This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, 29 September 2012

ကင်ဆာရောဂါနှင့် သင်္ဘောရွက်


ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန
်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
 


ဒေါက်တာခင်ရွှေ(တိရစ္ဆာန်ဆေးကုဆရာဝန်

Viber ကို ကွန်ပျူတာမှာ တင်သုံးမယ်

မင်္ဂလာပါခင်ဗျာ အခုကျွန်တော်လမ်း ညွှန်ပေးမယ့် ဆော့ဝဲလ်လေးကတော့ android apk တွေကို 
ကွန်ပျူတာပေါ်တင်သုံးတာပဲ ဖြစ်ပါတယ်ခင်ဗျာ.. လုပ်နည်းကလည်း မခက်ပါဘူး bluestacks ဆော့ဝဲလ်လေးကို install လုပ်လိုက်ရုံဖြင့် အသုံးပြုနိုင်ပါပြီ.. ဆော့ဝဲလ်ကိုလည်း အောက်က လင့်မှာ ယူလိုက်ပါ   Viber တင်မကပဲ အခြားဆော့ဝဲလ်နှင့် ဂိမ်းများကိုပါ ကစားနိုင်ပါသေးတယ် အားလုံးပဲ အဆင်ပြေပြေနှင့် အသုံးပြုနိုင်ပါစေဗျာ..

Install လုပ်နည်း ကြည့်ရန်

ဆော့ဝဲလ်ဒေါင်းရန်

Tuesday, 25 September 2012

ဟင်းချက်နည်းစာအုပ်

မင်္ဂလာပါခင်ဗျာ....ဟင်းချက်နည်းစာအုပ်များကို ရှာဖွေပြီးတော့ တင်ပေးလိုက်ပါတယ်... အားလုံးပဲ အဆင်ပြေပြေနဲ့ ချက်ပြုတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် နောက်များလည်း ထပ်မံရှာဖွေပြီးတော့ တင်ပေးသွားပါ့မယ် ခင်ဗျာ....
                       
                   ဤနေရာကို နှိပ်၍ စာအုပ်ကို ဒေါင်းယူလိုက်ပါခင်ဗျာ...

Thursday, 20 September 2012

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်ကြားသီး စားရင် အဆီတက် မှာ စိုးလို့ဆိုပြီး တချို့ က ရှောင်တတ် ကြ ပါတယ်။
တကယ်က သစ်ကြားသီး မှာပါ ဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ် နေ့မှာ အသင့်အတင့်ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါကျန်းမာရေးစွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။
(၁) နှလုံးရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါ တယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါ ကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော နဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက် သာစေပါတယ်။ စိတ်ကျရောဂါခံစားနေ ရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။
(၃) ကိုယ်အလေးချိန်ကို လျော့ကျစေ ပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္က သိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစား ခင် သစ်ကြားသီးအနည်းငယ်စားတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး အ စာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။
(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ် ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီ ယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။
(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီး ကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိ တယ်လို့ ဗြိတိန်အာဟာရဂျာနယ်မှာ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေး သားဖော်ပြထားပါတယ်။
(၆) မှတ် ဥာဏ်ကို ကောင်းမွန်စေပါ တယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အ ကြောင်းကတော့ သစ်ကြားသီးက ဦး နှောက်အခွံပုံသဏ္ဌာန်ရှိတဲ့အပြင် မှတ် ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အ ဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော် နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။
(၇) သည်းခြေကျောက်တည်မှု မဖြစ် အောင် ကာကွယ်နိုင်ပါတယ် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ်။ တစ်အောင်စဆို တာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာပမာဏကို စားပေးရင် လည်း သည်းခြေကျောက်တည်တာအ ပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးရင် ကောင်း ကောင်းအိပ်မောကျစေပါတယ်။ သစ်ကြား သီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။
(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြားသီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရော ဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့လို ရောဂါတွေကို သက်သာစေပါ တယ်။
(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထု ထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
မူရင်းသတင်း-- Health Articles ·

Sunday, 16 September 2012

Sign out လုပ်ဖို့မေ့ခဲ့အကောင့်ကို အခြားစက်မှပိတ်နည်း


ကိုယ့်အကောင့် တစ်ခုခု ဆိုင်ဘာကဖီးမှာ ဖြစ်ဖြစ် အခြားစက်တစ်ခုခု မှာ ဖြစ်ဖြစ် မေ့ပြီး မထွက်ခဲ့မိဘူးလား ...........စိတ်မပူပါနဲ့ ပြသနာရှိရင် အဖြေရှိပါတယ် အခုတင်ပြပေးမယ်နည်းလေးကတော့ ထွက်ဖို့မေ့ခဲ့တဲ့ အကောင့်တစ်ခုခုကို အခြားစက်တစ်လုံးကနေ လှမ်းပိတ်တဲ့နည်းပါ
ကဲစမယ်နော်
မေးလ်ထဲ ပြန်ဝင်လိုက်ပါ...
.



ဒီပုံလေးကပြထားတဲ့အတိုင်း..  Details ဆိုတာလေးကို ကလစ် လုပ်လိုက်ပါ။
 နောက်တော့ အောက်ကပုံပါအတိုင်း sign out all other sessions ဆိုတာလေးကို ကလစ်လိုက်ပါ..
အရေးကြီးတဲ့အချက်ကတော့ မိမိရဲ့ Password ကို တစ်ခါတည်းပြောင်းပြစ်လိုက်ပါ ပိုမိုစိတ်ချရတာပေါ့..
အားလုံးပဲ အဆင်ပြေကြပါစေဗျာ.....

