This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, 30 April 2012

(ဧရာဝတီ ကျိန်စာ)

(ဧရာဝတီ ကျိန်စာ)

ဒီ တစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ဧရာဝတီမြစ်ကြီး အကြောင်းကို မြန်မာနိုင်ငံရဲ့ နာရေးကူညီမှုအသင်းကြီး ဥက္ကဠ ဦးကျော်သူ ရဲ့ ဟောပြောပွဲက (ဧရာဝတီကျိန်စာ) လို့ ခေါ်တဲ့ ကဗျာလေးကို သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ ကော ကိုယ့်နိုင်ငံက မြစ်တစ်စင်း ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်း နောင်လာနောက်သားတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ် သင့်ကြောင်း စည်းလုံးညီညွှတ်သင့်ကြောင်း ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝ သံယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ဖော်ကြူးထားတဲ့ ကဗျာလေးဖြစ်ကြောင်းကို ဦးကျော်သူက ဒီလိုလေး ဖော်ပြပေးသွားပါတယ်ဗျာ။ကဗျာလေးရဲ့ စာသားအဓိပ္ပာယ်လေးကို ကျွန်တော် အရမ်းကြိုက်လွန်းလို့ သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။ (ဧရာဝတီ ကျိန်စာ) ငါ….မင်းတို့ မမွေးခင်ကတည်းက ရပ်တည်လာခဲ့တဲ့ငါ
 မင်းတို့ လူမမယ် ဘ၀ကနေ ခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ငါ မင်းတို့ ပျော်ပါးကူးခတ်ဖို့  ပျော်တော်ဆက်ခဲ့တဲ့ငါ
 မင်းတို့ လျှော်ဖွတ်သန့် စင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ ငါ
 မင်းတို့ တံငါတွေ လှေယာဉ်စီးပြီး ပိုက်ချခွင့်ပြုပေးခဲ့တဲ့ ငါ မင်းတို့ ယာသမား ကိုင်းသမားတွေ စိုက်ပျိုးခွင့်ပြုပေးခဲ့တဲ့ ငါ 
 မင်းတို့ လူမျိုးစုချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလမ်းပေးခဲ့တဲ့ ငါ
 မင်းတို့ ဆေးဘက်ဝင် သစ်ဥ သစ်ဖု ပန်းမာလာတွေ ပွင့်ဖူးခွင့်ပြုပေးခဲ့တဲ့ ငါ
 မင်းတို့ ရဲ့ ဇီဝမျိုးကွဲ ယာတိရိစ္ဆာန်တွေ ကျက်စားခွင့်ပြုပေးခဲ့တဲ့ ငါ 
 မင်းတို့ ရဲ့ အဖိုးတန် သယံဇာတ ကျောက်စိမ်း ရွှေတွေ မွေးဖွားပေးခဲ့တဲ့ ငါ 
 မင်းတို့ ရဲ့ အာရှ ကမ္ဘာမှာ အကြီးဆုံး အမြင့်မြတ်ဆုံးဖြစ်ခဲ့တဲ့ ငါ ဟိုတုန်းက ငါ့ကို မင်းတို့ အိမ်ရှေ့ရေမြောင်းလောက်တောင် ဂရုမစိုက်ချင်ကြ ခုတော့..ငါ့ရဲ့ ဧရာဝတီ သွေးတွေနဲ့ မင်းတို့ ဒေ၀ဒတ်တွေ မီးလင်းဖို့ ကြိုးစားနေလေရဲ့ အတိတ်တုန်းက လုပ်သမျှ ငုံ့ ခံခဲ့တဲ့ငါ အနာဂတ်မှာ ကမ္ဘာ ကမ္ဘာ ကမ္ဘာ မကျေ ဟေ့…ဟေ့…အရိုးမတွန် ချင်တဲ့ ငါ 
 အခု ပစ္စုပ္ပန်မှာတော့ ငါ့သွေး ငါ့ဓါး ငါ့ဧရာဝနဲ့ဟေ့…. အေး..ငါဆိုတဲ့ ဧရာဝတီ သေရင် မင်းတို့ လူမျိုးပြုတ်မယ်.. မင်းတို့ တိုင်းပြည်ပျောက်မယ်…ကွ ဒါကြောင့်  ငါ ကျိန်စာတိုက်လိုက်မယ်… လူမျိုးမပျောက် တိုင်းပြည်မပျောက်ခင် မင်းတို့ ဒေ၀ဒတ်တွေ အားလုံး….. ကျော်သူ့ အကူမပါဘဲ..အရှင်လတ်လတ် မြေကြီးထဲရောက်စေသား…..။ (ဦးကျော်သူ)

