This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, 30 April 2013

မြန်မာလို 3D စာလုံးရေးမယ်..

သူငယ်ချင်းအားလုံးမင်္ဂလာပါဗျာကျနော်အခုတင်ပေးတာလေးကတော့အား
လုံးလည်းသိပြီးဖြစ်မှာပါမြန်မာလို3Dစာလုံးလေးတွေရေးတဲ့နည်းလေးပါ
မသိသေးမလုပ်တတ်သေးတဲ့သူငယ်ချင်းတို့အတွက်ကျနော်ရေးပြီးတင်ပေးလိုက်ပါတယ်
လုပ်ကြည့်ချင်တယ်ဆိုရင်အောက်မှာဆော့ဝဲလ်အရင်ဒေါင်းလိုက်ဗျာ
ဘုရားမှာကွန်နရှင်ကောင်းအောင်ဆုတောင်းလိုက်အုံးနော်
ကဲဆော့ဝဲလေးဒေါင်းလို့ရပြီဆိုရင်တော့ install လုပ်လိုက်ပါ လွယ်လေးမို့
installလုပ်တာတော့ပြောတော့ဘူးနော် ဆော့ဝဲလ်လေးinstallလုပ်ပြီးပြီဆိုရင်စလို့ရပါပြီဗျာ
ဒါလေးနှစ်ခုကတော့ဆော့ဝဲလ်လေးပါ ဘယ်နေမှာဒေါင်းဒေါင်းအတူတူပါပဲ
အပေါ်ကဟာအရင်ဒေါင်းကြည့်လိုက်ပါသူကတော့ဒါတိုက်ဒေါင်းဖို့လုပ်ထားပါတယ်

                               ဒီမှာဒေါင်းယူပါ




(၁ )ဆော့ဝဲလ်လေးကို

ဒတ်စတော့ပေါ်မှာကြည့်လိုက်ပါပြီးရင် အဲဒါလေးအရင်ဖွင့်လိုက်ပါ
ဖွင့်လိုက်ရင်အောက်မှာမြင်ရတဲ့အတိုင်း BOX လေးပေါ်လာပါမယ်အဲBOX လေးပေါ်လာရင်
register လုပ်ရပါ့မယ် ..registerလုပ်ဖို့အတွက်
မျှားပြထားတဲ့အကွက်လေးထဲမှာဒီcode လေးကူးထည့်လိုက်ပါ( X3D-9101-2462-1422 )
ပြီးရင်အောက်မှာမြင်ရတဲ့ Run xara3D ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
အခုထည့်ပေးလိုက်တဲ့code တွေမရခဲ့ရင်ဆော့ဝဲလ်ဖိုင်ထဲမှာရှာကြည့်လိုက်ပါရှိပါတယ်


(၂)
ဒီလိုBOX လေးထက်ပေါ်လာပါ့မယ် အဲဒါဆိုရင် register now မှာကလစ်နှိပ်လိုက်ပါ
ဒါဆိုရင်ဒီအပိုင်းတော့ပြီးပါပြီခင်ဗျာ စာေ၇းဖို့အောက်မှာဆက်ကြည့်လိုက်ပါ


(၃) 
ကဲစာရေးလို့ရပါပြီဗျာ
အနီရောင်နဲ့ကွက်ပြထားတဲ့နေရာမှာကလစ်နှိပ်ပြီး အလည်မှာမြင်နေရတဲ့စာတွေကိုဖျက်လိုက်ပါ



(၄)
ဒီရေရာက်ရင်တော့မြန်မာဖေါင့်ပြောင်းရပါတော့မယ် zaw gyi ဖေါင့်တော့မရဘူးဗျာzaw gyi
ကလွဲရင်ကြံတာတွေရပါတယ် ဟိုအေက်မှာပေးထားပါတယ်ဗျာ
ဒေါင်းလိုက်ပါ မိမိစက်ထဲမှာလည်းရှိပြီးဖြစ်နိုင်ပါတယ်
ဖေါင့်လှလှလေးတွေပါမရှိသေးရင်အားလုံးဒေါင်းပြီး
install လုပ်လိုက်ပါဖေါင့်ပြောင်းဖို့စမယ်

