Pages - Menu

Pages

Tuesday, 23 October 2012

Computer မှာရှိတဲ့ အမှိုက်တွေရှုင်းရအောင်

http://www.pro-techcomputerclean.com/graphics/computerscruba_rev.gif

ကဲအခုကျန်တော်ရေးရမည် အကြောင်းကတော့ Computer ကိုဘယ်လိုသန့်ရှင်း
ရေးလုပ်ရမလဲ Computer က Virus မရှိရင်လဲ အမှူက်တွေအရမ်းများနေရင်တော့
အရမ်းကိုနှေနေပါတယ် ဒါကြောင် အနည်းဆုံး တစ်ပတ်ရင် တစ်ခါသန်ရှင်းလုပ်ပေး
နေရင်တော့ အရမ်းကောင်းတယ် ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုရင်တော့ အရင်
ဦးဆုံး Computer ကိုသွားပါ ပြီးတော့ Local Disk ကို Right Click လုပ်လိုက်ပါ
ပြီးတော့ Properties ကိုသွားပါ။



ပြီးတော့ အောက်ပုံမှာမြင်တဲ့အတိုင်း ပေါလာပါလိမ်မည် ပေါလာရင်တော အောက်က
Disk Clean ကို Clean ပေးလိုက်ပါ။
နောက်ပြီးတော့ ဒီလိုပေါလာပါလိပ်မည်။


နောက်ပြီးတော့ Clean Up System File ကို Click ပေလိုက်။


နောက်ပြီးတော့ OK Click ပေးလိုက်ပါ။

ပြီးတော့ Delete File ဒါဆိုပြီးပြီ။

ချက်တင်ပုံးတတ်သူများကို ဖမ်းဆည်းလိုက်ရအောင်

ချက်တင်ပုံးတတ်သူများကို ဖမ်းဆည်းလိုက်ရအောင်

ယနေ. I.Tနည်းပညာဒီရေပမာ တိုးတက်လာပါတယ် ။မြန်မာပြည်သည် ဂျီတော အများဆုံးသုံးတဲ့ နိုင်ငံပါ မိမိနဲ့ချက်သူ ညာတာကို ဖမ်းနိုင်ဖို့ နည်းလမ်းလေးပါ။။
 ကိုယ် ဘယ်နိုင်ငံ၊ ဘယ်နေရာကနေ အင်တာနက်သုံးနေတာကို မသိစေချင်သူများဒါမှမဟုတ်
တဖက်လူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့ G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ သိနိုင်ပါတယ်။

ကိုယ်က ဘယ်နိုင်ငံ၊ ဘယ်နေရာက သုံးတယ်ဆိုတာ မသိချင်သူများကတော့ တဖက်က G-Talk ကနေ Call (အသံနဲ့ စကားပြောခေါ်ဆိုခြင်း) ကို လက်မခံလိုက်ပါနဲ့။ လက်ခံ လိုက်ရင်တော့ သင် ဘယ်နေရာကနေ အင်တာနက် သုံးနေ တယ် ဆိုတာ တဖက်လူက ခြေရာခံမိသွားနိုင်ပါတယ်။
တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီအသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ အောက်မှာ အနီဝိုင်းပြထားတဲ့ Setting ကို အရင် Click လုပ်ပြီး အရင်သွားလိုက်ပါ။



ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့ မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။ အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။



အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင်တော့ ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့Connection Monitor ဘောက်စ်ကျလာပါမယ်။ အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

ကိုယ်နဲ့ Chatting Box ကနေ စကားသံနဲ့ ပြောဖို့  Call ဆိုတာကို ခေါ်ရပါမယ်။ တဖက်လူက လက်ခံလိုက်သည်အထိ ခေါ်လိုက်ပါ။

တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။



သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး Google ထဲကနေ IP address locator ကိုသွားရပါမယ်။
အဆင်မပြေက  သည်နေရာကနေ   သွားပါ လိပ်စာ (  http://www.ipaddresslocation.org/)
ပြီးရင် အောက်မှာ ပေါ်လာတဲ့ ဘောက်စ်ပေါ်လာမယ်။ အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့ အသေးစိပ် အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။


ချွင်းချက်အနေနဲ့ တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့ ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။ များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။

 မေးထဲရောက်လာတာလေးကို အဆင်ပြေသလို ပြန်လည် မျှဝေလိုက်ပါတယ်..
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်....လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...