ရင်လွဲသူ

အမှားတွေနဲ့ ကျင့်သားရနေတဲ့
ကျွန်တော်က..
အမှန်တရားအတွက်
အသက်ပေးဝံ့တယ်ဆိုတော့
သူတို့ ဝိုင်းရယ်ကြတယ်...

သည်းနေတဲ့ မိုးရေ
ဒီတညတော့ ...
ကျွန်တော့အတွက်နဲ့ ..
ကြယ်တွေကို လင်းလက်ခွင့်ပေးပါ  ဆိုတော့
လမင်းက လှောင်တယ်.....

ဂျစ်ကန်ကန် နှလုံးသားနဲ့
ကျွန်တော်က..
ဖွဲ့ဖွဲ့နွဲ့နွဲ့ ကဗျာတွေရေး
ချစ်ရသူ ကိုပေးမယ်ဆိုတော့
သူမ များ ပြုံးဦးမလား .....

                                       စိုင်းစိုင်း

ကြက်သွန်နီမျက်ရည်


ကြက်သွန်နီရဲ့အထဲ
ဘာရှိမလဲ...?
အသဲအမဲရှာ
နောက်ဆုံး
မျက်ရည်သာဝဲ နှပ်တွေသာရွှဲလို့ ......

ချစ်သူ ရင်ထဲ
ဘာရှိမလဲ.....?
အသဲအမဲရှာ
နောက်ဆုံး
အသဲသာကွဲ မျက်ရည်တွေသာဝဲလို့...
                                            စိုင်းစိုင်း..

pc auto shutdown လုပ်ချင်သူတွေအတွက်ပါ

PC auto shutdown 4.9 (latest version) ဖြစ်ပါတယ်.


ကဲ အရင်ကဟာက download လုပ်မရတော့ဘူးဆိုလို့ အသစ်တင်ပေးလိုက်ပါတယ်. ကွန်ပျူတာကို auto shutdown လုပ်ချင်တာ၊ auto turn on လုပ်ချင်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ်. အားလုံးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်. အထဲမှာ keygen ပါ ထည့်ပေးထားပါတယ်. keygen သုံးနည်း မသိသူများ ဆိုက်ရဲ့ ညာဖက်ခြမ်းမှာ သုံးနည်း လေးမျိုး တင်ပေးထားပါတယ်. အဲ့အထဲက keygen ဖြင့် license version ဖြစ်အောင်လုပ်နည်းကို download လုပ်ပြီးတော့ ကြည့်လိုက်ပါ.

Minus | Mediafire

Sunday, 29 April 2012

ပုံစံလှလှလေးတွေ ထားချင်သူတွေအတွက်


ဒါကတော့ desktop က folder တွေနဲ့ ဖိုင်တွေ software တွေကို ဒီဇိုင်းပြောင်းတဲ့ desktop icon ကိုပြောင်းတဲ့ software ပါ. သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကဲအားလုံးပဲ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်. အထဲမှာ ထည့်ဖို့ keygen ပါ ထည့်ပေးထားပါတယ်. လိုချင်ရင် download လုပ်လိုက်ပါ. စက်လေးခြင်းဘာခြင်း မရှိပါဘူး. ပေါ့ပေါ့ပါးပါး software ဖြစ်ပါတယ်. ကဲအောက်မှာ ယူလိုက်ကြပါ။

ifile.it | Mediafire | Minus

Saturday, 28 April 2012

Mavis Beacon Teaches Typing Platinum 20

Mavis Beacon Teaches Typing Platinum 20 (အကောင့်းဆုံး typing software)