အနီရောင်နဲ့ပြထားတဲ့ရောမှာကလစ်လုပ်လိုက်ပါပြီးရင်ဖေါင့်တွေပေါ်လာပါ့မယ်
မိမိကြိုက်တဲ့ဖေါင့်ကိုရွေးလိုက်ပါဖေါင့်ပြောင်းပြီးရင်စာရေးကြည့်လိုက်ပါ

shift+ ctrl ပြောင်းပြီးမရိုက်နဲ့နော်
english ဖေါင့်ရိုက်သလိုရိုက်လိုက်ပါ

(၅)
စာတွေရေးပြီရင်တော့ဒီအဆင့်မှာ စာလုံးအကြီးသေးရွေးလိုက်ပါ
မိမိကြိုက်တဲ့အနေအထားမှာထားလိုက်ပါ

(၆)
ဒီအဆင့်ကတော့စာတွေဟာရေးပြီးရင်ပူးကတ်နေမှာနော်
အဲဒါကို
အောက်မှာပြထားတဲ့နေရာမှာမိမိကြိုက်တဲ့အနေအထားလောက်လိုက်ပါ
အပြာရောင်နဲ့ပြထားတဲ့နေရာလေးနှစ်ခုမှာတော့စာလုံးလေးတွေ
အစောင်းအလှည့်လုပ်တာပါ မိမိကြိုက်သလိုဆွဲညှိလိုက်ပါ

(၇)
ဒီအဆင့်ကတော့စာလုံးလေးတွေအရောင်ထည့်မှာပါအနီရောင်ပြာထားတဲ့color
options ကလစ်နှိပ်လိုက်ပါပြီးရင် color Box ပေါ်လာပါ့မယ် မိမိကြိုက်တဲ့အရောင်ပြာင်းလိုက်ပါ
အပြာရောင်ပြထားတဲ့နေရာမှာတော့ Text မှာပဲထားလိုက်ပါ

(၈)
ဒီအဆင့်ကတော့ ရေးထားတဲ့စာလေးတွေကို ရွစိရွစိ လှုပ်လှုပ် ရွရွ လုပ်ဖို့ပါ
ကဲရွစိရွစိလေးလုပ်ဖို့အောက်မှာကြည့်လိုက်ပါအနီရောင်နဲ့ပြထားတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ
ပြီးရင်အပြာရောင်နဲ့ပြထားတဲ့နေရာမှထက်ကလစ်လုပ်လိုက်ပါ

(၉)
ဒီရောက်ရင်တော့အပေါ်ပြောခဲ့တဲ့အပြာရောင်ပြထားတဲ့နေရာမှာကလစ်လုပ်လိုက်ရင်
အခုလိုBox လေးထက်ပေါ်လာပါ့မယ် ဒါဆိုရင်ကြည့်လိုက်ပါ
အပြာကြီးကွင်းပြထားတဲ့အထဲကနေမိမိကြိုက်တဲ့နေရာမှာကလစ်လုပ်ကြည့်လိုက်
ပါပြီးရင်အဲအောက်မှာကြည့်လိုက်ပါရေးထားတဲ့စာလုံးလေးတွေရွစိရွစိနဲ့တွေရပါ့
မယ် ရွစိရွစိလေးလုပ်တာပြီးရင် open မှာကလစ်နှိပ်လိုက်ပါ

(၁၀)

ကဲဒီရောက်ရင်တော့(save)သိမ်းပါတာ့မယ်မိမိရေးထားတဲ့စာစိတ်တိုင်းကြပြီလားကြည့်ပါ
စိတ်တိုင်းကြပြီဆိုရင်တော့အနီရောင်ကွက်ပြထားတဲ့နေရာမှာကလစ်နှိပ်လိုက်ပါ

(၁၁)ဒီရောက်လာရင် file name
မှာမိမိကြိုက်တဲ့နာမည်တစ်ခုရေးလိုက်ပါပြီးရင်
အနီရောင်ပြထားတဲ့နေရာမှာ GIF(*gif) ကိုထားပါ ပြီးရင် save
မှာကလစ်နှိပ်လိုက်ပါ