မှတချက်။ ဘလော့ခရီးသည်မှ မလာတာပါ

Sunday, 21 October 2012

Photoshopcs5 (စာအုပ်)

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ကိုညီနေမင်းစီက ယူလာတာလေးပါ
Photoshopcs5 Www.nyinaymin.org

Thursday, 11 October 2012

VZO Myanmar Version လေးလာပြီနော် သိပ်မိုက်ဗျာ

VZO Myanmar Version လေးလာပြီနော် သိပ်မိုက်ဗျာ

VZO Myanmar Version Download လေးပေါ်လာပြီနော်.. ...
စိတ်ဝင်စားကြသူများ အပြေးအမြန် မနှေးရန် ယူဆောင်သုံးစွဲ နိုင်ကြပါပြီနော်..
VZO မူရင်းဆိုက်ဒ်မှာ မြန်မာဘာသာနဲ့ မြန်မာပြည်ကလူတွေ သုံးရတာ အဆင်ပြေအောင် အကောင့်ဖွင့်ပုံ အသုံးပြုပုံတွေက အစ မြန်မာလိုရှင်းပြထားတာတွေ့ရလို့ မသိသေးတဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ.....အမြဲတမ်း ကြုံနေရတာတော့ vzo အကောင့်ဖွင့်တာတောင် ခဏခဏ အကူညီတောင်းခံနေရတယ်.. ကဲ..သည်တော့
ဒါလေးသာ မြင်တွေ့ကြရင် ဘယ်သူ့ ဘယ်သူ ကိုမှ အကူညီတောင်းဖို့မလိုပါဘူးးးဗျာ..အားလုံးဟာ
မိမိတို့ မိခင်ဘာသာ နဲ့အသုံးပြုထားတော့ အရမ်းလွယ်ကူအဆင်ပြေပါပြီ..
အောက်ကလင့်ကို ဒေါင်းလိုက်ပါ... Softwareနဲ့အတူ အသုံးပြုပုံတွေပါ လေ့လာနိုင်ပါတယ်...
                                          
                                                          ဒေါင်းရန် 

အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. သိထားရမှာက အသုံးပြုနည်းဟာ
ဒေါင်းလိုက်တဲ့အခါမှပင် တွေ့ကြရမှာဖြစ်ပါတယ်..
ကျေးဇူးတင်ပါတယ်...
အောင်အောင်(မကစ)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...
 
မှတ်ချက်= ဘလော့ခရီးသည်မှ မလာတာပါ 

အာလူးစိမ်းရည်ဓာတ်စာ

အာလူးစိမ်းရည်ဓာတ်စာ
--------------------

**အရွယ်အစားတူ အာလူးစိမ်း ၃ လုံးကိုရေစင်အောင်ဆေးပါ။
(အခွံမနွှာပါနှင့်)
အာလူးကို Blender နဲ့ကြိတ် (သို့) သခွားခြစ်နဲ့ဖြစ်ဖြစ်ခြစ်ပါ
...သန့်ရှင်းသောပိတ်စိမ်းပါးလေး နှင့် အရည်ညှစ်ယူပါ။ (အုန်းနို့ညှစ်သလို)
အဲဒီအရည်ကို အရသာကောင်းချင်ပါက ပျားရည်အနဲငယ်ထဲ့သောက်ပါ။
မနက်တိုင်း တစ်ခွက်နှုန်း သောက်ပေးနိုင်ပါတယ်။

**အဲဒီအရည်ကို တခွက်ကနေ နှစ်ခွက်အထိ
နေ့စဉ်သောက်နိုင်မယ်ဆိုရင်တော့
အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊
ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊
ခါးနာ၊ ပခုံးနာ၊ ကျီးပေါင်းရောဂါ တွေပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