တကမ္ဘာလုံးက typing tutor (လက်ကွက်လေ့ကျင့်သည့် software) တွေအားလုံး ထဲမှာဆိုရင် ရွှေတံဆိပ်ဆုရရှိထားတဲ့ software ဖြစ်သလို သင်တန်းတိုင်းမှာလည်းပဲ လက်လွှတ်လို့ကို မရတဲ့ လက်ကွက်လေ့ကျင့်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ software ဖြစ်ပါတယ်. အထဲမှာ ပါတဲ့ step by step တစ်ဆင့်ချင်းဆီကို လက်ကွက်ရဲ့ လက်မြန်နှုန်းထားကို လိုက်ပြီးတော့မှ ချိန်ပြီးတော့ မြင့်သွားတာဖြစ်ပါတယ်. ပြီးတော့ အဆင့်ချင်းတိုင်းဟာလည်းပဲ တကယ့်ကို စနစ်တကျနိုင်လွန်းပါတယ်. လက်ကွက်ပုံစံနှင့် လက်ထားရမည့်ပုံစံကိုပါ ပါရှိပါတယ်. Download လုပ်ချင်သူများ အောက်မှာ ယူလိုက်ပါ. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်. ကွန်ပျူတာကို typing tutor ဖြင့် စနစ်တကျ လေ့ကျင့်ထားတဲ့သူနဲ့ ကိုယ့်ဟာကို လေ့ကျင့်တဲ့သူရဲ့လက်နဲ့ မတူပါဘူး. မြန်ဆန်တာချင်းလည်း မတူပါဘူး. ကျွန်တော်နဲ့ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ graphic desinger ပိုင်းက charli ဆိုရင် လက်ညိုးနှစ်ချောင်းတည်းနဲ့ ရိုက်တာပါ. အင်္ဂလန်နိုင်ငံသားပါ။ အဲ့ဒါဟာ အပြစ်ပြောတာ မဟုတ်ပါဘူး. စနစ်တကျ မသင်ခဲ့လို့ဆိုတာကို ညွှန်းပြတာဖြစ်ပါတယ်. ဆိုက်ကတော့ 100 MB ကျော်ပဲရှိပါတယ်. ဒါပေမယ့် download လုပ်ရတာ မြန်မာပြည်က သူတွေအတွက် အဆင်မပြေမှာ စိုးတာကြောင့် 50 MB စီခွဲထားပါတယ်. 
Mediafire
Part1 | Part2 | Part3

Ifile
Part1 | Part2 | Part3

Friday, 27 April 2012

DJ..တီးချင်သူများအတွက်ပါ


    DJ တီးချင်တဲ့ သူငယ်ချင်းများအတွက်...ကလိလို့ရအောင်တင်ပေးလိုက်ပါတယ်..အထဲမှာ crack ဖိုင်ပါပါတယ်.. အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဒီမှာ ဒေါင်းလိုက်ပါ

Thursday, 26 April 2012

FONT လှလှလေးများ

FONT လှလှလေးများ









IDM 6.11 built 5

ဒါကတော့ နောက်ဆုံးထွက် internet download manager 6.11 built 5 ပါ. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ. အသုံးပြုနည်းကတော့ video file နဲ့ရှင်းပြထားပြီးသားမို့လို့ နားလည်မယ်လို့မျှော်လင့်ပါတယ်. အထဲမှာ patch ရော keygen ပါ ထည့်ပေးထားပါတယ်. အဆင်ပြေပါစေဗျာ.

Mediafire | Minus | ifile.it

အင်္ဂလိပ်မြန်မာ အဘိဓန်

english - myanmar - english Dictionary (wxPyDict)


english - myanmar , myanmar-english dictionary ပါ . နှစ်မျိုးစလုံးသုံးလို့ရပါတယ် . ctrl + shif နှိပ်ပြီးတော့ ပြောင်းသုံးနိုင်ပါတယ် . ကျွန်တော်ကတော့ သဘောကျပါတယ် . စာဖတ်ပရိတ်သတ်များ အဆင်ပြေမယ် ထင်လို့ တင်ပေးလိုက်ပါတယ် . အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ . ကဲ အောက်မှာ download လုပ်ယူလိုက်ပါ ( ကိုညီနေမင်းစီက ယူလာတာပါ မူရင်းဆိုဒ်ကတော့ www.nyinaymin.org ပါ)