Antamedia internet caffe -v5.4.0

မင်္ဂလာပါ ခင်ဗျာ Internet Cafe လုပ်သူများအတွက် ကျွန်တော့်မှာရှိတဲ့ Antamedia internet caffe -v5.4.0  ကိုပြန်လည်မျှဝေလိုက်ပါတယ်ခင် လိုအပ်သောသူများဒေါင်းယူလိုက်ပါ ခင်ဗျာ...နောင်အသစ်ရှိရင်လည်း ထပ်မံ မျှဝေပေးသွားပါ့မယ်  အခုတော့ လိုအပ်တဲ့သူများ ဒါလေးပဲ သုံးနှင့်ကြပေါ့ဗျာ...  :P



ဤနေရာကိုနှိပ်၍ ယူလိုက်ပါခင်ဗျာ 

Android Game များစုစည်းမှု(၁)

မင်္ဂလာပါခင်ဗျာ android ဂိမ်းတွေကို လိုချင်တဲ့သူများအတွက် 
ကျွန်တော့်မှာရှိသမျှဂိမ်းလေးတွေကို စုပြီးတော့တင်ပေးလိုက်ပါတယ်
ခင်ဗျာ... လိုချင်တဲ့သူများ ဒေါင်းယူနိုင်ပါပြီခင်ဗျာ.. အားလုံးပဲအဆင်ပြေပြေနဲ့ အသုံးပြုနိုင်ကြပါစေဗျာ.. နောက်ထပ်အသစ်များရရှိရင်လည်း ထပ်မံမျှဝေပေးသွားပါ့မယ်... လာရောက်လည်ပတ်သူအပေါင်းအား.မိုးညိုသားမှ ကျေးဇူးတင်လျှက်.......


ဂိမ်းများရယူရန် ဤနေရာကိုနှိပ်ပါခင်ဗျာ

Friday, 14 September 2012

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား  ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။




ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ  static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက်  လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။


ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်  မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Thursday, 13 September 2012

Tango နဲ့ဖုန်းတွေကို အခမဲ့ခေါ်ကြမယ်

မင်္ဂလာပါခင်ဗျာ ယခုပေးချင်တာကတော့ tango ဆော့ဝဲလ်လေးကို မိမိတို့ စက်ထဲထည့်ပြီးတော့ ဖုန်းခေါ်လို့ရတဲ့ အကြောင်းလေး ပြောချင်တာပါ...ပထမအဆင့်အနေနဲ့ ဆော့ဝဲလေးကို မိမိတို့စက်ထဲမှာ install လုပ်ပါ ပြီးတာနဲ့ register လုပ်ခိုင်းပါလိမ့်မယ်.. register လုပ်လိုက်ပါ အဲဒီအထဲမှာ မိမိတို့ သက်ဆိုင်ရာ နိုင်ငံတွေရွေးပြီးတော့... ဖုန်းနံပတ်တွေ ထည့်ပေးလိုက်ပါ ခဏနေတာနဲ့ ကုဒ်တွေကို ပြန်ပို့ပေးပါလိမ့်မယ် .. ပြန်ပို့လာတဲ့ ကုဒ်များကို ထည့်ပေးပြီးတာနဲ့ အဆင်ပြေပါပြီခင်ဗျာ .. 
မိမိတို့ ရဲ့ Tango သုံးသော အခြားသူငယ်ချင်းများသို့ ခေါ်ဆိုနိုင်ပါပြီ ခင်ဗျာ... 

Tango ဆော့ဝဲလ်အားရယူရန် ဤနေရာကိုနှိပ်ပါ









Saturday, 8 September 2012

"မင်းကွတ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ"