(၁၂)
ဒီရောက်လာပြီဆိုရင် save
မှာထက်ကလစ်နှိပ်ပြီးသိမ်းလိုက်ပါ

ပြီးရင်မိမိစက်ထဲပြန်ရှာကြည့်လိုက်ပါ..ပြီးပါပြီ


အာကာမိုးနိုင်မှ ကူးယူဖေါ်ပြသည်။

ဒါလေးနှစ်ခုကတော့မြန်မာဖေါင့်လှလှလေးတွေပါ ဒေါင်းယူဖို့ပါ
မြန်မာဖေါင့်အလန်းများ
 

AVS Audio Editor V7.0.1.417 ဖြစ်ပါတယ်

AVS Audio Editor v7.0.1.417 

မင်္ဂလာပါ ခင်ဗျာ ကျွန်တော် ဒီဆော့ဝဲလ်လေးကတော့ သူငယ်ချင်းတစ်ယောက်တောင်းဆိုထားတဲ့
AVS Audio Editor လေးပဲဖြစ်ပါတယ် ဒီကောင်လေးရဲ့ အသုံးဝင်ပုံကတော့ Audio တွေကို
Cut, Join, Trim, Mix, Delete parts, Split Audio Files  etc... စတွင်အပြင် Various effect and Filters တွေလည်းပါပါသေးတယ်.. လိုအပ်တဲ့သူများရှိရင် အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ patch ဖိုင်ပါထည့်ပေးထားပါတယ် အားလုံးအဆင်ပြေကြပါစေဗျာ...



Sunday, 28 April 2013

ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း

ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း Sunday, April 28, 2013  တကယ် အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့ များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေး လည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။  တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်း တွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှု ပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင် များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်း စနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင် လောက်တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။  ၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။ http://www.nch.com.au/tonegen/index.html  ၂။ ပြီးတော့ tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်း မကြီးတဲ့ အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)  ၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ် ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြု ရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။  ၄။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့် နိုင်ပါတယ်။  ၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။  ၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။  ၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါ တယ်။ ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ် အနည်း ငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။  ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။ီDolllay 99 /Today Myanmar  ZinYawNews
ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း
  တကယ် အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့ များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေး လည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်း တွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှု ပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင် များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်း စနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင် လောက်တဲ့ အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။
http://www.nch.com.au/tonegen/index.html

၂။ ပြီးတော့ tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်း မကြီးတဲ့ အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ် ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြု ရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့် နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါ တယ်။
ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ် အနည်း ငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။

ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။
Dolllay 99 /Today Myanmar

ZinYawNews

Thursday, 25 April 2013

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်  ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ် ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှတဆင့်  အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ် လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။  ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင် ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။  မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။  အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါး အဖြစ် အသုံးပြုပုံ များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။  (၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။  (၂)သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွား အခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်း သွားပါမည်။  (၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)  (၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။  (၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။  ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။  (၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။  (၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။  (၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။  (၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။  (၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။  (၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။  (၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။  (၁၃) အရေပြားအနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။  ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။  (၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက် ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။  (၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။  (၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။  (၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။  (၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။  (၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။  (၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။  (၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။  (၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက် ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။  (၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။  (၂၄)အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။  (၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။  (၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။  (၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။  (၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။  (၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။  (၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။  (၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။  (၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။  (၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။  (၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။  (၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။  (၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။  (၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။  (၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။  (၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက် ရောဂါများကိုပါ ပျောက်ကင်း စေပါသည်။  (၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်း များကိုပင် ပျောက်ကင်းစေ၏။  ပင်စိမ်း၏ ဂုဟ်အစွမ်း အကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်

ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ် ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။
စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှတဆင့်

အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ် လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင် ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါး အဖြစ် အသုံးပြုပုံ များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။

(၂)သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွား အခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်း သွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။

ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။

ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက် ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက် ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။

(၂၄)အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက် ရောဂါများကိုပါ ပျောက်ကင်း စေပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်း များကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်း အကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

CAMTASIA studio 8 full version offline installer



CAMTASIA studio 8 full version  offline installer+Serial Key

မင်္ဂလာပါခင်ဗျာ ကျွန်တော်အခု တင်ပေးမည့်ဆော့ဝဲလ်လေးကတော့ Camtasia Studio Screen recording 
နဲ့  video editing လုပ်တဲ့ဆော့ဝဲလ်လေးပါဖြစ်ပါတယ် ဖိုင်ဆိုဒ်ကတော့ ၂၀၀ MB ကျော်ရှိပါတယ်
လိုအပ်မယ်ဆိုရင် အောက်မှာဒေါင်းယူလိုက်ပါ  Key ပါထည့်ပေးထားပါတယ် တစ်ခုတော့မှာပါရစေ
ဒီဆော့ဝဲလ်လေးကို install လုပ်မယ်ဆိုရင် အင်တာနက် ပိတ်ထားဖို့တော့ လိုအပ်ပါတယ်ခင်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ ဒီကောင်လေးရဲ့ Features တွေကိုတော့ အောက်မှာဖတ်ကြည့်လိုက်ပါ

