုန့်၊ ငရုပ်ကောင်းတွေနဲ့ သုတ်နယ်ပြီး ဆားပြားဝင်အောင် ရေခဲသေတ္တာ အောက်ခန်းထဲ တစ်ရက်လောက် ဒီတိုင်းပစ်ထားလိုက်။ ပြီးမှ စောနက convection oven ထဲ သံစကာအမြင့်လေးတင်ပြီး ကင်လိုက်တာပဲ။ အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ်လောက် နဲ့ တစ်ဖက်ကို ၄၅မိနစ်၊ နောက်တစ်ဖက်ကို  ၂၅မိနစ်လောက် ကင်ပေးရပါတယ်။ မီးဖိုက timer ပါတော့ ပစ်ထားလိုက်ရုံပဲ။ အသံကြားရင် တစ်ဖက်လှန်ပေးလိုက်။ လွယ်မှလွယ်။
ပြီးတော့ အဲဒါကို အေးဆေး တစ်ပတ်လောက်ထားလို့ရပါတယ်။ ထမင်းနဲ့ ကြော်စားရင်စား၊ ဆီချက်ခေါက်ဆွဲချက်ရင်ချက်၊ ထမင်းဖြူလေးနဲ့အနှစ်လေးဆမ်းပြီး ၀က်ခေါက်ကင်လို စားချင်လဲ စားလို့ရသေးတယ်။ ရေခဲသေတ္တာ အောက်ခန်းထဲ ပလပ်စတစ်ဗူးလေးနဲ့ ထည့်ထားလိုက်တာပဲ။ ဆီချက်ခေါက်ဆွဲ ချက်တော့မယ်ဆိုမှ ထုတ်ပြီး သေးသေးလေးတွေ လှီးထားပါတယ်။
လှီးရတာ ကောင်းတယ်။ လုံးဝ ဖွာမထွက်ဘူး။ အသားလဲ အိတယ်။


ကြက်သွန်ဖြူကိုလည်း ဥကြီး ၂ဥခန့် ထောင်းပြီး၊ ဒါမှမဟုတ် blander နဲ့ မွှေပြီး ဆီချက်ချက်ထားပါတယ်။ အန်တီဆွိ အလွယ်ကြိုက်ပုံများ ကြက်သွန်ဖြူဥကြီးတွေကို မနွှာပဲ ဒီတိုင်းထည့်ထောင်းပြီး နောက်မှ အခွံတွေ ဖယ်ထုတ်တာ။ မြန်မှမြန်။ ဟိုးခေတ်တုံးကလို  ချွေးမရွေးမယ်ဆိုရင်တော့ အန်တီဆွိ ခုချိန်မှာ အပြိုကြီး  င်္ဟီး ..ဟီး

(တရုတ်စာဆိုတော့ ကြက်သွန်ဖြူဆီချက်ကို ဆနွင်းမှုန့် လုံးဝမထည့်ပါနဲ့နော်။)
ဝက်ရိုး၊ ကြက်ရိုးတွေကို ဂျင်းအပြားလိုက် ၃-၄ပြား၊  ကြက်သွန်ဖြူ အလုံးလိုက် မနွှာပဲထည့်ပြုတ်ပြီး သကြား၊ ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့နဲ့ ချိုအောင်လုပ်ထားပါတယ်။ ဟင်းချိုတစ်ဝက်ကို  အရည်ချည်း သတ်သတ်သောက်ဖို့ စကာနဲ့ စစ်ထားလိုက်ပြီး ခွဲထားပါတယ်။ တစ်ဝက်ကတော့ ခေါက်ဆွဲထည့် ဖျောဖို့ပါ။
တစ်အိုးက မိထူးဖို့ ... တစ်အိုးက ကစ်ဆစ်ဖုဖို့ ...း)
 
ဆီချက်ခေါက်ဆွဲ လုပ်တဲ့နေရာမှာ သုံးတဲ့ခေါက်ဆွဲကလဲ အရေးကြီးပါတယ်။ အန်တီဆွိကတော့ ပြုတ်တဲ့ ခေါက်ဆွဲပဲသုံးပါတယ်။ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်တွေကတော့ ခေါက်ဆွဲ အစိမ်းနဲ့ ပိုကောင်းပေမဲ့ ဆီချက်ခေါက်ဆွဲကတော့ ပြုတ်တဲ့ ခေါက်ဆွဲ ခြောက်နဲ့ ပိုကောင်းပါတယ်။

