This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, 9 December 2012

Windowns 8 တွင်ဇော်ဂျီဖောင့် တင်ချင်သူများအတွက်

မင်္ဂလာပါ ခင်ဗျာ ကျွန်တော်ဒီနေ့တော့ windows 8 မှာမြန်မာဖောင့်ထည့်မရလို့ လာလာမေးနေကြတဲ့ သူငယ်ချင်းများ အတွက်ပါ မေးထားတာကတော့ကြာပါပြီ ကျွန်တော်လည်းမအားတာရယ် windows 8 မရှိတာရယ်ကြောင့်ပါ.. ပထမဆုံးအနေနဲ့ မိမိတို့ကွန်ပျူတာမှာ winrar မရှိပါက ဒီနေရာ      ဒေါင်းလုတ် လုပ်ပြီးတော့ install လုပ်လိုက်ပါ။ မြန်မာဖောင့်အတွက် ဒီနေရာမှာယူလိုက်ပါ။  ပြီးရင် ဖိုင်ဖြေပြီးတော့ ZFK zip ကိဖြေပြီးတော့ အထဲမှ ဇော်ဂျီဖောင့်ကို install အရင်လုပ်ပါ၊ ပြီးရင် Zawgyi keyboard zip ကိုဖြေပြီးတော့ keyboard ကို install လုပ်ပါ.. ဒါဆိုရင် ဇော်ဂျီဖောင့်သွင်းခြင်းပြီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့ကတော့ Control Panel ထဲကိုသွား Internet Option မှ font နေရာမှာ zawgyi-one ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် windows 8 မှာဇော်ဂျီဖောင့်ကို ကောင်းကောင်းမြင်ရပြီဖြစ်ပါသည်. . အင်္ဂလိပ်စာနှင့် မြန်မာစာ ပြောင်းလဲပုံကတော့ windows 7 ကအတိုင်း Ctrl+Shift ပါပဲ။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ။။ အဆင်မပြေသူများရှိရင်လည်း ကွန်မန့် ပေးသွားပါခင်ဗျာ။

Saturday, 8 December 2012

Platinum Hide IP

 

Platinum Hide IP

ဒါကတော့Hacking သမားတွေအများဆုံးသိမှာပါ....
ကိုယ့်စက်ရဲ့IP ကို Hide လုပ်တဲ့နေရာမှာသုံးပါတယ်....ခြေရာဖျက်လိုက်တဲ့သဘောပေါ့....
မိမိတို့အတွက် အသုံးလိုခဲ့ပါက အောက်မှာ ဒေါင်းယူ အသုံးပြုနိုင်ကြပါပြီနော်.. စေတနာများစွာဖြင့်
တွေ့သမျှ မြင်သမျှကိုပြန်လည် မျှဝေပေးနေပါတယ်...



                            (   http://www.mediafire.com/?q5qordpgszplj27#!   )

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
မှတ်စုစာအုပ် http://aungsan96.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

Thursday, 6 December 2012

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10


ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကတော့ ကျနော်အကြိုက်ဆုံးပါပဲ..။ အရမ်းကောင်းပါတယ်..။ ခဏခဏလည်းလုပ်ပေးဖို့ မလိုပါဘူး..။ မိမိတို့ရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်ကြောင့် လေးလာပြီ.. ဟမ်းလာပြီဆိုမှ ဒီကောင်လေးကို သုံးပေးလိုက်ပါ..။ ဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ဟာ မြန်ဆန်သွက်လက်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်...။ အရင်ဆုံး  Kaspersky Rescue Disk 10 ISO ဖိုင်ကိုအရင်ဒေါင်းယူလိုက်ပါ..။ ရလာပြီဆိုရင် အဲဒီဖိုင်လေးကို Double Click နှစ်ချက်တောက်ပြီး CD အလွတ်တချပ်နဲ့ ခွေကူးလိုက်ပါ..။ အခွေကူးတဲ့ နေရာမှာ သတိပြုရမှာက Verify Disk Data ဆိုတဲ့ စာသားနေရာမှာ အမှန်ခြစ်ပေးပါ...။ Nero Burning Studio နဲ့ဆို ဒီစာသားပါပါတယ်..။ တခြား ISO Burnig Marker တွေနဲ့ ကူးလည်းရပါတယ်..။ အဓိကက Boot တက်ဖို့ပါ..။