မင်းကွတ်သီးကို အာရှမှာ ''သစ်သီးတို့ရဲ့ မိဖုရား'' ၊ ပြင်သစ်မှာ ''ဘုရားသခင်ရဲ့ အာဟာရ'' စသဖြင့် ခေါ်ဆိုကြတယ် ဆိုတာ သင် သိပါရဲ့လား။ မင်းကွတ်သီးကို နာမကျန်းမှုတွေကို ကုသဖို့ သုံးနိုင်ပြီး ထူးကဲတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် အရှေ့တောင် အာရှမှာ နှစ်ပေါင်း လေးရာကျော်လောက် ကတည်းက လက်ခံ လာခဲ့ ကြပါတယ်။ မင်း ကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုး ပါဝင်တယ်လို့ သိပြီး နောက်ပိုင်းမှာ လူကြိုက် များလာခဲ့ ပါတယ်။ ၁) မင်းကွတ်သီးရဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိကို လေ့လာ တွေ့ရှိပြီးတဲ့ နောက်မှာ ORAC လို့ အမည်ရတဲ့ ဓာတ်ခွဲခန်း လေ့လာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒီအခါမှာ တွေ့ရှိခဲ့ ရတာက မင်းကွတ်သီးမှာ ''မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက် နိုင်တဲ့ အစွမ်းထက်တွေကို အာနိသင်'' ရှိနေတယ် ဆိုတဲ့ အချက်ပါ။ ၂) မင်းကွတ်သီး ထဲမှာ ပါတဲ့ Xanthone ဟာ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယားနဲ့ အသည်း အဆိပ်သင့်စေတဲ့ အရာတွေကို ဆန့်ကျင် ပေးနိုင်တဲ့ အကောင်းဆုံး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။ ၃) မင်းကွတ်သီးရဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေကြောင့် တင်ပါးရိုး အာရုံကြော နာကျင်မှုကို သက်သာစေ ပါတယ်။ ၄) မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှု ပေးနိုင် ပါတယ်။ ၅) နေ့စဉ် အသုံးဝင်ပုံ အနေနဲ့ မင်းကွတ်သီးကို မာလ်တီ ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးနဲ့ တွဲသောက်ရင် အကောင်းဆုံး အားဖြည့် ပေးနိုင်ပါတယ်။ ၆) မင်းကွတ်သီးမှာပါတဲ့ ဖိုင်တိုနျူးထရီးရန့်တွေက ခုခံအား စနစ် ကောင်းစေတဲ့ အရာတွေ ဖြစ်ပါတယ်။ ၇) မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ၈) မင်းကွတ်သီးဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်စွမ်း ရှိတယ်လို့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဆိုပါတယ်။ မင်းကွတ်သီးထဲမှာ ပါတဲ့ Xanthone ဟာ HIV ဗိုင်းရပ်စ်တွေ ပွားများနိုင်စွမ်း မရှိအောင် ဟန့်တား ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ၉) မင်းကွတ်သီးမှာ အစွမ်းထက် ကင်ဆာ ဆန့်ကျင်ပေးတဲ့ Polysaccharides နဲ့ ဘက်တီးရီးယား ဆန့်ကျင်ပေးတဲ့ အပင်ထွက် ဒြပ်ပေါင်းတွေလည်း ပါဝင်နေ ပါတယ်။ ၁ဝ) မင်းကွတ်သီးမှာ ပါတဲ့ ဘက်တီးရီးယား ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ဟစ်စတာမင်း တားဆီး နိုင်စွမ်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ သူတွေ အတွက် ကောင်းကျိုး ရှိပါတယ်။ ၁၁) မင်းကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက ၄ဝကျော် ပါဝင်ပါတယ်။ Xanthone မှာ အနာကျက် စွမ်းအင် ရှိတာကြောင့် လူ့ ခန္ဓာကိုယ်ထဲက အင်္ဂါ စနစ်တိုင်းကို ကျန်းမာစေ ပါတယ်။ ၁၂) မင်းကွတ်သီး ထဲက အစွမ်းထက် ဒြပ်တွေက အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေပြီး ခုခံအားစနစ်ကို သန်စွမ်း စေကာ အရိုးနုတွေကို ထောက်ပံ့ ပေးနိုင် ပါတယ်။ ဒါ့အပြင် အသက်ရှူ လမ်းကြောင်းစနစ်ကို ကျန်းမာစေ ပါတယ်။ ၁၃) မင်းကွတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှု အမျိုးမျိုးကို တွန်းလှန်နိုင်တဲ့ အာနိသင် ရှိတယ်လို့ အိန္ဒိယ လေ့လာသူတွေက ဆိုပါတယ်။ ရုတ်တရက် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုကော တာရှည် ဖြစ်တတ်တဲ့ ရောင်ရမ်းမှုကိုပါ လျော့ကျစေ ပါတယ်။ ၁၄) မင်းကွတ်သီးထဲက ကွီနုံးဟာ ဘက်တီးရီးယားတွေကို ဆန့်ကျင် ပေးနိုင်စွမ်း ရှိပါတယ်။ ၁၅) မင်းကွတ်သီးရဲ့ အိုမင်းမှု တားဆီးပေးတဲ့ အစွမ်းရှိကာ အဆစ်ကို ပျော့ပျောင်း နိုင်စွမ်း ရှိစေပြီး မူးဝေတာကို သက်သာစေ ပါတယ်။ ဝမ်းလျှောတာကနေ ကင်ဆာအထိ သက်သာစေတဲ့ အာနိသင် ရှိပါတယ်။ ၁၆) မင်းကွတ်သီးဟာ သွေးခဲတဲ့ ဖြစ်စဉ်ကို အဟန့်အတား မဖြစ်စေဘဲ အစာအိမ် အနာကို သက်သာစေ ပါတယ်။ ၁၇) မင်းကွတ်သီးမှာ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန် ရောဂါတို့ကို ကာကွယ် ပေးနိုင်စွမ်းလည်း ရှိနေပါတယ်။ 
 မှတ်ချက်= ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်

Friday, 7 September 2012

ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်


ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်

ဝက် ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။
အဲ့ဒိတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။
ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ
ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။

၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစားအသောက် စားတဲ့အခါ အဆီအစိမ့် နဲ့ နို့ထွက် ပစ္စည်းကို ရှော့ စားပေးပါ။
တနေကုန် အလုပ် လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာနေရတဲ့ သူများ အနေနဲ့
တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။
အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ
သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။
နောက်တခုက။ ။ ခရမ်းချဉ်သီး နဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။
လွယ်လွယ်လေးနော်.....၂နည်းရှိ
တယ်။

နည်း ၁။
၁) ခရမ်းချဉ်သီးကြီးကြီး နဲ့ မာမာ တလုံးကိုယူပြီး ထိပ် ဖူးကို စိတ်ပါ။
၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲထည့် ပြီး ခရမ်းချဉ်သီး ထိပ်ဖူး နဲ့ သုတ်လိမ်းပါ။
၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်းပေးပါ။
၎။ ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။
ပြီးပါပြီ။

နည်း ၂၊ ။
၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒိ အလယ်သား (အရည်) နဲ့ မျက်နှာပြင်ကို သုတ်လိမ်းလိုက်ပြီး ၁၀မိနစ်ထားပြီးမှ
ရေးဆေးပါ။
ပြီးပါပြီ။

