Pages - Menu

Pages

Thursday, 21 February 2013

ပိန္နဲသီးဆူးပုတ်ချက်

ပိန္နဲသီးဆူးပုတ်ချက်

ဒါလေးကတော့ blog စစရေးချင်းတုန်းက တင်ဖူးတဲ့ဟင်းလေးပါ။ ခုလဲပိန္နဲသီး နုနုလေးတွေတွေ့လို့ blog လေးတောင် ၁ နှစ်ပြည့်တော့မယ် တွေးမိတာနဲ့ အမှတ်တရပြန်ချက်ပါတယ်။ အရင် post မှာတော့ ပိန္နဲသီးကို မဆလာနဲ့ ဆီပြန်လေးချက်ပါတယ်။ ပိန္နဲသီးကွင်းလေးတွေဝယ်ရင်းနဲ့ ဈေးသည်က ဆူးပုတ်ရွက်ခတ်ပြီးစားရင် တအားကောင်းတယ် အကြံပေးလို့ ဆူးပုတ်ရွက်လေးတွေပါဝယ် ခတ်ကြည့်လိုက်တော့ အရသာတအားရှယ်လွန်းလို့ အရမ်းနှစ်သက်မိပါတယ်။

  • ပိန္နဲသီးနုနု ၅ကွင်းခန့် 
  • ခရမ်းချဉ်သီး ၁လုံး
  • ကြက်သွန်နီ ဥကြီး ၁ဥ
  • ကြက်သွန်ဖြူ ၅မွှာ
  • ငရုတ်ပွ ၃တောင့်
  • ဆူးပုတ်ရွက် ၃စည်း
  • မဆလာ စားပွဲတင်ဇွန်း တ၀က်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီဟင်းခတ်ဇွန်း ၂ဇွန်း
  • ဟင်းခတ်မှုန့်အနည်းငယ်

ပိန္နဲသီးကွင်းများကို အလယ်အူတိုင်များထုတ် အတုံးလေးများလှီးပါ။ ၀ယ်လာတဲ့ အကွင်းလေးတွေက တအားနုနေလို့ အလယ်အူတိုင်တွေမထုတ်ပဲ တုံးထားပါတယ်။ ဆီပူပူမှာ ကြက်သွန်နီ ဖြူ ရဲနေအောင်ကြော်ပြီး ငရုတ်ပွထောင်းထည့် ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့် ကြေအောင်ချက်ပါ။ ခရမ်းချဉ်သီးကြေလျှင် ပိန္နဲသီးတုံးများထည့်လုံးပါ။ ငံပြာရည် ဟင်းခတ်မှုန့်ထည့် ရေမြုပ်အောင်ထည့်ကာ နူးအောင်တည်ပါ။

ပိန္နဲသီးများနူးလျှင် မဆလာထည့် ဆူးပုတ်ရွက်များအုပ် ၂မိနစ်ခန့်တည်ပါ။

ဆူးပုတ် မဆလာနံ့မွှေးတဲ့ ပိန္နဲသီးဟင်းလေးရပါပြီရှင်။ အရသာက ကြက်သားဟင်းလိုလို တော်တော်လေးကောင်းပြီး အရသာရှိပါတယ်။ အရမ်းကိုစားကောင်းတဲ့ဟင်းလေးမို့ ပိန္နဲသီးနုနုလေးတွေပေါ်ချိန်မှာ ချက်စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေဗျာ....
ကဲလုပ်စားလိုက်ကြပါအုံးနော်... ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ စိတ်စေရာ ကိုကျေးဇူးတင်လိုက်ပါ
ဒီပို့စ်ကို PDF အနေနဲ့သိမ်းချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါဗျာ

PDFဒေါင်းယူရန်နှိပ်ပါ>>>

No comments:

Post a Comment