New Features in Camtasia studio 8
TechSmith Smart Player: Produce high-quality, easy-to-share videos that your viewers can watch anytime, on nearly any device.
The TechSmith Smart Player is intuitive and detects if your viewer's device or browser supports Flash.
If their device or browser doesn't support Flash, the TechSmith Smart Player will playback the content using HTML5 - helping ensure that your videos will play.
 Upload the videos you make in Camtasia Studio to our free hosting site, Screencast.com, and easily share the link or embed it in your blog.
The TechSmith Smart Player also helps you engage with your viewers by supporting interactive elements of your videos like hotspots or quizzes.

Improved Quizzing: Assess understanding of your content.
Discover if your viewers are watching and learning from your content by adding quizzes to your videos.
 With help from the TechSmith Smart Player, quizzing supports both Flash and HTML5,
which allows quizzes to now be taken on iPads,Android tablets, and most Android smart phones.
Quiz results are sent automatically to your email and let you know how much of your video was watched by the viewer.
 Plus, it does the grading for you.

Multi-track Timeline: Unleash your creativity. Construct more interactive and engaging videos faster with multiple video and audio tracks.
 The ability to easily manipulate items on the canvas helps you create professional quality videos, while encouraging you to use your creativity.
Stack different media elements on top of each other, and group content together for cool effects that you can save and reuse.

Enhanced Asset Library: Create sharp, design savvy videos. Intrigue your audience by adding a variety of new music tracks, callouts, buttons, banners, and motion backgrounds to your videos with drag-and-drop ease.
 Designed with assets that work together, the wide selection of themes help your videos look more professional - while you look like a design genius.

Animate Callouts: Captivate your audience. Grab your audience's attention and keep it with animated content that helps guide them through your video.
Easily add an animation to callouts, images, videos, and more. By animating content, you can highlight important parts of your videos and make your production more appealing.

World-class Screen Recording Technology: Record high-quality videos faster with Camtasia Studio's advanced screen recorder.
Whether you're recording HD video, a game, or animated content, you'll get smooth playback - that's blazing fast, too.





ဆော့ဝဲလ်ဒေါင်းရန်နှိပ်ပါ
                                                                  KEY ဒေါင်းရန်နှိပ်ပါ




  


Saturday, 20 April 2013

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်

ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံး သဘာဝ ဆေးတစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ်

ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမိုပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်မှုက ၁၂ ဆ ပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမို ပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ် ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်းကြောင်းရှိ Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်လည်း တခြား အစားအသောက်တွေ နေရာမှာ အစားထိုးစားသင့်တဲ့ အစာပဲ ဖြစ်ပါတယ်။

(၄) သွေးဖိအားကို ထိန်းပေးပါတယ်

သွေးတိုးနေသူတွေမှာ ကန်စွန်းရွက်ကို စားပေးရင် သွေးဖိအား လျော့ကျစေပါတယ်။ ကန်စွန်းရွက်ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်

ကန်စွန်းရွက်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရပ်ကျပ်ရောဂါ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန် ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြား ပါဝင်ကာ အဆိပ်တား အာနိသင်၊ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်

ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် အင်ဆူလင်လို အာနိသင်လည်း ရှိကာ ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေး အနေနဲ့ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ်

ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှားတာကြောင့် အော့အန်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့-

- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။

- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။

- ဗောက်ထတာနဲ့ အရေပြား ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။

- အနာတွေကို သက်သာစေပါတယ်။

- နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ကြယ်စင်
Ref: Good Health

Adobe Photoshop CS6 Portable

Adobe Photoshop CS6 Portable


Adobe Photoshop CS6 Portable လေးပါ ... Portable ဆိုတော့ Run စရာမလိုပဲ ကိုယ်လိုတဲ့ အချိန်မှ သာ ထုတ်သုံးရတဲ့ အတွက် အဆင်ပိုပြေပါတယ် .. ပြီးတော့ ဆိုဒ်အနေနဲ့ ကတော့ အရင်က 400 ကျော် 500 mb လောက် ဒေါင်းရတာကို အခု 100 mb ကျော်ကျော်လောက်ကလေးနဲ့ အသာလေး ဒေါင်းပြီး တော့ သုံးရုံပါပဲ ... 32 Bit နဲ့ 64 Bit အတွက် နှစ်မျိုးလုံးကို တင်ပေးထားလိုက်ပါတယ်... ကျွန်တော်စမ်းကြည့်တာတော့ နှစ်ခုလုံး အဆင်ပြေပါတယ် ..... ထွက်တာကတော့ကြာနေပါပီ ... ဒေါင်းရတာ ကြာမှာစိုးလို့ မသုံးပဲ နေသူများ အတွက် တင်ပေးလိုက်ပါတယ် ... အောက်မှာ dropbox ကနေပဲ တင်ပေးလိုက်ပါတယ် ... Amazon ကနေတော့ ကျွန်တော် နောက် အဆင်ပြေတဲ့ အချိန်မှာ ထပ်ပြီးတော့ တင်ပေးလိုက်ပါမယ်ခင်ဗျာ ... ကဲ .. ပုံတွေ ကို ရွိုင်း ချင်သူများ  ကလိချင်သူများ ဒေါင်းနိုင်ပါပြီ ခင်ဗျာ .... အသုံးပြုနည်းကတော့ အခု တင်ပေးလိုက်တဲ့ ဖိုင်ကို double click ပေးလိုက်ပါ .. ပြီးရင် next => browse မှာတော့ ကိုယ် သွင်းချင်တဲ့ နေရာလေးကို ရွေးပေးပါ .. ရွေးပြီး ရင် Install လုပ်လိုက်ပါ ... ဥပမာ desktop ကို ရွေးပေးတယ်ဆိုရင် desktop ပေါ်မှာ PhotoshopPortable ဆိုပြီးတော့ ဖိုင်လေး နဲ့ပေါ်လာပါလိမ့်မယ် .. အဲ့ဒီ့ ကနေပြီးတော့ သုံးလိုက်ပါ ... အဆင်ပြေ ပါတယ် .....

Photoshop_Portable_13.0.1.1_Multilingual.exe

Photoshop_Portable_13.0.1.1_x64_Multilingual.exe


အားလုံး ပဲ အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင် စီကနေမလာတာလေးပါ အဆင်ပြေပါစေဗျာ..

Hard Drive ထဲက Data တွေ ဘယ်လိုသေသေချာချာဖျက်ရမလဲ။

Hard Drive ထဲက Data တွေ ဘယ်လိုသေသေချာချာဖျက်ရမလဲ

Hard drive ထဲက data တွေကို ကျွန်တော်တို့က Delete ဆိုပြီးတော့ နှိပ်ပြီးဖျက်ကြတယ် တချို့ကျတော့
လဲ Quick Format ဆိုပြီးတော့ ဖျတ်တက်ကြတယ်။ ဒါပေမဲ့ ဒီ Data တွေက တကယ်မပျောက်သွားပါဘူး
Hard drive (HDD) တွေက ကျွန်တော်တို့ သိတဲ့အတိုင်း အထဲမှာ အောက်ကပုံမှာ မြင်တဲ့အတိုင်း