( သတိပြုရမှာက တချို့ အသားအရည်တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခနအဆီပြန်တာ သက်သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့် မသွားပါနဲ့ မတည့်
လို့ မဟုတ်ပါဘူး။ နောက်တစ်ရက် ဆို နဂို အသားတိုင်း ပြန်ဖြစ်သွားမှာပါ။
နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )
ပြီးတော့... ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ကာကွယ်
ပေးနိုင်လို့.. အရေပြားကင်ဆာနဲ့ အိုးမင်းရင့်ရော် ခြင်းကို လျော့ကျစေတယ်။
၃။ အဲ့လို စနစ်တကျ နေ သားကျ သွားတဲ့အခါ... ချွေးထွက် များတယ် ဆိုရင်တောင်..
တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်းလွန်းတဲ့ အတွက် ၀က်ခြံ
မပေါက်နိုင်တော့ပါဘူး။
တခုတော့ ရှိတယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာ မှုနဲ့ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့... အမျိုး
သမီး များ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျို ဖော် ၀င်စ
ချိန်တွေဆို.. ပေါက်လာတတ်တာလဲ သဘာဝပါ။
ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....
၁။ ပထမ နဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ
ပိုးမွှားတွေက ၀က်ခြံ ထိပ်ဝ( သွေးထွက်ရာ နေရာ) နဲ့ ထိ မိ ၊ ဖိ မိ တဲ့အခါ
အသားထဲကို ၀င်ရောက်ပြီး အနာကိုလည်း ရင်းစေသလို.. ပွားနှုန်းလည်း
မြန်နိုင်ပါတယ်။ နောက်တခုက အမာ ရွတ် ဖြစ် ကျန် ခဲ့တာပါ။
၂။ မှဲ့ တဲ့ အထိ စောင့်ပါ။ ( ၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပို မဆိုးအောင် ကရုစိုက်ပါ။)
မှဲ့ လာ တဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား
ပါလိမ့်မယ်...။ အဲ့ဒိအခါမှ တစ်ရှုးဆ သန့်သန့် နဲ့ ဖြစ်ဖြစ် လက်သန့်သန့်
နဲ့ ဖြစ် ဖြစ် အလွယ် တကူ ဖယ် ရှား နိုင်ပါတယ်။

လေးစားချစ်ခင်သော
ရွှေအိမ်စည်
မှတ်ချက်= Facebook မှ ဗဟုသုတအဖြစ်ကူးယူဖော်ပြပါသည် ခင်ဗျာ

Wednesday, 5 September 2012

တစ်ခြမ်းပဲ့ ရာသီ



အလွမ်းတွေနဲ့အိပ်စက်တဲ့ရာသီဂြိုလ်
ခြေရာတွေကိုအိပ်မက်ထဲအကျဉ်းချ
အဘိဓ္ဓာန်ထဲက နိုးထခြင်းတွေဒဏ္လာရီတစ်ခုစာ လုံလောက်ခဲ့ ...

ခပ်ပါးပါးအရိပ်နှစ်ခု
နတ္ထိတွေထဲ အရောင်တွေအန်အန်ချ
မြှောက်ပြန်လေတွေတိုက်ခတ်ခဲ့ချိန်ကပေါ့ ...
 
ကန္တာရတွေအေးစက်
တောက်ဘက်ကျကျ အစွန်းတစ်ခုမှာ
ငါတို့မြိုးရိုးတွေ အခိုးငွေ့ငွေ့ဝေလို့ ....

ရာသီမဟုတ်တဲ့မိုးတွေလည်း
တစ်ကိုယ်စာမက ရွာချ.....

တကယ်တော့ ....
ကျိန်စာခပ်ရင့်ရင့် ပြန့်ကျဲခဲ့တဲ့
ပြဇာတ်တစ်ပုဒ်ပါပဲ ....



♥♥ မိုးနေ  ♥♥

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်





ကျွန်တော်ဒီတစ်ရက်နှစ်ရက်ကို စားရေးတဲ့ဘက်ကို ပြန်လှည့်လိုက်ပါအုံးမယ်..တောင်းထားတာမေးထားလေး
တွေကို ချက်ချင်း Reply မလုပ်နိုင်သေးဘူးဆိုရင်လဲနားလည်ပေးပါအုံးလို့ပဲ အရင်ဆုံးတောင်းဆိုပါရစေခင်ဗျာ.
ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုသူတိုင်း သိထားတက်ထား သင့်တာတစ်ခုရှိပါတယ်..အဲ့ဒါဘာလဲဆိုတော့
မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..ကျွန်တော်

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?  ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..


Windows  မတင်ခင်ဘာတွေလုပ်သင့်လဲ ?

ကျွန်တော်တို့ Windows တစ်ခုမတင်ခင်အရင်ဆုံး ဘာတွေလုပ်သင့်လဲဆိုတာကို ကျွန်တော်အခုပြောတဲ့နည်း
အတိုင်း လိုက်လုပ်ပါလို့ မဆိုလိုပါဘူး ..မိမိတို့စိတ်ကြိုက် လုပ်နိုင်ပါတယ်.ကျွန်တော်က အဆင်ပြေမယ်ထင်တဲ့
နည်းလမ်းလေးတွေကို ပြန်ပြီးတော့ မျှဝေပေးခြင်းသာဖြစ်ပါတယ်..Windows တစ်ခုတင်တော့မယ်ဆိုရင်အရင်
ဆုံးသိထားသင့်တာက မိမိတို့မှာ Windows CD ခွေတစ်ခွေမဖြစ်မနေလိုအပ်ပါတယ်..Windows ခွေမရှိသေးတဲ့
သူတွေကတော့ အောက်ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Selections များမှာသွားပြီး
ဒေါင်းလော့ချလိုက်ပါ..မိမိတို့စိတ်ကြိုက် Windows အမျိုးအစားကိုရွေးချယ်ပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ



Windows ISO ခွေကိုဒေါင်းလော့ချ ပြီးပြီဆိုရင်တော့ မိမိတို့ ဒေါင်းလော့ချထားတဲ့ ISO ဖိုင်ကို Ultra ISO ကိုအ
သုံးပြုပြီး CD / DVD နဲ့ဘယ်လိုပြန်ပြီးတော့ Burn ရမယ်ဆိုတာကိုတော့အောက်ကလင့်မှာ ရှင်းပြပေးထားတာ
ရှိပါတယ်..