**လူအများအတွက် ကျန်းမာရေးဓာတ်စာအဖြစ်
ထုတ်ဖော်ဆော်သြခဲ့သူကတော့ ဂျပန်ဗုဓဘာသာဘုန်းတော်ကြီး
အရှင်တိုမီဇာဝ ဖြစ်ပါတယ်။

**ကိုယ်တိုင်လွယ်ကူစွာဖော်စပ်နိုင်တာကြောင့်
အကျိုးများစေနိုင်မယ်ထင်လို့ ဝေမျှလိုက်ပါတယ်။

ကျန်းမာရေးအတွက် တဆင့်ကူးယူ ဒါနပြုပါသည်။
တင်ထားလွင် (၁၁.၁၀.၂၀၁၂)

သင့်ကျန်းမာရေးအတွက် ဒါတွေသိရဲ့လား ..........


သင့်ကျန်းမာရေးအတွက် ဒါတွေသိရဲ့လား ..........

ခရမ်းချဉ်သီးအနှစ်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုပါသလဲ
ခရမ်းချဉ်သီးအနှစ်မှာ ဗီတာမင် C ၊ ဘီတာကရိုတင်းနဲ့ Lycopene တွေ ပါဝင်တဲ့အတွက် အရွယ်တင်နုပျိုစေတဲ့အပြင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် အရွယ်မတိုင်ခင် အရေပြားမှာ အရေးကြောင်းတွေ ပေါ်အောင်နဲ့ အရေပြားကင်ဆာကို ကာကွယ်ပေးပါတယ်။

ကြက်ဥစားတာဟာ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုပါသလဲ
တစ်နေ့ကို ကြက်ဥတစ်လုံးစားပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းနည်းပါးနေတာကို တွေ့ရပါတယ်။

သီချင်းနားထောင်တာဟာ ဘယ်လိုအကျိုးရှိပါသလဲ
စိတ်ညစ်တာတွေ ပျောက်စေဖို့ သီချင်းနားထောင်တာဟာ လေ့ကျင့်ခန်းပြီးရင် ဒုတိယ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် စည်းချက်လိုက်ချင်စရာ ကောင်းလောက်အောင် မြူးကြွတဲ့သီချင်းဖြစ်ဖို့တော့ လိုပါတယ်။

လက်ဖက်စိမ်း လက်ဖက်ရည်ရဲ့ အာနိသင်က ဘာပါလဲ
လက်ဖက်စိမ်း လက်ဖက်ရည်သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ ဒါကြောင့် ပမာဏအနည်းငယ် သောက်ရင်တောင် စိတ်ကိုလန်းဆန်း စေနိုင်ပါတယ်။

Saturday, 6 October 2012

ထိုင်းစတိုင် ပြည်ကြီငါးသုတ်

ထိုင်းစတိုင် ပြည်ကြီငါးသုတ်


ဒါကတော့ ထိုင်းစတိုင် သုတ်ထားတဲ့ ပြည်ကြီးငါးသုတ် လေးပါ။ လုပ်ရလည်း လွယ်ပြီ အရသာလည်း ကောင်းမွန်ပါတယ်။ ပြည်ကြီးငါး ညှိနံ့ကင်းအောင် ရှာလကာရည်၊ ဂျင်းတို့ကို အသုံးပြုထားပါသေးတယ်။ အရသာကလည်း ချဉ်ချဉ် စပ်စပ်လေးမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ပြည်ကြီးငါး – ၂၀ ကျပ်သား
၂။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)
၃။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ပါးပါးအရှည်လှီးပါ)
၎။ ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)

