Pages - Menu

Pages

Thursday, 2 May 2013

ဝက်ခြေထောက်ချိုချဉ်မွှေး

ဝက်ခြေထောက်ချိုချဉ်မွှေး

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ ၀က်ခြေထောက်လေးကို ရှောက်ရွက်လေးအုပ် ချိုချဉ်မွှေးလေးချက်ပါတယ်။ အလုပ်သိပ်မရှုပ်ပဲ စားလို့အရသာရှိတာမို့ နှစ်သက်ကြမှာပါနော်။

ဝက်ခြေထောက် ၅၀သားကို သန့်စင် အနေတော်အတုံးလေးများတုံးပြီး ရေစင်အောင်ဆေးပါ။  ခရုဆီ စားပွဲတင်ဇွန်း ၂ဇွန်း ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်း အနောက်စားပွဲတင်ဇွန်း ၁ဇွန်း ဆားစားပွဲတင်ဇွန်းတ၀က် သကြားစားပွဲတင်ဇွန်း ၂ဇွန်းနှင့် သေချာနယ်ပြီး မိနစ် ၂၀ခန့်ထားပါ။

နယ်ထားသောဝက်သားအိုးကို မီးဖိုပေါ်တင်ပြီး မီးအေးအေးနှင့် အရည်ခမ်းသည်ထိအဖုံးပိတ်လုံးပါ။ အရည်ခမ်းလာလျှင် ရေကိုအသားမြုပ်ရုံထည့် မီးပြင်းပြင်းနှင့် မိနစ် ၃၀ ခန့်ချက်ပါ။ ရေခမ်းလာလျှင် နည်းနည်းချင်းစီထပ်ဖြည့်ပါ။ မိနစ် ၂၀ခန့်ကြာလျှင် မန်ကျည်းနှစ် စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပါ။ အသားနူးပြီးရေအသင့်အတင့်ကျန်လျှင် မီးဖိုပေါ်မှချပါ။ ငရုတ်ကောင်း ရှောက်ရွက်လေးများဖြူးပါ။ အရသာရှိလှတဲ့ ၀က်ခြေထောက် ချိုချဉ်မွှေးလေး ရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေဗျာ

လုပ်စားကြည့်ကြပါအုံးဗျာ ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်းပေါ့ စိတ်စေရာ ကိုသာ ကျေးဇူးတင်ပါ။

1 comment:

  1. ဗိုက်ဆာလာပြီဗျ

    ReplyDelete