Disk လေးကလည်နေပြီး လက်တန်လေးတခုက ပေါ်ကနေ Data တွေဖတ်ပြီးတော့ ကွန်ပျုတာကို
ပြန်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် HDD တွေက SSD တွေထက် နည်းပြီး size တွေက ကြီးနေတာ ဖြစ်တယ်။ ဒီလိုဘဲ တချို့ Data တွေကို ရိုးရိုးနည်းနဲ့ Delete, quick format တွေလုပ်ခြင်း
ဖြင့် Hard drive ထဲမှာ ဖွင့်ကြည်လိုက်ရင် data တွေမရှိတော့ဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့
ဒီ လည်ပတ်နေတဲ့ Disk ရဲ့ ဒေါင့်တနေရာမှာ ရှိနေသေးပါတယ်။ Delete, quick format လုပ်ခြင်းက
သူရဲ့ Disk မှာရှိတဲ့ File တွေကို နာမည်ပြောင်းပေးလိုက်တာသာ ဖြစ်ပြီး Recovery လုပ်ရင်ရနိုင်ပါ
 သေးတယ်။ ဒီလိုဘဲ ကျွန်တော်တို့ သူများကို ကိုယ့်ကွန်ပျုတာ ပေးလိုက်တာတို့၊ ရောင်းလိုက်တာ
တို့ လုပ်တဲ့အခါမှာ သေသေချာချာ Software တွေနဲ့ data တွေကို မဖျတ်တဲ့အခါ သူတို့က Recovery
လုပ်ပြီး ကိုယ့်ရဲ့ ကွန်ပျုတာထဲမှာ ရှိတဲ့ အချက်အလက်တွေကို ယူသွားနိုင်ပါတယ်။ တခါတလေမှာ
Data က ကွန်ပျုတာထက် အဆမတန် တန်ဖိုးရှိပါတယ် အထူးသဖြင့် bank information, company
information, family information တွေကို သူများတွေ recovery လုပ်ပြီးရသွားနိုင်ပါတယ်။
ဒါကြောင့် အထူးသဖြင့် Company တွေမှာ ဆိုရင် ကွန်ပျုတာကို သူများတွေကို ပေးလိုက်ပေမဲ့ သူတို့
hard drive တွေကို မီးရှို, ထုခွဲ လိုက်တာတွေ့ရတယ်။ ဒါပေမဲ့ အခုတော့ software တွေရှိပါပြီး
ဒါပေမဲ့ ဒီ Software ကို အသုံးမပြုခင် ကိုယ်လိုအပ်မဲ့ Data တွေကို တော့ Backup လုပ်ထားပါ။
အောက်ပါ Software တွေက ကိုယ့်ရဲ့ Data တွေကို သေသေချာချာ Delete လုပ်ဖို့ အကောင်းမွန်
ဆုံး Software လေးတွေဖြစ်ပါတယ်။ 

Eraser
http://www.pcworld.com/product/946563/eraser.html

Roadkil's disk wipe

http://www.pcworld.com/product/1196693/roadkil-s-disk-wipe.html

Parted Magic
http://www.pcworld.com/product/949338/parted-magic.html


SBSangpi (စံပီး)

Thursday, 18 April 2013

Auto PowerOn and ShutDown 2.80

Auto PowerOn and ShutDown 2.80

ဒါကတော့ ကွန်ပျူတာကို နှိုးစက်အဖြစ်သုံးမယ်၊ ပြီးတော့ အချိန်တစ်ခု သတ်မှတ်ပြီး auto shutdown လုပ်မယ် အလိုလျှောက် ပွင့်လာအောင် Auto power on လုပ်မယ် စသဖြင့် လုပ်လို့ရပါတယ်။ ကွန်ပျူတာမှာ အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ပေးယုံပါပဲ။ အရင်ကလည်း ရေးပေးထားပြီးသားပါ။ ဘယ်လို အချိန်မျိုးမှာ သုံးကြသလဲဆိုရင် ကွန်ပျူတာကို Download လုပ်ထားတယ် ဆိုပါတော့ ပြီးဖို့အတွက် တစ်နာရီလောက်လို သေးတယ်။ ကိုက မစောင့်နိုင်တော့ဘူး အိပ်ချင်ပြီ။ ကွန်ပျူတာကြီးလည်း ဖွင့်မထားချင်ဘူး ဆိုတဲ့အချိန်မျိုး ကိုက video ကြည့်နေတယ် အိပ်လည်းအိပ်ချင်တယ်။ video ကလည်း ကြည့်ချင်တယ်။ ဒါပေမယ့် အိပ်ပျော်သွားရင် ကွန်ပျူတာ မပိတ်မိမှာကို ပူပန်တတ်တဲ့အချိန်မျိုးမှာ ဒီ software အကူအညီနဲ့ ကွန်ပျူတာကို auto shutdown လုပ်လို့ရပါတယ်။ gadget လည်း တင်ပေးဖူးပါတယ်။ ဒါပေမယ့် gadget မှာ auto power on မပါပါဘူး။ ကွန်ပျူတာကို ပိတ်ခိုင်းတာပဲ ပါတယ်။ ပြန်ဖွင့်ခိုင်းတာ မပါဘူး။ ဒါကတော့ နောက်ထွက်တဲ့ version ပါ window 7, 8 နှစ်ခုစလုံးနှင့် အဆင်ပြေပါတယ်။ လိုချင်ရင် အောက်ကလင့်ကနေ Download လုပ်ယူလိုက်ပါ။
အဆင်ပြေကြပါစေဗျာ