၅။ သံပရာသီး – နှစ်စိပ်
၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ရ။ ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
၁၁။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပြည်ကြီးငါးကို အညှိအချွဲများ သန့်စင်ပေးပါ။ ပြီမှ ပြည်ကြီးငါးကို ဓားဖြင့် ကြက်ခြေခတ်ပုံလေးများ မွှန်းပေးပါ။
၂။ ထို့နောက် ရေပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ဂျင်း၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပြီမှ ကြက်ခြေခတ်ပုံ မွှန်းထားသော ပြည်ကြီးငါးများကို အနံ့ပျောက်အောင် ထိုအိုးထဲသို့ ထည့်လိုက်ပါ။
၃။ ပြီလျှင် ဇကာဖြင့် ပြည်ကြီးငါးများကို ပြန်ဆယ်ထားပါ။
၎။ ပြီနောက် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ဆီသပ်ပေးပါ။
၅။ ပြီမှ ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ)၊ ဆနွင်းမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်ပြီ မီးပြန်ပိတ်လိုက်ပါ။ ကြက်သွန်ဖြူ ဆီချက်များကို ခွက်တစ်ခုထဲ ပြန်ဖယ်ထားပေးပါ။
သုတ်နည်း
၁။ ခုပြည်ကြီးငါး သုတ်ပါတော့မည်။ ဇလုံတစ်ခုထဲသို့ (ပြည့်ကြီးငါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက်၊ ငရုတ်သီး၊ ငါးငံပြာရည်၊ သံပရာရည်၊ နံနံပင်)တို့ကို ရောနုယ်လိုက်ပါ။

၂။ ပြီမှ အရသာအပေါ့အငံ့မြည်းပြီ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။
၃။ ချဉ်စပ် ပြည်ကြီးငါးသုတ်လေးကို ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…







..

မှတ်ချက်= Wutyee Food House မှကူးယူဖော်ပြပါသည်.....

တို့ဟူးနွေး (၃ယောက်စာ)

တို့ဟူးနွေး (၃ယောက်စာ)


တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ
  • ဆန်စီခေါက်ဆွဲထုပ် – တ၀က်
  • မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)
  • နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)
တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
  • ကုလားပဲအစိမ်းမှုန့် (သို့) တို့ဟူးမှုန့် – ၁၅၀ဂရမ်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခရမ်းချဉ်သီးဆော့ရည်အတွက် ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (အတုံးသေးလေးများ တုံးပေးထားပါ)
  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်းများ
၁။ အရင်ဆုံး ဆန်စီခေါက်ဆွဲခေါက်များကို ရေနွေးတည်ထားသော အိုးထဲသို့ ထည့်၍ ပြုတ်ပေးပါ။ ခေါက်ဆွဲကျက်ပြီဆိုလျှင် ရေပြန်စစ်ပြီ ရေစိမ်ထားပေးပါ။ (ရေမစိမ်ထားပါက ခေါက်ဆွဲများ ကပ်သွားပါလိမ့်မည်)
၂။ ထို့နောက် ခရမ်းချဉ်သီး ဆော့ချက်ရန် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပါ။
၃။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နီများ ထည့် ဆီသပ်ပေးပြီ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးများ ထည့်၍ ရေ(ဆန်ချိန်ခွက် တခွက်)ခန့်ထည့်ပြီ ခရမ်းချဉ်သီးများ နူသည်အထိ တည်ထားပေးပါ။
၎။ ခရမ်းချဉ်သီးများ နူးသွားမှ ၀က်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ အရသာ အပေါ့အငံ့အတွက် ဆား၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။
၆။ ထို့နောက် အသားနူရန် ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ဆီပြန်လျှင် မီးပိတ်၍ ခွက်တစ်ခုထဲ ပြောင်းထည့်ထားပါ။

ရ။ တို့ဟူးကျိုရန်အတွက် ကုလားပဲမှုန့်များကို ရေ(ဆန်ချိန်ခွက် တခွက်ခွဲ)ဖြင့် ရောပြီ သမအောင် မွှေလိုက်ပါ။
၈။ ကုလားပဲမှုန့်များကို ကျေသွားအောင် လက်ဖြင့် (သို့) ဇကာဖြင့် ကျေအောင်လုပ်ပေးပါ။

၉။ ကုလားပဲမှုန့်များ ကျေသွားမှ ရေ(ဆန်ချိန်ခွက် ၂ခွက်)၊ ဆနွင်းတို့ဖြင့် ရောမွှေပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။
၁၀။ မီးနည်းနည်းဖြင့် ရမိနစ်ခန့် အဆက်မပြတ်မွှေပေးနေပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်တို့ကို ထည့်ပေးပါ။