ဒီလင့်ကနေသွားကြည့်လိုက်ပါ 

နောက်တစ်ချက်က  Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Destop ပေါ်မှာရှိတဲ့ ဖိုင်တွေ ၊ ပုံတွေ
Shortcut တွေ ၊ပြီးရင် Libraries ထဲမှာရှိတဲ့ Documents ထဲက Google Talk Received Files ထဲမှာရှိတဲ့
တဲ့ဖိုင်တွေ ၊ ပြီးရင် Favorites ရဲ့ Download ထဲမှာရှိတဲ့ မိမိတို့ဒေါင်းလော့ချထားပြီးသီးသန့်သိမ်းမထားတဲ့ဖိုင်
တွေ ၊ ပုံတွေ ၊ Movie တွေ အကုန်လုံး Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ အကုန်လုံးပျောက်သွားမှာဖြစ်ပါ
တယ်..မိမိတို့အနေနဲ့ Windows တစ်ခုတင်တော့မယ်ဆိုရင် မိမိတို့အသုံးလိုတဲ့ ဖိုင်တွေသိမ်းပြီးမပြီး စစ်ပေးဖို့လို
ပါလိမ့်မယ်..






နောက်တစ်ချက်ကတော့ Windows တစ်ခုမတင်ခင် အရင်ဆုံးမိမိတို့ ရဲ့ကွန်ပျူတာမှာဝင်ဒိုးတင်ပြီးရင်တင်ဖို့
လိုမဲ့ Application Software တွေကို တစ်စုတစ်စည်းထဲသိမ်းဆည်း ထားဖို့လိုပါလိမ့်မယ်..Windows တင်ပြီးမှ
လိုအပ်တဲ့ ဆော့ဝဲလ်တွေလိုက်ရှာနေတာထက် အရင်ဆုံး လိုအပ်တာတွေကိုစုပြီး တစ်စုတစ်စည်းထည်းသိမ်းပြီး
ထားတာကပိုပြီး အဆင်ပြေပါလိမ့်မယ်..ကျွန်တော်အခုအောက်မှာ Windows တင်ပြီးရင် အဓိကလိုအပ်မဲ့ဆော့
ဝဲလ်တွေကိုတင်ပေးထားပါတယ်…မိမိတို့ရဲ့ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်အရင်ဆုံး ဒေါင်းလော့ချပြီး ဖိုဒါတစ်
ခုနဲ့သိမ်းထားလိုက်ပါ ဒါဆိုရင် Windows တင်ပြီးတဲ့အခါ အလွယ်တကူရှာဖွေ ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်..
အချိန်ကုန်မြန်တာပေါ့ဗျာ..

Zawgyi-One and Unicode Font

Zawgyi-One and Unicode Font ကိုဒီအောက်ကလင့်မှာ Install လုပ်နည်းနဲ့ပါတင်ပေးထားပါတယ်..

ဒီလင့်ကနေသွားလိုက်ပါ..


Adoble Reader 




ဒီကောင်ကတော့ ကျွန်တော်တို့ PDF File နဲ့ရေးထားတဲ့ E-Book တွေကိုအလွယ်တကူဖတ်ရှုနိုင်ဖို့အသုံး
ပြုပါတယ်..

Download Adoble Reader


Adoble Flash Player




ဒီကောင်ကတော့ ကျွန်တော်တို့ U-Tube မှာတင်ထားတဲ့ Video File တွေ Flash File တွေကိုအလွယ်တကူ
ကြည့်နိုင်ဖို့အတွက်လိုအပ်ပါတယ်..


Download  Adoble Flash Player


Adobe AIR 2.7.1



 


Download  Adoble Air

Adoble Shockwave Player


 

 Download  Adoble Shockwave Player

Players 


Video File တွေ Mp 3 ဖိုင်တွေကိုဖွင့်ဖို့အတွက်လိုအပ်တဲ့ Player တွေကိုတော့အောက်မှာတင်ပေးထားပါ
တယ်..မိမိတို့လိုအပ်တာကို ရွေးပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ..


JetAudio Download 


Gom Player and Skin Download 

VLC Media Player Download
  
windows media player Download

RealPlayer Portable Download

 

WinRAR 
ကျွန်တော် လိုအပ်တဲ့ဆော့ဝဲတွေပဲဖြစ်ဖြစ် စာအုပ်တွေကိုပဲဖြစ်ဖြစ် Internet ပေါ်ကနေဒေါင်းလော့ချတဲ့အခါ
အများစုကို WinRAR သုံးပြီးတော့ချုပ်ထားတာများပါတယ်..ဒါကြောင် winrar ဖိုင်တွေကိုအလွယ်တူဖြည်နိုင်
ဖို့အတွက် Winrar မိမိတို့ရဲ့စက်မှာရှိထားသင့်ပါတယ်..

WinRAR Download


Browser

ကျွန်တော်တို့မိမိတို့ ကြည့်ချင်တဲ့ Website တွေကိုအလွယ်တကူကြည့်နိုင်ဖို့အတွက် Browser တွေကို
အသုံးပြုပါတယ်..


Firefox  Download

Chrome Download


Chat 

 အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းများ မိသားစုများ တစ်ဦးနှင့်တစ်ဦး နေရာဒေသဝေးကွာနေသော်
လည်းအလွယ်တကူ ဆုံးတွေနိုင်ဖို့အတွက် G-talk , Vzo ,Skype တို့ကိုအသုံးပြုကြပါတယ်..ကျွန်တော်လိုအပ်
တဲ့သူတွေအတွက်အောက်မှာစုပြီးတင်ပေးထားပါတယ်..


G-talk Download

vzoChat  Download 


Skype Download

နောက်တစ်ခုကတော့ Firefox အသုံးပြုတဲ့သူတွေအတွက် Firefox Bookmark  မှာမိမိတို့ မှတ်သားထားတဲ့
လင့်တွေပျောက်မသွားအောင် ဘယ်လို Backup လုပ်ရမယ်ဆိုတာကိုတော့ အောက်ကလင့်ကျွန်တော်ရှင်းပြ
ပေးထားတာရှိပါတယ်..

ဒီလင့်ကနေသွားပြီးကြည့်လိုက်ပါ.. 