USB Drive နဲ့ Boot တင်ချင်တဲ့ သူများအတွက်တော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ CD/DVD Drive မပါတဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ အရင်ဆုံး အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်တော့ နည်းနည်းကြီးပါတယ်..။ 237 MB ရှိပါတယ်..။

For USB Device (325 KB)

Mediafire
ifile.it
Minus
မူရင်းလင့်(378 KB)

Iso image of Kaspersky Rescue Disk 10 Free Download (237 MB)
Minus

(14.9.2012 / မှတ်ချက်။ ။ Minus ကလင့်ကို ကျနော်ဖျက်ထားလိုက်ပါပြီ.. အောက်က Update ထွက်လာတဲ့ ဗါးရှင်း အသစ်ကိုပဲ ဒါရိုက်လင့်ကနေ ဒေါင်းယူကြပါဗျာ.. 260 MB ရှိပါတယ်..)

5/11/2012 နေ့က နောက်ဆုံးထွက် Update လေးပါ.. 267 MB ရှိပါတယ်.

USB ထဲထည့်ဖို့ ဆိုရင် (325kb) ရှိတဲ့ ကောင်လေးကို ဒေါင်းယူပြီး ဖွင့်လိုက်ပါ.. အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Browse နေရာကနေ ဒေါင်းထားပြီးသား  Kaspersky Rescue Disk 10 ISO ဖိုင်ကို ရွေးပေးပါ..။ 2 နေရာကတော့  USB ရှိတဲ့နေရာကို ညွှန်ပေးလိုက်ပါ..။ ပြီးရင် Start ကိုကလစ်လိုက်ပါ..

ပြီးသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။


မိမိတို့စက်ကို ဗိုင်းရပ်သတ်တော့မယ်ဆိုရင်  Kaspersky Rescue Disk 10 CD (OR) USB ကို ကွန်ပျူတာမှာ ထည့်လိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပြီ... လက်ပ်တော့ပ်တွေမှာဆိုရင် F2 or F12 , Desktop PC တွေမှာ ဆိုရင် Del or ESC or F11 ကိုဆက်တိုက်နှိပ်ထားလိုက်ပါ...။ Boot Menu ထဲကို ရောက်သွားပါလိမ့်မယ်.. 


Boot ထဲကိုရောက်သွားရင် CD/DVD or USB ကိုရွေးပြီး F10 နဲ့ Enter ခေါက်ပေးလိုက်ပါ...။ အောက်ကပုံ အတိုင်းပေါ်လာရင် ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ...

ဒီနေရာတွေမှာ အပေါ်အောက် မျှားနဲ့ ရွေးပေးပြီး Enter ခေါက်သွားလိုက်ပါ...