Aiseesoft Audio converter v6.2.5.2

Aiseesoft Audio converter v6.2.5.2

ဒါကတော့ VIDEO ဖိုင်တွေ ရုပ်သံဖိုင်တွေကနေ အသံတစ်ခုရလာဖို့၊ Dvd အခွေလုပ်ဖို့၊ website တင်ဖို့ vcd အခွေလုပ်ဖို့ စသဖြင့် ပြောင်းလဲပေးတဲ့ converter ဖြစ်ပါတယ်။ အောက်စက် အမျိုးအစားတွေ အတွက် NTSC, PAL,system နှစ်မျိုးထဲက ကြိုက်တာကို ပြောင်းလဲပေးနိုင်ပါတယ်။

Support Input File Formats: (လက်ခံသည့် video ဖိုင်များ)
Video: MPG, MPEG, MPEG 2, VOB, DAT, MP4, M4V, TS, RM, RMVB, WMV, ASF, MKV, AVI, 3GP, 3G2, FLV, SWF, MPV, MOD, TOD, QT, MOV, DV, DIF, MJPG, MJPEG
Audio: MP3, MP2, AAC, AC3, WAV, WMA, M4A, RM, RAM, OGG, AU, AIF, AIFF, APE, FLAC, HD Video: HD TS, HD MTS, HD M2TS, HD MPG, HD MPEG, HD MP4, HD WMV, QuickTime HD MOV, HD H.264, HD RM

Support Output File Formats: (ပြောင်းလဲပေးမည့် format အမျိုးအစားများ)
Video: MPEG-4, H.264/MPEG-4 AVC, MOV, M4V, AVI, DivX, XviD, ASF, WMV, MPEG-1, MPEG-2, 3GP, 3GPP, MKV, FLV, SWF, VOB, DV, Super VCD(NTSC, PAL, SECAM), VCD(NTSC, PAL, SECAM) , DVD(NTSC, PAL, SECAM)
Audio: AAC, AC3, AIFF, AMR, AU, FLAC, MP3, M4V, MP2, OGG, WAV, WMA
HD Video: HD H.264, HD AVI, HD MPG, HD TS, HD WMV, HD MPEG 4, HD MOV, HD ASF
အဆင်ပြေကြပါစေဗျာ

Wednesday, 17 April 2013

Download free regclean pro 6.2 latest version&Serial key

Download free regclean pro 6.2 latest version&Serial key 

 
 
Registry cleaner လေးပါ serial ပါပေးထားပါတယ် လိုအပ်မယ်ဆိုရင် အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါခင်ဗျာ
   
 
 
ကီးလေးကတော့ ဒီမှာပါ
( 00ZNXX-FA684X-21PQZQ-41H89P )
အားလုံးပဲ အဆင်ပြေကြပါစေဗျာ... 

Delete administrator Password" without any software

Delete administrator Password" without any software

administrator Password ဖျက်တဲ့ နည်းလမ်းလေးတွေပါ ကျွန်တော်တော့ မလုပ်ဖူးပါဘူး
လိုရမယ်ရ တွေ့တာလေးတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ

Boot up with DOS and delete the sam.exe and sam.log files from Windows\system32\config in your hard drive. Now when you boot up in NT the password on your built-in administrator account which will be blank (i.e No password). This solution works only if your hard drive is FAT kind.

Method 2

Step
1. Put your hard disk of your computer in any other pc .Step 2. Boot that computer and use your hard disk as a secondary hard disk (D'nt boot as primary hard disk ).Step 3. Then open that drive in which the victim’s window(or your window) is installed.Step 4. Go to location windows->system32->configStep 5. And delete SAM.exe and SAM.log
Step 6. Now remove hard disk and put in your computer.
Step 7. And boot your computer :-)
done...