Download ifile.it | Download mediafire | Download ziddu | Download zshare

IDM new

Internet Download Manager 6.10 build 2


ကဲအောက်မှာ ဖုန်းဆက်ပြီးတော့ကော မေးလ်နဲ့ပါ တောင်းထားတာတွေများလို့ လုပ်နည်းကို တစ်ခါတည်း video file နဲ့ပါ ရှင်းပေးထား ပါတယ်. အသံပါ ထည့်ပြီး ရှင်းထားတာဖြစ်လို့ နားလည် မယ်လို့ မျှော်လင့်ပါတယ်. နောက်ဆုံး ထွက် version ပါပဲ. အောက်မှာ registration လုပ်တတ် တဲ့ သူတွေ အတွက်တော့ ရှင်းပြချက်က လိုမယ်မထင်ပါဘူး. မလုပ်တတ်တဲ့သူတွေအတွက် software ကော tutorial movie ဖိုင်ကိုပါ download လုပ်ရမှာဖြစ်ပါတယ်.


internet download manager 6.10.2 Software & patch
ifile | mediafire | Minus

internet download manager 6.08.8 ကို registration လုပ်ပုံလုပ်နည်း video ဖိုင်

TrustPort USB Antivirus..

kaspersky ထက် ဈေးကြီးတဲ့ TrustPort USB Antivirus 2012 12.0.0.4860 ပါ


အခု တင်ပေးမယ့် TrustPort USB Antivirus 2012 ကတော့ online မှာ kaspersky ထက်တောင် ဈေးကြီးပါသေးတယ်. 1 PC ကို EUR 29.95 တောင် ပေးရပါတယ်. ဈေးကတော့ တော်တော်ကြီးတယ်. ကျွန်တော် ရရခြင်းကို တင်ပေးလိုက်တာပါ. ကီးဖိုင်ကို သီးသန့်တင်ပေးထားပါတယ်. software ကိုတော့ သူ့မူရင်းဆိုက်ကနေ Direct link ကနေသာ Download လုပ်လို့ရအောင် Direct link ထည့်ပေးထားပါတယ်. ဘာတွေကောင်းတယ်ဆိုတာကိုတော့ ကျွန်တော် စမ်းပြီးတော့မှ သီးသန့်တင်ပေးလိုက်ပါတယ်. ဒီလောက် ဈေးကြီးပုံပေါက်ရင်တော့ အားသာချက်တွေတော့ တော်တော်များမယ်ထင်တယ်. . သင်္ကြန်တွင်း ရဟန်းဝတ်မလို့ပါပဲ. ဒါပေမယ့် တောင်းဆိုထားတာတွေ အရမ်းများနေတဲ့အတွက် ၀ဘ်ဆိုက်ဖက်ကို ဦးစားပေးလိုက်ပါတယ်. ဒါကလဲ ကုသိုလ်ပဲမို့လို့ ဒီဖက်က အများကပေးတဲ့ ကုသိုလ်ကိုပဲ အစားထိုးပြီး ယူလိုက်ပါတယ်. ဒီနှစ်လဲ သင်္ကြန်တွင်း အပြင်ဖက်တောင် မထွက်ဖြစ်ပါဘူး. ကဲအောက်မှာ Download လုပ်လိုက်ပါဦး

