Wednesday, 11 July 2012

Mobile Phone အတွက်ရန်ကုန်လမ်းညွန်

Mobile Phone အတွက်ရန်ကုန်လမ်းညွန်


ဒီ Application ကတော့ Android OS အသုံးပြုသူတိုင်းအတွက် အသုံးဝင်မယ့် Application တစ်ခုဖြစ်ပါတယ်။ ဒီ Application မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ကုမ္ပဏီ၊ ရုံး၊ စားသောက်ဆိုင် အစရှိတာတွေကို ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။
Name ဆိုတာကိုရွေးချယ်ပြီး သင်ရှာဖွေချင်တဲ့ လုပ်ငန်းရဲ့အမည်ကိုရိုက်ထည့်ပြီး ရှာဖွေပေးနိုင်မှာဖြစ်သလို Category အောက်မှာ လုပ်ငန်းတွေကို တူရာတူရာစုပေးထားပြီး အလွယ်တကူရှာဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။ Location မှာဆိုရင် သင်ရှာဖွေလိုတဲ့နေရာကို Select မှတ်ပြီး အဲဒီနေရာမှာရှိတဲ့လုပ်ငန်းတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Important Number ဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အထင်ကရလုပ်ငန်းတွေ၊ မြို့နယ်အလိုက် ရဲစခန်းတွေရဲ့ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်

Size: 27.05 Mb
download here!

0 comments:

Post a Comment