Pages - Menu

Pages

Thursday, 16 May 2013

အင်ဥကြော်

အင်ဥကြော်

ပေါ်ဦးပေါ်ဖျား အင်ဥလေးတွေ ကြော်ထားပါတယ်နော်။ အရသာ စိမ့်စိမ့်လေးနဲ့ စားလို့အရမ်းကိုကောင်းပါတယ်။ ပေါ်စချိန် အင်ဥက အနုဆုံးမို့ ချက်ရတာလဲမြန် စားရတာလဲကောင်း။ အားပေးကြပါဦးနော်။

အင်ဥ ၅၀သားကို ရေအထပ်ထပ်စင်အောင်ဆေး ၄စိတ်စိတ်ထားပါ။ သဲတွေစင်အောင်ရေဆေးရတာတော့ အင်မတန်မှပင်ပန်းပါတယ်။း)

 
ကြက်သွန်နီ ၃ဥ
ကြက်သွန်ဖြူ ၅မွှာ
ခရမ်းချဉ်သီး ၁လုံး

ထုံးစံအတိုင်းဆီသတ်ကြော်ပါပဲ။ ဆီကိုတော့ ဟင်းခတ်ဇွန်း ၃ဇွန်းလောက်ထည့်လိုက်ပါတယ်။ အင်ဥကြော်ရင် ဆီပျောက်ပျောက်သွားလို့ ကျန်းမာရေးနဲ့ မညီညွတ်လဲ မသိချင်ယောင်ဆောင်ပြီး ဆီများများကြော် စားပလိုက်တာပဲ။ :D ကြက်သွန်နီ ခရမ်းချဉ်သီးကို အရောင်တင်မှုန့် လက်ဖက်ဇွန်း ၁ဇွန်း ဆနွင်းမှုန့် အနည်းငယ်ထည့်ဆီသတ်ပါ။ ခရမ်းချဉ်သီးနွမ်းလျှင် ကြက်သွန်ဖြူထည့် ၁မိနစ်ခန့်မွှေပါ။ အင်ဥများထည့် ၅မိနစ်ခန့်မွှေပါ။ ရေကို အင်ဥမြုပ်အောင်ထည့် မီးအနေတော်ထားပြီး အချိုအငန်ထည့်ကာ အင်ဥများနူးပြီး ဆီပြန်လာအောင်ကြော်ပါ။

အင်ဥများနူးပြီး အရသာအနေတော်ဆိုလျှင် အားလုံးနှစ်သက်မဲ့ အင်ဥကြော်လေးရပါပြီရှင်။ တချို့ကတော့ ပုဇွန်ခြောက်ထည့်ကြော်ကြပါတယ်။ ကျွန်မတော့ ပုဇွန်ခြောက်ထည့်လျှင် အင်ဥအရသာပေါ့တယ်ထင်လို့ ဒီတိုင်းလေးပဲကြော်စားပါတယ်။ ချစ်မိတ်ဆွေများအားလုံးပဲ နှစ်သက်ကြပါစေနော်။
ကဲမိတ်ဆွေတို့ ချက်စားလိုက်ကြပါအုံးဗျာ.. ကျွန်တော်တော့ တစ်ခါစားဖူးတယ် စားလို့အင်မတန်ကောင်းပါတယ်
 ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ စိတ်စေရာကိုသာ ကျေးဇူးတင်လိုက်ပါ
 PDF အနေနဲ့လိုချင်ရင် ဒီမှာ ဒေါင်း.ယူလိုက်ပါဗျာ
စိတ်စေရာသို့>>>>

No comments:

Post a Comment