Sunday, 15 July 2012

ပိတောက်ကြွေ…….လမ်း

ပိတောက်ကြွေ…….လမ်း

အတောမသတ်
မေ့လို ခြင်းတွေက
ရင်ခွင်ထဲ ပြိုပြိုကျလာ
ပိတောက်ဝါဝါ ပွင့်ခဲ့တာ
၄၆ ကြိမ်တောင်ပ…။

တစ်ခါတစ်ခါ
“ကိုယ်တစ်ယောက်ထဲ
ပိတောက်လမ်းဝယ်
လျှောက်စမ်းချင်ပါတယ်…“ တေးသွားနဲ့ 
အဆွေးသမားကြီး ဖြစ်လိုဖြစ်…

ကံကောင်းချင် တဲ့အခါ များမတော့
“ကိုယ်ကချစ်ရတဲ့သူ
မဖြစ်လိုပါပြီ“ ဆိုဆိုပြီး
လောကကြီးကို တိုင်တည်…

အထီးကျန်ခရီးတွေ ရှည်ရှည်လျှောက်
ကိုယ်တစ်ယောက်ထဲ
အဲဒီ့ ပိတောက်လမ်းထက်မှာလေ……။ ။

ရွှေဒါးမောင်လေးရည်

0 comments:

Post a Comment