၁၁။ ပုံတွင် ပြထားသည့်အတိုင်း တို့ဟူးနှစ် မပျစ်မကျဲ အနေထားတွင် ချလိုက်ပါ။

၁၂။ တို့ဟူးနွေးအတွက် ပြင်ဆင်ပါတော့မည်။ အရင်ဆုံး ခွက်ထဲသို့ ဆန်စီခေါက်ဆွဲ လက်တဆုပ်စာခန့် ထည့်လိုက်ပါ။

၁၃။ ပြီလျှင် ခေါက်ဆွဲပေါ်မှ ကျိုထားသော တို့ဟူးများကို ခေါက်ဆွဲဖုံးသည်အထိ လောင်းထည့်ပေးပါ။

၁၄။ နောက်ဆုံးမှ ခရမ်းချဉ်သီးဆော့ရည်(စားပွဲတင်ဇွန်း ၂ဇွန်းခွဲ)၊ မြေပဲ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ထည့်ပေးပါ။ ထို့နည်းအတိုင်း ကျန်တို့ဟူးနွေး ၂ပွဲကို ပြင်ပါ။

၁၅။ တို့ဟူးနွေးကို ပူပူလေး ၀က်ခေါက်၊ ရှမ်းချဉ် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

မှတ်ချက်= Wutyee Food House မှကူးယူဖော်ပြပါသည်။။။။

Tortilla နှင့် ကြက်သားချောင်းကြော်လိပ်

Tortilla နှင့် ကြက်သားချောင်းကြော်လိပ်


မက်ဆီကန် အစားအစာဖြစ်တဲ့ Tortilla ပြားလေးတွေကို ကြက်သားချောင်းကြော်တွေနှင့် လိပ်ပြီ စားရတဲ့ အစာပြေ တမျိုးပါ။ နံမည်ကြီး Mcdonald ဆိုင်မှာရောင်းတဲ့ လုပ်နည်းအတိုင်း ပြုလုပ်ထားတာပါ။ အရသာက မရိုနစ်နဲ့ ထိုင်းငရုတ်သီးအချိုဆော့ကြောင့် ချိုစိမ့်စိမ့် အရသာကို ရရှိမှာပါ။ Tortilla ပြားလုပ်နည်းလေးပါ ထည့်သွင်းပေးတာမို့ အလွယ်တကူ လုပ်စားနိုင်မှာပါ။ Tortilla ပြားလုပ်ရတာကလည်း ထင်သလို မခက်ပဲ၊ ချာပတီလုပ်သလိုမျိုးပဲ လုပ်ရတာပါ။ ခုပဲ တူတူလုပ်နည်းလေး ကြည့်လိုက်ရအောင်…
Tortilla ပြားအတွက် ပါဝင်ပစ္စည်များ
  • ဂျုံမှုန့် – ၂ခွက်စာ
  • baking powder – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – ခွက်တ၀က် (warm water)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

Tortilla ပြား ပြုလုပ်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဂျုံမှုန့်၊ baking powder) တို့ကို သမအောင်ရောနုယ်လိုက်ပါ။

၂။ ပြီမှ ခွက်တစ်ခုထဲတွင် ရေ(ခွက် တ၀က်)ထည့် ဆားထည့်ပြီ ဆားပျော်ဝင်သည်အထိ မွှေပေးပါ။

၃။ ပြီနောက် ရေကို ဂျုံခွက်ထဲသို့ ဖြည်းဖြည်းခြင်း လောင်းထည့်ပြီ သမအောင်ရောနုယ်ပေးပါ။
၎။ ဂျုံဒိုးသား နူညံ့သည်အထိ ခပ်နာနာလေး နုယ်ပေးပါ။ ပြီမှ ဆီ(စားပွဲတင်ဇွန် ၁ဇွန်း) ထည့်ကာ ထည့်နုယ်ပေးပါ။

၅။ ဂျုံဒိုးနူညံ့ပြီဆိုလျှင် ဂျုံဒိုးလုံးကို အပေါ်မှ အ၀တ်ဖြင့်အုပ်ကာ မိနစ်၂၀ခန့် ခေတ္တထားထားပေးပါ။