ဗိုင်းရပ်စ်သတ်လို့ပြီးရင်တော့ စက်ကို Restart ချပြီး အခွေ သို့မဟုတ် USB ကို ဆွဲထုတ်လိုက်ပါ..။ Restart ချလို့ မရရင် စက်ရဲ့ ပါဝါကို ဖိပိတ်လိုက်ပါ...။ 
ဒီလောက်ဆိုရင်တော့ အားလုံးပဲ လုပ်တတ်ကိုင်တတ်လိမ့်မယ်လို့ ထင်ပါတယ်..
မှတ်ချက်။ အရမ်းကောင်းတဲ့ဆော့ဝဲလ်လေးပါ. ကျွန်တော်လည်းဒီကောင်လေးကိုပဲ သုံးပါတယ် အသုံးပြုရတာလည်း လွယ်ပါတယ်.. Recycler Virus ကိုလည်း ဒီကောင်လေးနဲ့ ရှင်းနိုင်ပါတယ်.. virus ရှိနေတဲ့ flashdrive တွေကို usb port မှာထိုးပြီးတော့ အပေါ်က အဆင့်တွေအတိုင်း သူ့တစ်ခုတည်းကိုပဲ နှစ်ကြိမ်လောက် scan ဖတ်ပေးလိုက်ပါ. ဒါဆိုရင် ရပါပြီ... ကွန်ပျူတာပြန်ဖွင့်ပြီးတာနဲ့ flashdrive ထဲမှာရှိတဲ့ Recycler Virus ဖိုင်ကို အလွယ်တကူပဲ ဖျက်နိုင်ပါပြီ...

အဆင်ပြေကြပါစေဗျာ..

Photoshine v4.2.0 (ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ ဒီဇီုင်းမျိုးစုံ ဖန်တီးရအောင်)

Photoshine v4.2.0 (ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ ဒီဇီုင်းမျိုးစုံ ဖန်တီးရအောင်)



 25 Nov 12, 06:13 PM
ဒီိဆော့ဝဲလ်အတွက် Key တွေကို အရင်တုန်းကလည်း ခဏခဏ ရှာဖူးပါတယ်.. ရလာတဲ့ Key တွေက အဆင်မပြေပါဘူး.. ဒီနေ့တော့ ဒီကောင်လေးကို ပြန်ရှာတော့ သူ့အတွက် patch နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုလို့ ရမယ့်ကောင်လေး ရလာပါတယ်..။ ကျနော်စမ်းကြည့်တော့ အဆင်ပြေတာနဲ့ ဒီ Photoshine ဆော့ဝဲလ်ကို patch ဖိုင်နဲ့အတူ တင်ပေးလိုက်ပါတယ်.. မိမိတို့ရဲ့ ပုံလေးတွေကို နောက်ခံဒီဇိုင်းမျိုးစုံနဲ့ ဖန်တီးချင်တဲ့သူများအတွက် ဒီိကောင်လေးက လူတိုင်းကြိုက်လို ဖြစ်နေပါတယ်..။ သူ့ထဲမှာ ထည့်ပေးထားတဲ့ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို အရင်ပိုစ့်တွေမှာလည်း လုပ်ပြပေးခဲ့ပြီးပါပြီ.. ဒီပိုစ့်မှာတော့ Patch ဖိုင်ထည့်နည်းက အရင်ပိုစ့်တွေနဲ့ အတူတူပဲဆိုပေမယ့် နည်းနည်းလေး ပိုလာလို့ ကျနော်ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 29.8 MB ရှိပါတယ်..


အောက်ကလင့်တွေကနေလည်း.ယူနိုင်ပါတယ် ကိုညီ့ဆိုဒ်ကနေ ရှယ်လာတာပါ

Solidfiles | Ziddu | Filecloud | Tusfiles | Mirrorcreator





ဒီကောင်လေးကို Install ထည့်ပြီးတဲ့အခါ အပေါ်ပုံအတိုင်း အမှန်ခြစ်တွေ ဖြုတ်ပြီးမှ Finish ပေးပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း Desktop ကသူ့ရဲ့ Icon လေးပေါ်မှာ Right Click ထောက်ပြီး Properties ကိုကလစ်ပါ..