အန်တီဆွိသုံးတဲ့ တံဆိပ်ပါ။ ထိုင်ဝမ်ကလာတာ Kan To Noodle တဲ့။ ဒီမှာတော့ တစ်ထုတ် ၂ကျပ်ခွဲလောက်ပဲရှိတယ်။ အဲဒါတစ်ထုတ်ဆို သားအမိ သားအဖ ၃ယောက် တစ်နပ်စာ ကွက်တိပဲ။
အဲဒီလို ခေါက်ဆွဲတွေက ရေစိမ်စရာလုံးဝမလိုပဲ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ရတာပါ။ ခေါက်ဆွဲကို အရမ်းအိနေအောင်မပြုတ်ပဲ နဲနဲလေး မာတုံး မီးဖိုကချ၊ ရေစစ်ပြီး ရေအေးများများနဲ့ ဆေးချပါ။  ပြီးရင် ခေါက်ဆွဲတွေ ထွေးပြီး ကပ်မသွားအောင် ဆီချက်လေးတစ်ဇွန်းလောက်ထည့်ပြီး နယ်ထားလိုက်ပါ။ အဲဒါတွေအကုန်လုံး ကြိုလုပ်ထားလို့ရပါတယ်။ အန်တီဆွိဆို အပေါ်ကဟာတွေအကုန်လုံး  ညနေ ဦးခြိမ့်ပြန်မှစားမှာကို မနက်ကတည်းက လုပ်ထားတာဂျ။

စားခါနီး ပွဲပြင်ဖို့အတွက် ခေါက်ဆွဲ နှစ်ဖို့ ဟင်းချိုအိုးကို ပွက်နေအောင် အရင် တည်ထားလိုက်ပါတယ်။
တချိန်တည်း ပွဲပြင်ဖို့ ပန်းကန်တစ်လုံးထဲကို ဟင်းချိုလေး စားပွဲဇွန်း တစ်ဇွန်းလောက်၊ ဆီချက်လေး စားပွဲဇွန်း တစ်ဇွန်းခွဲလောက်၊ ပဲငံပြာရည် အကြည်ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်၊ ပိုချိုချင်ရင် ကြက်သားမှုန့်လေး အနည်းငယ်ကို ထည့်ပြီး မွှေထားပါ။
ပြီးမှ ဆူပွက်နေတဲ့ ဟင်းချိုရည်ထဲကို ခေါက်ဆွဲ(ပြုတ်ပြီးသား)ကို ဇကာနဲ့ နှစ်ပြီး စိတ်ကြိုက်ခေါက်ဆွဲ အပျော့အမာရပြီဆို  စောနက ပွဲပြင်မဲ့ ပန်းကန်ထဲထည့်ပြီး တူလေးနဲ့ အသာ မွှေပေးပါ။  ပြီးရင် အပေါ်က ၀က်သားတုံးလေးတွေရယ်၊ ဆီချက်က ကြက်သွန်ဖြူအကြွပ်လေးတွေရယ်၊ ငရုပ်ကောင်း ကြက်သွန်မြိတ်တွေ ဖြူးပြီး စားနိုင်ပါပြီ။ နှစ်တဲ့ ဟင်းချိုရည်ကိုက ချိုနေတော့ ဆီချက်ခေါက်ဆွဲက တော်တော်ကို အရသာရှိပါတယ်၊ ချိုပါတယ် ခင်ည။
အချဉ်အတွက်ကတော့ သခွါးသီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုပ်ဆီရယ်၊ မန်ကျည်းမှည့်ရည် (သို့) သံပယိုသီး/ သံပုရာသီးလေး ဆမ်းလိုက်တာပဲ။
ဟင်းချိုရည် ခွဲထားတာကိုလည်း ပူအောင် နွှေးလိုက်ပြီး ငရုပ်ကောင်း၊ ကြက်သွန်မြိတ်လေးဖြူးပြီး ဆီချက်ခေါက်ဆွဲနဲ့ စားဖို့ ပြင်လိုက်ပါဦး။
ကဲ သုံးဆောင်နိုင်ပါပြီ။ ဆိုင်က ဆီချက်ခေါက်ဆွဲ အတိုင်းပါပဲ ။
 