Download Trustpost USB Antivirus 2012 software
Download Direct Download

Download Trustpost USB Antivirus 2012 serial number
Minus | Mediafire | ifile

Tuesday, 24 April 2012

ရွာမှ သူငယ်ချင်းများသိစေရန်

လျှပ်စစ်မရှိသည့် ဘုံလုံးအိုင်ရွာမြွေဆိပ်ဖြေဆေး မြေမြုပ်ပြီး အအေးခံရ




မြွေဆိုး ပေါများရာ ပဲခူးတိုင်း အနောက်ခြမ်း အုတ်ဖိုမြို့ နယ်နှင့် မိုးညိုမြို့ နယ်တို့တွင် မြွေကိုက်ခံရပါက အသက်ကယ် မြွေဆိပ် ဖြေဆေး ကို မိုးညိုမြို့၏ (၄) မိုင်ခန့် အကွာ ဘုံလုံးအိုင် ကျေးရွာတွင် အချိန်မရွေး ရရှိနိုင်ကြောင်း သတင်း ရရှိသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးမှာ ရန်ကုန်တွင် တလုံး (၅) သောင်းကျပ်ပေးရပြီး မြွေပွေးအဆိပ်ဖြေဆေး (၂) လုံး၊ မြွေဟောက် အဆိပ်ဖြေဆေး (၂) လုံး စုစုပေါင်း (၄) လုံးကို ဘုံလုံးအိုင် ကျေးရွာလူငယ်တို့မှ ငွေကြေးစိုက်ထုတ် ၀ယ်ယူထားကြကြောင်း၊ အဆိုပါ ဆေးတို့ကို ရေခဲဘူး (သို့မဟုတ်) ရေခဲသေတ္တာထဲ၌ နာရီမလပ် အအေးဓာတ် ပေးထားရကြောင်း ဒေသခံလူငယ်များက ရှင်းပြသည်။

မိုးညိုမြို့နယ်နှင့် အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတို့သာမက မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ် ဆေးရုံတို့သည် (၂၄) နာရီ မီးအပြည့်မရရှိခြင်းနှင့် ရေခဲဘူးထည့်ရန် ရေခဲမလွယ်ကူသည့်အပြင် မြွေဆိပ်ဖြေဆေးကို စိတ်ရှည်ရှည် စောင့်ကြည့်ပေးမည့် ၀န်ထမ်းအခက်အခဲလည်း ရှိသည်ဟု သိရသည်။

ထို့အတွက် အဆိုပါ ပြည်သူ့ဆေးရုံကြီးတို့တွင် မြွေကိုက်လူနာရောက်ရှိလာပါက ဘုံလုံးအိုင်ကျေးရွာသို့ အမြန်လွှတ်ကာ မြွေဆိပ်ဖြေဆေးကို အရေးပေါ် ယူငင်အသုံးပြုကြကြောင်း၊ လူနာရှင်တို့မှာ နောက်တနေ့ ရန်ကုန်တက်၍ မြွေဆိပ်ဖြေဆေးဝယ်ယူကာ ဘုံလုံးအိုင်ကျေးရွာသို့ အစားထိုးပြန်ပေးရကြောင်း ဒေသခံ လူငယ်များမှ ဆက်ရှင်းပြသည်။

နိုင်ငံတော်အနေဖြင့် ကြက်ဥမှ မြွေဆိပ်ဖြေဆေး ရရှိရန် စမ်းသပ်နေပြီ၊ ကုသပေးနေပြီဟု ပြည်တွင်း မီဒီယာများ၌ တခမ်းတနား ဖော်ပြနေသော်လည်း မြွေဆိုးပေါများရာ အရပ်ဒေသများ၌ လက်တွေ့တွင် အကျိုးမရှိကြောင်း ဒေသခံများက ပြောသည်။

ဘုံလုံးအိုင်ကျေးရွာသည် အိမ်ခြေ (၈၀) ခန့်သာရှိသော်လည်း လူသားစိတ်ရှိသော လူကြီးများ၊ ခေတ်အမြင်ရှိသော လူငယ်များ၏ အမြော်အမြင်ဖြင့် မြွေကိုက်လူနာများ၏အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။

ဘုံလုံးအိုင် ကျေးရွာသည် စိမ့်စမ်းပေါများသည်ကြောင့် စိမ့်ထွက်ရာ သဲမြေကို အတန်ငယ်ယက်၍ မြွေဆိပ်ဖြေဆေး ပုလင်းကို သဲတွင်းထဲသို့ အမှတ်အသားပြုထည့်ထားရကြောင်း၊ ဆေးပုလင်းများကို (၂၄) နာရီ အအေးပေးစနစ် ထားရှိနိုင်သည့် ပထ၀ီအနေအထား ရှိနေခြင်းကြောင့် မြွေကိုက်လူနာများ၏ အသက်ကို အချိန်မီကယ်တင်နိုင်ခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးတဦးက ပြောသည်။