ပေါ်လာတဲ့ ဘောက်စ်ထဲမှ 1 နေရာမှ Open File location ကို ကလစ်ပါ.. ပြီးရင်တော့ 2 နေရာက ဒီကောင်လေးကို ဒေါင်းယူတုန်းက ပါလာတဲ့ ဖိုင်ထဲမှ patch ဖိုင်ကို Right Click နဲ့ copy ယူပါ.. ပြီးရင် 3 နေရာမှ လွတ်တဲ့နေရာမှာ Right >> paste နဲ့ထည့်ပါ..။



အပေါ်ပုံတိုင်း ပေါ်လာရင် Continue ကို နှိပ်ပေးလိုက်ပါ.. ဒါဆိုရင် အောက်ကပုံအတိုင်း patch ဖိုင်လေး ရောက်လာရင် အဲ့ဒီပေါ်မှာ Right Click >> Run as administrator ကို ကလစ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာရင် patch စာသားကို ကလစ်ပါ..



Replace Patch ဆိုပြီး အောက်က ပုံအတိုင်း ဆက်ပေါ်လာရင် photoshine ပုံပန်းရောင်လေးကို တချက်ကလစ်ပြီး Open ကိုထပ်နှိပ်ပေးလိုက်ပါ..


ဒါဆိုရင်တော့ အောက်ကပုံအတိုင်း PATCHIN DONE စာသားပေါ်လာတဲ့အခါ Exit နဲ့ ထွက်လိုက်လို့ ရသွားပါပြီ...


ပြီးရင်တော့ ဘေးကဘောက်စ်တွေ အားလုံးကို ပိတ်ပစ်ပြီး အောက်ကပုံလေးအတိုင်း Apply >> OK ပေးလိုက်ပါ.. ဒါဆိုရင် ဒီကောင်လေးကို Full သုံးလို့ ရသွားပါပြီ..။

အားလုံးပဲ ဓါတ်ပုံလှလှလေးတွေ ဖန်တီးရင်း ပျော်ရွှင်နိုင်ကြပါစေဗျာ.. 
ဓာတ်ပုံ ဝါသနာအိုးများအတွက် ကိုလွင်မင်းဗိုလ် ဆိုဒ်ကနေယူလာတာပါ. အဆင်ပြေပါစေ

Photoshop Cs5 (မြန်မာ)

Photoshop Cs5 (မြန်မာ)


Abode ရဲ့ Version တစ်ခုဖြစ်တဲ့ Photoshop CS 5 အကြောင်းမြန်မာလို အလွယ်ကူဆုံးနဲ့
အပြည့်စုံဆုံးဖြစ်အောင်ရှင်းပြထားတဲ့ မြန်မာ စာအုပ်လေးပါ ။ရေးသားသူကတော့ နော်တော်ကြီး
ကိုရဲရှင်း ပါ။ စီးပွားဖြစ်ရေးသားထုတ်ဝေတာမျိုးမဟုတ်ပဲ မြန်မာနည်းပညာလူငယ်များအတွက်
စေတနာ အရင်းခံပြီးရေးပေးထားတာပါတဲ့။ သူများကစေတနာထားပြီး ကိုယ့်အတွက်ရေးပေးထားမှ
တော့ ဒေါင်းပြီးတော့ဖတ်ဖြစ်အောင်ဖတ်ရတော့မှာပေါ့နော။ ကဲဒေါင်းချင်တယ်ဆိုရင်တော့
ကဲအဆင်ပြေကြပါစေဗျာ