ကဲလုပ်စားကြည့်လိုက်ကြပါအုံးဗျာ.. မိုးညိုသားတော့ အမျိုးသမီးကို ချက်ကျွေးခိုင်းလိုက်အုံးမယ် ခိခိ
ကျေးဇူးတင်တယ်ဆိုရင်တော့ မူရင်းလင့် ကိုသွားလိုက်ပါဗျာ 


ဒီပို့လေးကို PDF အနေနဲ့ဒေါင်းချင်တယ်ဆိုရင် အောက်မှာယူလိုက်ပါ

ယိုးဒယား သင်္ဘောသီးထောင်း ...

ယိုးဒယား သင်္ဘောသီးထောင်း ...

ယိုးဒယား သင်္ဘောသီးထောင်းနည်းကို ရှယ်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကမှ ယိုးဒယားရောက်ဖူးလို့ ပထမဆုံးအကြိမ်စားဖူးပြီး ကြိုက်သွားလို့ အိမ်မှာ လုပ်စားကြည့်တာပါ။



လူ၃-၄ ယောက်စာလောက် လိုတဲ့ပစ္စည်းတွေက
၁။ သင်္ဘောသီးခပ်စိမ်းစိမ်း တစ်စိတ်လောက်ကို အခွံနွှာပြီး ခြစ်ထားပါ။သင်္ဘောသီးသုတ် ကျွပ်ကျွပ်လေးစားချင်တော့ ခြစ်ထားထာလေးတွေ ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။
၂။ ပုဇွန်ခြောက် ၂ဇွန်း
၃။ ငရုပ်သီးစိမ်း ၃-၄တောင့် ( အစပ်ကြိုက်ရင်ပိုထည့်ပါ )၊ ငရုပ်သီးအစိမ်းရောင်ဆို ပိုကောင်းပါတယ်။ (အနီရောင်ဆို ပုံမှာလို သင်္ဘောသီးသုတ်က အရောင်ညိုသွားပါတယ်။)
၎။ ကြက်သွန်ဖြူ၃မွှာလောက်
၅။ ခရမ်းချဉ်သီး အလုံးသေးသေး ၃လုံးလောက် ထပ်ခြမ်းခြမ်းထားပါ။ အကြီးဆိုရင်တော့ အသေးလေးတွေ လှီးထားပါ။
၆။ brown suger (သို့) ထန်းညက် ၄-၅ခဲ၊ မရှိရင်လဲ သကြား စားပွဲဇွန်းတစ်ဇွန်းမောက်မောက်၊
၇။ သံပုရာသီး တစ်ခြမ်း၊ ညှစ်ရလွယ်အောင် အစိတ်လေးတွေ စိတ်ထားပါ။
၈။ ငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊
၉။ မြေပဲဆံလှော်ပြီး အခွံချွတ် ထပ်ခြမ်းကွဲရုံ ထောင်းထားပါ၊
၁၀။ ပဲတောင့်ရှည်တစ်တောင့် တစ်လက်မအရွယ်လောက်စီ လက်နဲ့ဖြတ်ထားပါ၊


ထောင်းပုံ၊ သုတ်ပုံအဆင့်ဆင့်က
၁။ ငရုပ်ဆုံကြီးကြီးထဲမှာ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို အရင်ထောင်းပါ၊
၂။ ပုဇွန်ခြောက် နဲ့ Brown suger ထည့်ထောင်းပါ၊
၃။ မညက်တညက်မှာ ခြစ်ထားတဲ့ င်္ဘောသီးကို ထည့်ဖွဖွထောင်းပါ၊ ဇွန်းနဲ့ မွှေပေးပါ။
၎။ ခရမ်းချဉ်သီးထပ်ခြမ်းလေးတွေထည့် ထပ်ထောင်းပါ၊
၅။ ငံပြာရည်နှင့် သံပုရာရည်ထည့် ထပ်ထောင်းပါ၊
၆။ နောက်ဆုံး ပဲသီးပါ အသာလေး ထည့်ထောင်းပြီး ထောင်းထားထာလေးတွေကို ငရုပ်ဆုံထဲတင် နှံအောင်ဇွန်းနဲ့ မွှေပါ ၊နယ်ပါ၊
ရ။ ထောင်းထားတဲ့ သင်္ဘောသီးသုတ်ကို အဖတ်တွေရော အရေတွေရောမကျန် ပြင်မဲ့ ပန်းကန်ထဲထည့်ပါ၊
၈။ အပေါ်ကနေ မြေပဲ အသာဖြူးထည့်ရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။










