Monday, 30 April 2012

ရင်လွဲသူ

အမှားတွေနဲ့ ကျင့်သားရနေတဲ့
ကျွန်တော်က..
အမှန်တရားအတွက်
အသက်ပေးဝံ့တယ်ဆိုတော့
သူတို့ ဝိုင်းရယ်ကြတယ်...

သည်းနေတဲ့ မိုးရေ
ဒီတညတော့ ...
ကျွန်တော့အတွက်နဲ့ ..
ကြယ်တွေကို လင်းလက်ခွင့်ပေးပါ  ဆိုတော့
လမင်းက လှောင်တယ်.....

ဂျစ်ကန်ကန် နှလုံးသားနဲ့
ကျွန်တော်က..
ဖွဲ့ဖွဲ့နွဲ့နွဲ့ ကဗျာတွေရေး
ချစ်ရသူ ကိုပေးမယ်ဆိုတော့
သူမ များ ပြုံးဦးမလား .....

                                       စိုင်းစိုင်း

0 comments:

Post a Comment