Command Key စာအုပ်

Command Key စာအုပ်

Command Key





အဆင်ပြေပါစေဗျာ... သိသူကျော်သွား မသိသူဖော်စားပေါ့်
ကိုစေတနာစီကနေယူလာတာပါ

Pagemaker_7.0.မြန်မာလိုလေ့ လာချင်သူများအတွက်

Pagemaker_7.0.မြန်မာလိုလေ့ လာချင်သူများအတွက်

PageMaker 7.0

Recycler Virus ကိုရှင်းပေးမယ့် ဆော့ဝဲလေးဖြစ်ပါတယ်

Recycler Virus ကိုရှင်းပေးမယ့် ဆော့ဝဲ

<<<  flash drive တွေမှာ ရှိနေပြီဆိုရင်တော့ ယူထားလိုက်ကြပါ >>>

Recycler Virus ဆိုတာ များသောအားဖြင့် Memory Stick လိုမျိုး Flash Drive တွေကနေ အများဆုံး ကူးလေ့ရှိတဲ့ Virus တစ်မျိုးပါ ..
အဲဒီဗိုင်းရပ်စ် ရှိလာပြီဆိုရင် ရှင်းလင်းရတာ တော်တော်စိတ်လေစရာကောင်းပါတယ် ..
သူ့ကိုရှင်းဖို့ဆိုရင် MSE လိုဆော့ဝဲမျိုးတွေကို Updated ဖြစ်နေအောင်လုပ်ထားပြီးမှ ရှင်းလင်းပေးနိုင်ပါ  တယ် ..
Stick ထဲမှာတော့ Recycler ဆိုတဲ့ Folder တစ်ခုအဖြစ်ကိုယ်ပိုင်တည်ဆောက်ပြီး အရံဖိုင်တွေအဖြစ် Copy of shortcut (1) .... ဆိုပြီး နံပါတ်စဉ်တွေနဲ့ အခိုင်အမာ နေလေ့ရှိတဲ့ ဗိုင်းရပ်တစ်မျိုးပါ ..
အလွယ်တကူ တွေ့မြင်နိုင်သလို Delete လုပ်လိုက်ရင်လည်း ပျောက်သွားပါတယ် .. ဒါပေမယ့် Stick ကို
ဖြုတ်ပြီး စက်မှာပြန်ထိုးလိုက်တဲ့အခါ စောစောပိုင်းက ပျက်သွားသမျှ ဖိုလ်ဒါတွေရော ဖိုင်တွေပါ
ခပ်တည်တည်နဲ့ ပြန်ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ် ..
ကဲ .. အဲဒီဗိုင်းရပ်ကို အောက်မှာပေးထားတဲ့ ဆော့ဝဲလေးနဲ့ ရှင်းပစ်လိုက်ရအောင် ..
အသုံးပြုရတာလည်း မခက်ပါဘူး .. ဒေါင်းလို့ပြီးသွားလို့ ဖိုင်ကိုဖြည်လိုက်ရင် အသုံးပြုနည်း အကျဉ်းချုပ်ကို Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ် ..
အဆင်ပြေနိုင်ကြပါစေဗျာ

အားလုံးပဲ အဆင်ပြေပါစေဗျာ။

USB နဲ့ ဖိုင်တွေကူးးတဲ့အခါ Speed တိုးးသုံးနည်း

USB နဲ့ ဖိုင်တွေကူးးတဲ့အခါ Speed တိုးးသုံးနည်း



ကျွန်တော် အခုပြောမဲ့ နည်းလမ်းလေးကတော့ ကျွန်တော်တို့ ကွန်ပျူတာမှာ USB Stick ကိုအသုံးပြုပြီး File တွေကို ကူးတဲ့ အခါမှာ
အရင်ရှိပြီးသား File Transfer value က 64 kb ပဲ ရှိပါတယ် .. အဲ့ဒါကို ကျွန်တော်တို့က 2 MB အထိမြှင့်ပြီး အသုံးပြုမှာ ဖြစ်ပါတယ် .. File
Transfer value မြှင့်လာတော့ မိမိတို့ ကွန်ပျူတာထဲကနေ USB Stick ကို File တွေကူးတာပဲဖြစ်ဖြစ် USB Stick ထဲကနေ ကွန်ပျူတာထဲကို
Fileတွေ ကူးတာပဲဖြစ်ဖြစ် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် အောက်မှာ ဘယ်လိုလုပ်ရမယ် ဆိုတာကို
ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. အရင်ဆုံး Keyboard မှ Windows + R ကို နှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ
regedit လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ .. ဒါဆိုရင် Registry Editor ပွင့်လာပါလိမ့်မယ် ပြီးရင် ‘HKEY_LOCAL_MACHINE \ SYSTEM \
CurrentControlSet \Control \ usbstor ထိအဆင့်ဆင့်သွားပြီး usbstor ကိုရောက်ပြီ ဆိုရင် 05AC12xx ကိုကလစ်လိုက်ပါ .. ပြီးရင် Edit
ကိုသွားလိုက်ပါ .. ပြီးရင် ဆက်လုပ်ရမယ့် အဆင့်လေးတွေကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. ဒီလောက်ဆိုရင်တော့
USB Drive ကို Transfer value မြှင့်ပြီး အလွယ်တကူ အသုံးပြုတက် သွားမယ်လို့ ထင်ပါတယ်
ဒီလောက်ဆိုရင်တော့ USB Drive ကို Transfer value မြှင့်ပြီး အလွယ်တကူ အသုံးပြုတတ် သွားမယ်လို့ ထင်ပါတယ်
အားလုံးအဆင်ပြေပါစေ...
ဘလော့ခရီးသည် မှပြန်လည် မလာတာပါ.. 