မြည်းကြည့်ပြီး အချိုလိုရင် သကြားနဲနဲ၊ အငံလို ငံပြာရည်ထပ်ထည့်ပြီး ပြင်ပါ။


ယိုးဒယား သင်္ဘောသီးထောင်း ချိုချိုချဉ်ချဉ် စပ်စပ် ကျွပ်ကျွပ် လေးပါ၊ ထောင်းတာကလဲ အကုန်စုထည့်ပြီး တစ်ခါထဲ ထောင်းတာမဟုတ်ပဲ တစ်ခုပြီးတစ်ခု အစဉ်အတိုင်းထည့်ထောင်းရ ပါတယ် ။
ယိုးဒယား ကြက်သားဘေဆယ်ကြော်လိုဟာမျိုးနဲ့ ထမင်းနဲ့ လိုက်ဖက်ပါတယ်။




ကဲမိတ်ဆွေတို့ရေ ကျွန်တော်တော့ ရှာယူလာပါတယ် စားချင်တယ်ဆိုရင် လုပ်စားကြည့်လိုက်ပါအုံး
 ကျေးဇူးတင်ချင်တယ်ဆိုရင်တော့   မူရင်းလင့် သို့သာသွားလိုက်ပါ  



ဒီပို့စ်ကို PDF အနေနဲ့လိုချင်တယ်ဆိုရင် အောက်ကလင့်မှာဒေါင်းယူလိုက်ပါ

PDF ဒေါင်းရန်နှိပ်ပါ>>>

Giveaway Video to GIF Converter 1.1 Free License Code

Giveaway Video to GIF Converter 1.1 Free License Code

Video Format တွေကနေ JPG, BMP, TGA, TIFF, PNG, etc. အစရှိတဲ့ Photo Format တွေကို ပြောင်းပေးတဲ့ converter ပါ. လိုချင်တဲ့ သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ အားလုံးပဲအဆင်ပြေကြပါစေဗျာ


Download Software
Mediafire | Sharebeast | Filecloud

ဒါကတော့ Key = 9027EBEAF5C724F0F4F7 

Thursday, 24 January 2013

Windows8 အသုံးပြုနည်း မြန်မာလို

မင်္ဂလာပါ Windows8 ကိုအသုံးပြုနေသော သူတွေအတွက် စာအုပ်ကောင်းလေးတစ်ခုပါ။
အသုံးပြုနည်းတွေကို ပုံနှင့်တကွ သေချာရှင်းပြထားတဲ့အတွက် Windows8 အသုံးပြုသူများ ဆောင်ထားသင့်ပါတယ် လိုချင်တယ်ဆိုရင်တော့ဒေါင်းယူလိုက်ပါခင်ဗျာ
ဒီနေရာ ကိုနှိပ်၍ ဒေါင်းပါ.

ဒီအပေါ်မှာပဲဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာပါ ဖတ်နိုင်ပါတယ်
http://www.mediafire.com/view/?91rw9a0hy27e8iw

ပြောင်းဖူး seafood ဟင်းချို

ပြောင်းဖူး seafood ဟင်းချို






 ပြောင်းဖူး နဲ့  seafood stick ဟင်းချိုလေးက ချက်ရတာအင်မတန် လွယ်ကူပါတယ်။တရုတ်

အစားအစာတွေထဲမှာလဲ  နံမယ်ကြီးတဲ့  ဟင်းချိုလေးပါ။ တရုတ်စားသောက်ဆိုင် တိုင်းလိုလို ရဲ့ 