နောက်တစ်ချက်ကတော့  Windows တင်မဲ့ Partation ကိုအရင်ဆုံး မှတ်ထားပေးဖို့လိုပါလိမ့်မယ်..ဘာလို့လဲ
ဆိုတော့ ကျွန်တော်ကြုံ ဖူးလို့ပါ။ Windows တင်လာလိုက်တာ မိမိတို့ Windows တင်မဲ့ Partation ကို Format
ရိုက်ခါနီးကျမှဘယ် Partation ကို Format ချရမှန်းမသိလို့အစကနေပြန်ပြီးတော့ တင်ရတာမျိုးရှိလို့ပါ.ဒါကြောင့်
Windows မတင်ခင် မိမိတို့ Format ရိုက်မဲ့ Partation ရဲ့ Disc Space ကိုမှတ်ထားလိုက်ပါ..ဒါဆိုရင် Format
ချတော့မယ် ဆိုရင်မိမိတို့ Format ချချင်တဲ့ Partation ကိုအလွယ်တကူရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်..




Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?

အပေါ်ကအတိုင်းပြင်ဆင်ပြီးပြီ ဆိုရင်တော့ Windows 7 ကိုအလွယ်တကူတင်တက်သွားအောင် Windows

တင်နည်းအဆင့်ဆင့်ကို အောက်မှာပုံလေးတွေနဲ့ ဆက်ပြီးရှင်းပြပေးထားပါတယ်..


Windows XP နဲ့ Windows Vista တင်နည်းစာအုပ်တွေကိုလဲအောက်ကလင့်တွေမှာတင်ပေးထားတာရှိ

ပါတယ်..လိုအပ်တဲ့သူတွေကတော့အောက်ကလင့်တွေမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..




ကျွန်တော် Bios ထဲက Advanced  Bios Setting ကိုသွားပြီး  Boot Setting ကိုကြေငြာပေးဖို့လိုပါတယ်.


First boot device = CD ROM

Second boot device=Hard Disk
Third boot device=Disable


ဆိုပြီးကြေငြာပေးထားဖို့လိုအပ်ပါတယ်..ဒါမှသာ Computer စဖွင့်ဖွင့်ခြင်း Post လုပ်ငန်းစဉ်ပြီးလို့ Bios ကိုစစ်

တဲ့အခါမှာ First Boot က CD ROM လို့ကြေငြာပေးထားတဲ့ အတွက် CD ROM ကအလုပ်လုပ်ပါလိမ့်မယ်..

အခုလိုမကြေငြာပေးဘူးဆိုရင် CD ROM က Windows ခွေကိုမဖတ်ပဲ အရင် Windows ပြန်တက်လာပါလိမ့်

မယ်..Boot Setting ကိုဘယ်လိုကြေငြာပေးရမလဲ ဆိုတာကိုတော့ကျွန်တော်အောက်မှာရှင်းပြပေးထားပါ

တယ်..


အရင်ဆုံး မိမိတို့ကွန်ပျူတာကို Restart ချလိုက်ပါ..Windows ပြန်တက်မလာခင် Key Board မှ Delete Key 

ဆက်တိုက်နှိပ်ထားလိုက်ပါ..ဒါဆိုရင်ကျွန်တော်တို့ BIOS ထဲကိုရောက်သွားပါလိမ့်မယ်..အောက်မှာပုံနဲ့

တော့ပြပေးထားပါတယ်..Mother Board တစ်ခုနဲ့တစ်ခု တူမှာမဟုတ်တဲ့ Bios Setting ပုံစံချင်းလဲတူမှာမဟုတ်

ပါဘူး..အောက်ကပုံမှာပြထားတာနဲ့မတူရင်တောင် ပြောထားတဲ့အဆင်အတိုင်းသွားပြီးလုပ်ကြည့်လိုက်ပါ..


BIOS Setting ထဲကိုရောက်ပြီဆိုရင် အရင်ဆုံး  Advanced  Bios Setting ကိုဝင်လိုက်ပါ..ပြီးရင်အပေါ်မှာပြော

ခဲ့သလိုပဲ


First boot device = CD ROM

Second boot device=Hard Disk


Third boot device=Disable                  ကိုပြောင်းပေးလိုက်ပါ..ပြီးရင် Key Board မှ F10  ကိုနှိပ်ပြီး


Save လိုက်ပါ.. ပြီးရင်ကွန်ပျူတာကို Restart ချပေးလိုက်ပါ..







ကျွန်တော်တို့ Windows 7 ကိုစပြီး Install လုပ်ပါတော့မယ်..အရင်ဆုံး Windows ခွေကိုထည့်လိုက်ပါ..ပြီးရင်
မိမိတို့ကွန်ပျူတာကို Restart ချပေးလိုက်ပါ..ပြီးရင်ဆက်လုပ်ရမဲ့အဆင့်တွေကိုတော့အောက်မှာပုံလေးတွေ
နဲ့ဆက်ရှင်းပြပေးထားပါတယ်..

( ၁ ) အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Keyboard မှာကီးတစ်ခုခုကိုနှိပ်လိုက်ပါ..



( ၂ )



( ၃ )



( ၄ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် မိမိတို့စိတ်ကြိုက် Language ကိုရွေးပေးလို့ရပါတယ်..English ပဲ
ရွေးမယ်ဆိုရင် Next ကိုဆက်ပြီးပေးလိုက်ယုံပါပဲ..



( ၅ )



( ၆ )



( ၇ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် I accept the licnense terms ကို အမှန်ခြစ်ပေးပြီး Next ကိုဆက်ပြီး
သွားလိုက်ပါ..