Tuesday, 23 October 2012

Computer မှာရှိတဲ့ အမှိုက်တွေရှုင်းရအောင်

http://www.pro-techcomputerclean.com/graphics/computerscruba_rev.gif

ကဲအခုကျန်တော်ရေးရမည် အကြောင်းကတော့ Computer ကိုဘယ်လိုသန့်ရှင်း
ရေးလုပ်ရမလဲ Computer က Virus မရှိရင်လဲ အမှူက်တွေအရမ်းများနေရင်တော့
အရမ်းကိုနှေနေပါတယ် ဒါကြောင် အနည်းဆုံး တစ်ပတ်ရင် တစ်ခါသန်ရှင်းလုပ်ပေး
နေရင်တော့ အရမ်းကောင်းတယ် ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုရင်တော့ အရင်
ဦးဆုံး Computer ကိုသွားပါ ပြီးတော့ Local Disk ကို Right Click လုပ်လိုက်ပါ
ပြီးတော့ Properties ကိုသွားပါ။



ပြီးတော့ အောက်ပုံမှာမြင်တဲ့အတိုင်း ပေါလာပါလိမ်မည် ပေါလာရင်တော အောက်က
Disk Clean ကို Clean ပေးလိုက်ပါ။
နောက်ပြီးတော့ ဒီလိုပေါလာပါလိပ်မည်။


နောက်ပြီးတော့ Clean Up System File ကို Click ပေလိုက်။


နောက်ပြီးတော့ OK Click ပေးလိုက်ပါ။

ပြီးတော့ Delete File ဒါဆိုပြီးပြီ။

ချက်တင်ပုံးတတ်သူများကို ဖမ်းဆည်းလိုက်ရအောင်

ချက်တင်ပုံးတတ်သူများကို ဖမ်းဆည်းလိုက်ရအောင်

ယနေ. I.Tနည်းပညာဒီရေပမာ တိုးတက်လာပါတယ် ။မြန်မာပြည်သည် ဂျီတော အများဆုံးသုံးတဲ့ နိုင်ငံပါ မိမိနဲ့ချက်သူ ညာတာကို ဖမ်းနိုင်ဖို့ နည်းလမ်းလေးပါ။။
 ကိုယ် ဘယ်နိုင်ငံ၊ ဘယ်နေရာကနေ အင်တာနက်သုံးနေတာကို မသိစေချင်သူများဒါမှမဟုတ်
တဖက်လူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့ G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ သိနိုင်ပါတယ်။

ကိုယ်က ဘယ်နိုင်ငံ၊ ဘယ်နေရာက သုံးတယ်ဆိုတာ မသိချင်သူများကတော့ တဖက်က G-Talk ကနေ Call (အသံနဲ့ စကားပြောခေါ်ဆိုခြင်း) ကို လက်မခံလိုက်ပါနဲ့။ လက်ခံ လိုက်ရင်တော့ သင် ဘယ်နေရာကနေ အင်တာနက် သုံးနေ တယ် ဆိုတာ တဖက်လူက ခြေရာခံမိသွားနိုင်ပါတယ်။
တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီအသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ အောက်မှာ အနီဝိုင်းပြထားတဲ့ Setting ကို အရင် Click လုပ်ပြီး အရင်သွားလိုက်ပါ။



ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့ မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။ အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။



အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင်တော့ ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့Connection Monitor ဘောက်စ်ကျလာပါမယ်။ အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

ကိုယ်နဲ့ Chatting Box ကနေ စကားသံနဲ့ ပြောဖို့  Call ဆိုတာကို ခေါ်ရပါမယ်။ တဖက်လူက လက်ခံလိုက်သည်အထိ ခေါ်လိုက်ပါ။

တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။



သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး Google ထဲကနေ IP address locator ကိုသွားရပါမယ်။
အဆင်မပြေက  သည်နေရာကနေ   သွားပါ လိပ်စာ (  http://www.ipaddresslocation.org/)
ပြီးရင် အောက်မှာ ပေါ်လာတဲ့ ဘောက်စ်ပေါ်လာမယ်။ အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့ အသေးစိပ် အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။


ချွင်းချက်အနေနဲ့ တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့ ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။ များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။

 မေးထဲရောက်လာတာလေးကို အဆင်ပြေသလို ပြန်လည် မျှဝေလိုက်ပါတယ်..
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်....လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...

မှတချက်။ ဘလော့ခရီးသည်မှ မလာတာပါ

Sunday, 21 October 2012

Photoshopcs5 (စာအုပ်)

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ကိုညီနေမင်းစီက ယူလာတာလေးပါ
Photoshopcs5 Www.nyinaymin.org

Thursday, 11 October 2012

VZO Myanmar Version လေးလာပြီနော် သိပ်မိုက်ဗျာ

VZO Myanmar Version လေးလာပြီနော် သိပ်မိုက်ဗျာ

VZO Myanmar Version Download လေးပေါ်လာပြီနော်.. ...
စိတ်ဝင်စားကြသူများ အပြေးအမြန် မနှေးရန် ယူဆောင်သုံးစွဲ နိုင်ကြပါပြီနော်..
VZO မူရင်းဆိုက်ဒ်မှာ မြန်မာဘာသာနဲ့ မြန်မာပြည်ကလူတွေ သုံးရတာ အဆင်ပြေအောင် အကောင့်ဖွင့်ပုံ အသုံးပြုပုံတွေက အစ မြန်မာလိုရှင်းပြထားတာတွေ့ရလို့ မသိသေးတဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ.....အမြဲတမ်း ကြုံနေရတာတော့ vzo အကောင့်ဖွင့်တာတောင် ခဏခဏ အကူညီတောင်းခံနေရတယ်.. ကဲ..သည်တော့
ဒါလေးသာ မြင်တွေ့ကြရင် ဘယ်သူ့ ဘယ်သူ ကိုမှ အကူညီတောင်းဖို့မလိုပါဘူးးးဗျာ..အားလုံးဟာ
မိမိတို့ မိခင်ဘာသာ နဲ့အသုံးပြုထားတော့ အရမ်းလွယ်ကူအဆင်ပြေပါပြီ..
အောက်ကလင့်ကို ဒေါင်းလိုက်ပါ... Softwareနဲ့အတူ အသုံးပြုပုံတွေပါ လေ့လာနိုင်ပါတယ်...
                                          
                                                          ဒေါင်းရန် 

အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. သိထားရမှာက အသုံးပြုနည်းဟာ
ဒေါင်းလိုက်တဲ့အခါမှပင် တွေ့ကြရမှာဖြစ်ပါတယ်..
ကျေးဇူးတင်ပါတယ်...
အောင်အောင်(မကစ)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...
 
မှတ်ချက်= ဘလော့ခရီးသည်မှ မလာတာပါ