Menu မှာ ပါဝင်ပါတယ်။ seafood နဲ့ မတည့် တဲ့  သူတွေဆိုရင် ကြက်သားကို ပြုတ်ထဲ့ ပြီး seafood အစား

သုံးနိုင်ပါတယ်။ပါဝင်တဲ့ ပစ္စည်းတွေကတော့  ပြောင်းဖူး ၂ဖူး ( ဗူးနဲ့ လာတဲ့  ပြောင်းဖူးသုံးနိုင်ပါသည်)၊

seafood stick ၅ချောင်း၊ကြက်သွန်မြိတ် ၊သကြားအနည်းငယ်၊ကြက်သားမှုန့် ၊ ဆား အနည်းငယ်၊ ပြောင်း

မှုန့်  (၃ ဇွန်း) ၊ကြက်ဥ ၂ လုံးတို့  လိုအပ်ပါတယ်။





အရင်ဆုံး ရေ  ၈၅၀ မီလီလီတာ ကို ကြက်သားမှုန့်  ၁ဇွန်းထဲ့ ပြီ မီးဖို ပေါ်တွင် တည်ထားပေးပါ။ပြီးရင်

ပြောင်းဖူး ၂ ဖူးကိုလှီးပြီ Blander ထဲထည့် ကြိတ်ပေးပါ။ seafood stick နဲ့ ကြက်သွန်မြိတ်ကို ပါးပါးလှီးပေး

ထားပါ။ ကြက်ဥ နှစ်လုံးကို ခွက်တလုံးထဲ တွင် အလယ်က အနှစ်အ၀ါ ကိုဖယ် ပြီး ခလောက်ထားပေးပါ။

အိုးထဲက ရေဆူလာရင် အရင်ဆုံး  ပေါင်းဖူးနဲ့  seafood stick ကိုအရင်ထည့် ပေးပါ။ ၄- ၅မိနစ် လောက်

နေရင် ပြောင်းဖူးမှုန့် ကိုရေဖျော် ပြီးထည့် ပေးပါ။ သကြား ၁ဇွန်းထည့် ပါ။ ပြောင်းဖူးမှုန့် ကြောင့် 

အရည်လေးတွေ ခပ်ပျစ်ပျစ် လေး ဖြစ်လာပြီဆို ရင် မီးပိတ်ပြီး ကြက်ဥ ထည့် ပေးပါ။

အဆက်မပြတ် ၁ မိနစ်လောက် မွှေ ပေးပါ။ပြီးရင် အပေါ့ အငန် မြည်းကြည့် ပါ။ပေါ့ နေရင် ဆားအနည်း

ငယ်ထည့်ပေးပါ။ပြီးရင် လှီးထားသောကြက်သွန့် မြိတ်လေးတွေဖြူးပြီးသုံးဆောင်နိုင်ပါသည်။

(လူ ၄- ၆ အတွင်းသောက်သုံးနိုင်ပါသည်။)



 

ကဲမိတ်ဆွေများ လုပ်စားကြည့်လိုက်ပါအုံးနော် ကျေးဇူးတင်ချင်ရင်တော့ 
http://barbielay.blogspot.com ကိုသာကျေးဇူးတင်ပါ အဲဆိုဒ်ကနေယူလာတာပါ

ဒီပို့စ် ကို PDF အနေနဲ့ သိမ်းဆည်းလိုပါက အောက်မှာဒေါင်းလိုက်ပါဗျာ

စတော်ဘယ်ရီ ဂျယ်လီ၊ပူတင်း

စတော်ဘယ်ရီ ဂျယ်လီ၊ပူတင်း





 စတော်ဘယ်ရီလာပြန်ပြီ။အရင်တပတ်ကဘဲ စတော်ဘယ်ရီ cheese cake ။အခုစတော်ဘယ်ရီ ဂျယ်လီ၊

ပူတင်း၊ ရေခဲမုန့် ၊ကျောက်ကျော။ အဲ့ ဒီလိုခေါ် ရတဲ့  အကြောင်းရင်း က ဂျယ်လီအမှုန့် ထည့်ထားတဲ့ 