Download free Subway Surfers for PC/Computer Version

Download free Subway Surfers for PC/Computer Version

 
နာမည်ကြီးပြီး လူတော်တော်များများ အိုင်ဖုန်း နှင့် Android တော်တော်များမှာ
ကစားကြတဲ့ ဂိမ်းလေးပါ ဒါကတော့ computer Version ပါ အပျင်းပြေကစားချင်သူများ
အောက်မှာ ဒေါင်းယူလိုက်ပါဗျာ
Download free Subway Surfers for PC/Computer Version
Subway Surfers is very amazing Android game we all know that.Many people want to play this game on their computers and laptops.Today I am going to tell you how to download subway surfers for pc. By doing the exact what I am about to explain, you will be able to play subway surfers on your PC or computer. Well, subways surfers is one of the best games for Android 4.0, it is a funny and addictive game. The concept of subway surfers is same as of Temple run.Today i will share pc version of subway surfers with you.
You can play this game on your desktops and laptops.Pc version of subway Surfers have been released and today i am going to share Subway Surfers with you of PC version..I also love this game 
very much as it is much attractive and awesome.It has alot of new features.Download this game now 
and help Jack to escape.

  
  

Password = technozonic.com  
မသိမှာစိုးလို့ ဒါလေးပါပြောပြလိုက်ပါတယ် SKIP AD ကိုနှိပ်ပြီးတော့မှ ဒေါင်းလုတ် လုပ်ရမည့် 
လင့်နေရာကို ရောက်တာပါ

Download free latest Avast Antivirus 8.0 Serial Key 2013








 
Avast Free Antivirus 8.0 နောက်ဆုံးဗားရှင်းလေးပါ ကီးပါပေးထားပါတယ်
လိုအပ်တဲ့သူမျညားရှိရင် ဒေါင်းယူလိုက်ပါခင်ဗျာ Install လုပ်နေစဉ်အချိန်းအတွင်းမှာ
အင်တာနက်ပိတ်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ
 








 free Avast Antivirus 8.0 offline installer ဒေါင်းရန်  

ဒါလေးကတော့  Serial လေးပါဗျာ ဒေါင်းရန်

Microsoft Office 2010 Professional+Crack

မင်္ဂလာပါခင်ဗျာ
Microsoft Office 2010 Professional လေးကိုတင်ပေးလိုက်ပါတယ်
ဖိုင်ဆိုဒ်ကတော့ နဲနဲလေးကြီးပါတယ် လိုချင်တဲ့သူများရှိရင် အောက်မှာစိတ်ရှည်ရှည်ထားပြီးတော့
 ဒေါင်းယူလိုက်ပါဗျာ အဆင်ပြေကြပါစေ..
Microsoft Office 2010 Professional Plus (FULL VERSION)
 
 
 
Microsoft Office 2010 Professional Plus (FULL VERSION)

 

Microsoft Office 2010 Professional Plus 64 Bit ဒေါင်းရန်  



Microsoft Office 2010 Professional Plus 32 Bit ဒေါင်းရန်  


ဒါကတော့ Serial Key ပါ။။ (VTM6G-YPQ9Q-BVYJQ-37RYH-R4X38)

အားလုံးအဆင်ပြေကြပါစေဗျာ...

 




Software မပါပဲ pdf ဖိုင်ပြောင်းနည်း




မင်္ဂလာပါဗျာ
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..



ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ  ပုံလေး  ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး  Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..


အပေါ်ကရေးပြထားတာတွေက ပုံတွေအတွက်ပါ.. PDF စာအုပ်တွေရေးချင်တယ်ဆိုရင်တော့ shape တွေ
ရွေးစရာမလိုပါဘူး Microsoft Word ကိုဖွင့်ပြီးတော့ မိမိရေးချင်တဲ့ စာတွေကိုရေး... ကိုယ်သိမ်းဆည်းထားချင်တဲ့ 
စာတွေကို select မှတ်ပြီးတော့ copy ကူးပါ.. ပြီးရင် Word page မှာ paste လုပ်ပါ.. ပြီးရင် Pdf အဖြစ်ထုတ်ယူတဲ့ပုံစံကတော့ အပေါ်ကအတိုင်းပါပဲ.. အားလုံးအတူတူပါပဲ.. Microsoft Office 2010 မရှိတဲ့သူတွေအတွက် ကျွန်တော်နောက်နေ့ကျရင် တင်ပေးပါ့မယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ..

စာအချို့နှင့် ပုံများကို  အိုင်တီမုဆိုး မှကူးယူဖော်ပြပါသည်...။။။