( ၈ ) အောက်ကပုံမှာ Upgrade နဲ့ Custom ဆိုပြီးရွေးခိုင်းထားတာရှိပါတယ်..Upgrade ဆိုတာကတော့ကျွန်
တော်တို့ အနေနဲ့ အနိမ့်ကနေ အမြင့်ကိုပြောင်းပြီးလုပ်မယ့်သဘောကိုရွေးခိုင်းတာပါ.ဥပမာ - မိမိတို့
လက်ရှိသုံးနေတဲ့ Windows Vista ကနေ Windows 7 ကိုပြောင်းပြီးတော့ သုံချင်တယ်ဆိုရင်ရွေးပေးဖို့
လိုပါတယ်..ကျွန်တော်တို့က Windows အသစ်တင်မှာဖြစ်တဲ့အတွက် Custom ကိုရွေးပေးလိုက်ပါ..



( ၉ ) အောက်ကပုံမှာ ပြထားတဲ့အဆင့်ကိုရောက်ရင်တော့နည်းနည်းသတိထားစေချင်ပါတယ်..တကယ်
လို့ ကျွန်တော်တို့က Partation ကိုမှားပြီး Format ရိုက်ပြီး Windows တင်မိပြီဆိုရင် Format ရိုက်လိုက်
တဲ့ Partation ထဲမှာရှိတဲ့ Data တွေအားလုံးဆုံးရှုံးမှာဖြစ်ပြီး အရင်တင်ထားတဲ့ Windows ကလဲတစ်ခြား
Partation တစ်ခုမှာရှိနေမှာဖြစ်တဲ့အတွက် Windows နှစ်ခုတင်မိသွားပါလိမ့်မယ်..ဒါကြောင့်ကျွန်တော်
ကအပေါ်မှာထဲက မိမိတို့ Format ချမဲ့ Disc Space ကိုမှတ်ထားခိုင်းတာဖြစ်ပါတယ်..



( ၁၀ ) အောက်ကပုံအတိုင်း မိမိတို့ Windows Setup ဖိုင်ကိုထားမဲ့ Partation ကိုရွေးလိုက်ပါ။
ဥပမာ - ကျွန်တော်တို့က Partation 2 ကို Format ချမယ်ဆိုရင် Partation 2 ကိုရွေးလိုက်ပါ..ပြီးရင်ပုံ
မှာပြထားတဲ့အတိုင်း  Drive options ( advanced ) ကိုကလစ်ပေးလိုက်ပါ..။



( ၁၁ ) ပြီးရင်အောက်ကပုံအတိုင်း Format ကိုကလစ်ပြီး Format ရိုက်ပေးလိုက်ပါ..ပြီးရင် Next ပေးလိုက်ပါ..




( ၁၂ )  အောက်ပုံအတိုင်း ဖိုင်တွေကိုဖျက်မှာလားလို့မေးပါလိမ့်မယ်.. OK ပေးလိုက်ပါ..ပြီးရင်အောက်မှာပြ
ထားတဲ့ ပုံတွေအတိုင်းပဲ ဆက်လုပ်သွားပါလိမ့်မယ်..



( ၁၃ )



( ၁၄ ) အောက်ကပုံအတိုင်း ၆ စက္ကန့်စောင့်ပြီးတာနဲ့ Restart ကျသွားပါလိမ့်မယ်..ပြီးရင် Windows တက်လာ
ပါလိမ့်မယ်..



( ၁၅ )



( ၁၆ )



( ၁၇ )



( ၁၈ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့  Type a user name နေရမှာမိမိတို့ ကွန်ပျူတာရဲ့အမည်
ကို မိမိတို့ထားချင်တဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါ..ပြီးရင် Next ကိုသွားလိုက်ပါ..



( ၁၉ ) အောက်ကအဆင့်ကိုရောက် ပြီဆိုရင်တော့ ကျွန်တော်တို့က Password ပေးခဲ့လိုက်ရင်တကယ်လို့
မိမိတို့ ကကွန်ပျူတာကို Restart ချပြီးလို့ပြန်ဝင်တဲ့အခါမှာ Administrator Password အဖြစ်အခုပေး
ထားတဲ့ Password ကိုပြန်ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်..Password မပေးခဲ့ပဲ Next ပေးလိုက်ရင်လဲ
ရပါတယ်..နောက်မှ Control Panel >>  User account  ans family safety ထဲက User Account မှာသွား
ပြီးပေးရင်လဲရပါတယ်..



( ၂၀ ) Product Key  နေရာမှာတော့ ကျွန်တော်တို့က ပြန်ဘမ်းထားတဲ့အခွေကိုသုံးမှာဖြစ်တဲ့အတွက်အကုန်
လုံးပြီးတော့မှ Windows Active ဖြစ်ဖို့အတွက် Windows Loader တစ်ခုခုသုံးလိုက်ရင်အဆင်ပြေသွား
ပါလိမ့်မယ်..Genuine Windows 7 DVD ၀ယ်သုံးတဲ့သူတွေကတော့ Genuine Windows 7 DVD မှာပါ
လာတဲ့ Product Key ကိုထည့်ပေးလိုက်ပါ.. Product Key မရှိတဲ့သူတွေကလဲ Automatically activate
Windows when  I'm online ကို အမှန်ခြစ်ပေးပြီး Next ကိုပေးလိုက်ပါ..



( ၂၁ ) အင်တာနက်နဲ့သုံးတဲ့ သူတွေအတွက်တော့ မိမိတို့ရဲ့ Windows ကိုအမြဲတမ်း Update လုပ်ပေးနိုင်ရင်
ပိုပြီးတော့ကောင်းပါတယ်..  Use recommended setting ကိုရွေးပြီးသုံးရင်တော့ ပိုပြီးကောင်းပါတယ်..
အင်တာနက်မရတဲ့သူတွေကတော့  Ask me later  ကိုသာရွေးလိုက်ပါ..



( ၂၂ ) မိမိတို့လက်ရှိ ရောက်ရှိနေတဲ့နေရာရဲ့အချိန်ကိုရွေးလိုက်ရင်တော့ ပိုပြီးတော့ကောင်းပါတယ်..ဒီမှာ
ရွေးပေးခဲ့တဲ့ အချိန်ကကျွန်တော်တို့ကွန်ပျူတာ မှာပြပေးနေမှာဖြစ်ပါတယ်..