့အတွက် ဂျယ်လီနဲ့ တူသလို ကျောက်ကျောလိုလဲတုံတုံ ဖြစ်နေတယ်။ရေခဲသေတ္တာထဲ ခဏ ထည့် ထားရတဲ့ 

အတွက်ရေခဲမုန့် လို အရသာလဲ ပေါက်နေတယ်။အင်္ဂလိပ်တွေက အဲ့ ဒါကို Pudding လို့ ခေါ်တယ်။

စတော်ဘယ်ရီ တွေအခုတလော တော်တော်ကို ပေါနေတယ်။သူ့ ရာသီ ထင်တယ်။အခုတလော

နေမကောင်းဖြစ်နေတော့ ဟင်းလည်းချက်မစားနိုင်ဘူး  ။တရုတ်ဆိုင်ရယ်၊ကုလားဆိုင်ရယ်ကိုဘဲ တလှည့် စီ

အားပေးနေရတယ်။






စတော်ဘယ်ရီ ဂျယ်လီပူတင်းအတွက်လိုအပ်တာတွေက စတော်ဘယ်ရီဒိန်ချဉ် ၂၀၀ ဂရမ်။သကြား ၂ဇွန်း။

ဂျယ်လီမှုန့်  ၁ ထုတ် (ပုံထဲကဂျယ်လီ က၂ထုတ်တွဲ )၊စတော်ဘယ်ရီ အနည်းငယ်၊နွားနို့  ၁၂၀ မီလီလီတာ

ခရင်(မ်)ဘူး၁ ဘူး။ ၀မှာစိုးရင်မထည့်နဲ့   ။တခါထဲ အများကြီးစားမယ် လို့ စိတ်ကူးထားရင် ဒိန်ချဉ်တို့  နို့ တို့ 

ကိုအဆီထုတ်ထားတာ သုံး ။ဒီအတိုင်းဆို ကယ်လိုရီကတော်တော် များမဲ့ ပုံ ။



ခွက်ကတော့ ကြိုက်တဲ့ ခွက် သုံးလို့ ရပါတယ်။အပေါ်ကအချိုးအစားတွေနဲ့ ဆို ဒီဖန်ခွက်လေးနဲ့  ၃ ခွက်တိတိ

ထွက်တယ်။




စတော်ဘယ်ရီအလုံးလိုက်လေးစားချင်လို့  အရင်ထည့်ထားတာ။





အရင်ဆုံး ဂျယ်လီတထုတ်ကို ခွက်လေးထဲမှာ ရေ နွေးထည့်ပြီး လုံးဝပျော်သွားအောင် ဖျော်ပေးထားပါ။

ပြီးရင် ဒိန်ချဉ် ၊စတော်ဘယ်ရီ ၊နို့ ၊သကြား၊ဂျယ်လီရေ တွေကို ဖျော်စက်ထဲ ထည့် ပြီး ၂ မိနစ်ခန့် လှည့် ပေး

ပါ။ပြီးရင်ရေခဲသေတ္တောထဲမှာ ၁နာရီလောက်ဂျယ်လီ ဖြစ်သွားတဲ့ အထိ ထားထားပေးပြီးစားနိုင်ပါတယ်။

ကိုယ်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်ဘူး တကယ်စားလို့ ကောင်းတယ်။မနက်တခွက် ညကြမှတခွက်စားမယ်

ဆိုပြီးထားတာ ဘရိတ်မအုပ်နိုင်ဘဲ တခါထဲ ၂ခွက်တောင်စားမိသွားတယ်။ခရင်(မ်)က

ဓါတ်ပုံရိုက်ရင်လှအောင် ဆိုပြီးထည့် တာ မပါလဲရတယ်။



 
ကဲစားချင်တဲ့သူများ လုပ်စားကြပါ ကျွန်တော်ရေးထားတာတော့မဟုတ်ပါဘူး  http://barbielay.blogspot.com  မှကူးယူလာတာပါ အဆင်ပြေလို့ ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ မူရင်းလင့်ကို သွားလိုက်ပါ

  ဒီပို့စ်ကို PDF အနေနဲ့ သိမ်းထားချင်တယ်ဆိုရင် အောက်မှာ ဒေါင်းယူလိုက်ပါ