Pages - Menu

Pages

Sunday, 24 February 2013

ဂဏန်းဟင်းစပ်စပ်လေး...

ဂဏန်းဟင်းစပ်စပ်လေး

ဂဏန်းလေးကို အချဉ်မပါပဲ ခပ်စပ်စပ်လေးစားချင်လို့ ငရုတ်သီးအကြမ်းဖတ်များများနဲ့ ဂဏန်းရဲ့အချိုဓာတ်တွဲနေတဲ့ ချိုစပ်လေးချက်စားပါတယ်။

ဂဏန်း ၁၀ ကောင်
ကြက်သွန်ဖြူ ၇ မွှာ
ငရုတ်နီအရှည်တောင့် ၂တောင့်
ငရုတ်သီးအကြမ်းဖတ် စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်မြိတ် ၃ပင်
ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
ငါးငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း
ဆား စားပွဲတင်ဇွန်းတ၀က်

ဂဏန်းများကိုအခွံခွာ အညစ်အကြေးများဖယ် ရေဆေးထားပါ။ ဆီကိုပူအောင်တည်ပြီး ပူလာလျှင် ကြက်သွန်ဖြူကြွပ်ပြီးရဲလာအောင်ဆီသတ်ပါ။ ငရုတ်နီတောင့် ၂တောင့်ကို ကတ်ကြေးနှင့်ကိုက် အနံ့မွှေးပျံ့လာအောင်ကြော်ပါ။ ငရုတ်သီးအကြမ်းဖတ်များထည့် ရဲလာအောင်ကြော်ပါ။ ဂဏန်းများထည့် မီးအနေတော်နှင့်ကြော်ပါ။ ဂဏန်းအရောင်ရဲလာလျှင် ရေအနည်းငယ်ထည့် ပွက်ပွက်ဆူအောင်တည်ပါ။ ငါးငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း ဆား စားပွဲတင်ဇွန်းတ၀က်ထည့်ရေကျအောင်ထားပါ။

အရသာ အနေတော်ဆို ကြက်သွန်မြိတ်အုပ် မီးပိတ်ပါ။ ချိုချိုစပ်စပ် ဂဏန်းဟင်းလေးရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေဗျာ။။။
လုပ်စားကြည့်လိုက်ကြပါ  ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ စိတ်စေရာ ကိုသာကျေးဇူးတင်လိုက်ပါဗျာ...
ဒီပို့စ်လေးကို pdf အနေနဲ့လိုချင်ရင် အောက်မှာဒေါင်း.ယူလိုက်ပါဗျာ



PDF ဒေါင်းရန်နှိပ်ပါ>>>>

No comments:

Post a Comment