( ၂၃ ) ဒီအဆင့်မှာတော့ မိမိတို့အသုံးပြုမဲ့ Network ကိုရွေးပေးလိုက်ပါ..မိမိတို့လက်ရှိသုံးနေတဲ့ Network အ
မျိုးအစားကိုလိုက်ပြီး ရွေးပေးလိုက်ယုံပါပဲ..အင်တာနက်မရှိတဲ့ ကွန်ပျူတာတွေကတော့ Network
တစ်ခုခုကိုရွေးပေးလိုက်ပါ..



( ၂၄ )



( ၂၅ )



( ၂၆ ) ဒါဆိုရင်တော့ Windows 7 Installation လုပ်ခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်..




Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?


Windows တင်ပြီးရင်အရင်ဆုံး လုပ်ရမှာကတော့ မိမိတို့ Windows က Active ဖြစ်မဖြစ်ကိုကြည့်ဖို့လိုပါလိမ့်
မယ်..တကယ်လို့ မိမိတို့ Windows က Active မဖြစ်သေဘူးဆိုရင် Windows Loder တစ်ခုခုသုံးပြီး Active
လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..

အရင်ဆုံး Windows Active ဖြစ်မဖြစ်ကို သိချင်တယ်ဆိုရင်အောက်မှာဖော်ပြထားတဲ့နည်းလမ်းလေးအတိုင်း
သွားပြီးကြည့်လိုက်ပါ..အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ..ပြီးရင်  Properties ကိုသွား
လိုက်ပါ..ပြီးရင် Windows activation မှာကြည့်လိုက်ပါ..You must active today.Active windows now လို့ ပြနေ
ရင် Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..ကျွန်တော်အောက်မှာ Windows Active လုပ်ဖို့အတွက်
Windows Loader တွေတင်ပေးထားပါတယ်..မိမိတို့တင်ထားတဲ့ Windows က Active ဖြစ်ပြီးသားဆိုရင်တော့
Active လုပ်ပေးစရာမလိုပါဘူး..


အောက်ကပုံအတိုင်းပြနေပြီဆိုရင်တော့ Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..

အောက်ကပုံကတော့ Windows Active ဖြစ်နေတာကိုပြနေတာပါ



Windows  Loader  ကိုတော့အောက်ကလင့်မှာတင်ပေးထားပါတယ်..


ဒီလင့်လေးကနေသွားပြီးဒေါင်းလော့ချလိုက်ပါ..


Windows  Backup လုပ်ခြင်း

ကျွန်တော်တို့  Windows ကို  Active လုပ်ပေးပြီးသွားလို့ လိုအပ်တဲ့  Application တွေကိုတင်ပြီးပြီဆိုရင်တော့
နောက်ထပ်လုပ်ထားသင့်တာတစ်ခုကတော့  Windows  Back Up  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အသုံးပြုနေ
တဲ့  Windows  ဟာဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး..ကျွန်တော်တို့အနေနဲ့လက်ရှိအသုံးပြု
နေတဲ့  Windows  ကို  Backup လုပ်ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ Windows
ဟာတစ်စုံတစ်ခု ဖြစ်လာပြီဆိုတာနဲ့အလွယ်တကူ Backup File ကို Restore ပြန်လုပ်ပေးလိုက်ယုံနဲ့ Error
တွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်..

Windows ကိုဘယ်လို  Backup လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်ကလင့်လေးမှာ ရှင်းပြပေးထား

ပါတယ်..



Sound Problem


ဒါကတော့  Windows တင်ပြီးပြီဆိုရင်တော့ တော်တော်များများကြုံရတက်တဲ့ ပြသနာပါ..Windows တင်ပြီး

ရင် အသံမလာဘူးမလာဘူးဆိုပြီး ကြုံကြုံနေရတာတွေပါ.. ကျွန်တော် Windows 7 မှာအသံမလာဘူးဆိုရင်

ဆိုပြီးပို့စ်တစ်ခု တင်ပေးခဲ့ဘူးပါတယ်..အခက်အခဲရှိသူများအောက်ကလင့်ကနေသွားကြည့်လိုက်ပါ..



Windows 7 အသုံးပြုနည်း
ဒါကတော့ Bonus ပါ .. Windows 7 တင်ပြီးလို့ မသုံးတက်သေးဖူးဆိုရင်အောက်ကလင့်မှာ ဆရာအောင်လင်း

ရေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးပါအောက်မှာတင်ပေးထားပါတယ်.. 

 ကျွန်တော်တို့ဒီလောက် ဆိုရင်တော့ Windows တစ်ခုကို မိမိတို့ကိုယ်တိုင်တင်ဖို့အတွက် အဆင်ပြေသွား

လောက်ပြီလို့ ထင်ပါတယ်..ကိုယ်တိုင်ကြိုးစားကြည့်ကြပါ..အခုအချိန်မှာ Windows တစ်ခုတင်ရင်အနည်း

ဆုံး ၅၀၀၀ ၊ ၁၀၀၀၀ လောက်ပေးနေရတဲ့အချိန်မှာ မိမိက Windows တင်တက်သွားမယ်ဆိုရင် မိမိတို့

သာမဟုတ်ပဲ မိမိတိုပါတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေပါ ၅၀၀၀ ၊ ၁၀၀၀၀ လောက်တော့သက်သာ

သွားလိမ့်မယ်လို့ထင်ပါတယ်..


ဒီပို့စ် ကို  PDF  နဲ့လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  From zSHARE

Download  From  Mediafire

Download   From  Megaupload
အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..
 
မှတ်ချက်= နေမင်းမောင်(နည်းပညာ) မှ ကူးယူဖော်ပြပါသည်......