၆။ ပြီမှ ဂျုံဒိုးလုံးကို ၆ပိုင်းပိုင်းပြီ လက်တွင် ဆီအနည်းငယ်သုတ်ပြီ အလုံးသေးများ လုံးပေးပါ။
ရ။ စားပွဲပေါ် ဂျုံမှုန့် အနည်းငယ်ဖြူးကာ အလုံးများကို ဒလိမ့်တုံးဖြင့် အ၀ိုင်းပြား ဖြစ်အောင် ပါးနိုင်သမျှ ပါးအောင် လိမ့်ပေးပါ။

၈။ ဒယ်ပြားကို မီးတင့်တင့်ဖြင့် ဒယ်ပြားပူလာလျှင် Tortilla ဒိုးပြားကို တဖက် ၁၅စက္ကန့်နှုန်းဖြင့် လှန်ပေးပါ။
၉။ Tortilla ပြားများရပြီဆိုလျှင် ကြက်သားချောင်းကြော်လေးများကို စကြော်ပါမည်။


Tortilla လိပ်ရန်ပါဝင်ပစ္စည်းများ
  • Tortilla ပြား – ၄ချပ်
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးထားပါ)
  • သခွာသီး – ၁လုံး (အ၀ိုင်းပါးပါးလှီးထားပါ)
  • မရိုနစ် – စားပွဲတင်ဇွန်း ၈ဇွန်း
  • ထိုင်းငရုတ်သီးချိုဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း
ကြက်သားချောင်း ပါဝင်ပစ္စည်းများ
  • ကြက်သား – ၂၀၀ ဂရမ် (အချောင်းရှည်လေးများ လှီးပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ပါမုန့်ခြောက် – ၁ခွက်စာ
  • ဂျုံမှုန့် – ၁ခွက်စာ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (ကြက်သား၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။
၂။ ပြီနောက် ကြက်သားချောင်းများကို ဂျုံမှုန့်ကပ်ပေးပြီ ကြက်ဥစိမ်ထားသော ခွက်ထဲသို့ တူလေးဖြင့် စိမ်ပေးပါ။
၃။ ကြက်ဥစိမ်ထားသော ခွက်ထဲမှ ပါမုန့်ခြောက်ထည့်ထားသော ပန်းကန်ထဲသို့ ထည့်ကာ ကြက်သားချောင်းများကို ပါမုန့်ခြောက် ထပ်ကပ်ပေးပါ။

၎။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ကြက်သားချောင်းများ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။ ပြီလျှင် ပန်းကန်တစ်ခုထဲသို့ ပြန်ဆယ်ထားပေးပါ။

၅။ ကြက်သားချောင်းကြော် ရပြီဆိုလျှင် Tortilla ပြားများဖြင့် စလိပ်လို့ရပါပြီ။

၆။ အရင်ဆုံး Tortilla ပြားတစ်ပြားပေါ်သို့ (ဆလတ်ရွက်၊ သခွာသီး၊ ခရမ်းချဉ်သီး၊ ကြက်သားချောင်း၊ မရိုနိစ်၊ ထိုင်းဆော့) တို့ကိုထည့်ပေးပြီ လိပ်လိုက်ပါ။
ရ။ ထိုနည်းအတိုင်း ကျန် Tortilla ပြားများကို လိပ်ပေးပါ။
၈။ အရသာ ကောင်းမွန်သည့် Tortilla နှင့် ကြက်သားချောင်းကြော်လိပ် ကိုသုံးဆောင်နိုင်ပါပြီ…

မှတ်ချက်= Wutyee Food House မှကူးယူဖော်ပြပါသည်

‘‘ကိုယ်လေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက်’’(မိန်းကလေးများဖတ်သင့်သည်)

” ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်ချက် ၅ချက် ”


လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။

ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသယာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင် အလေ့အကျင့်ဟောင်းတွေကို ပြောင်းလည်းလိုက်တာနဲ့ ပိန်လည်းပိန်၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းသွားမှာ သေချာပါတယ်။ ဥပမာ အရင်က မနက်စာကို မစားတဲ့သူက မနက်စာ များများ စားပေးရမယ်၊ အရင်က ညစာကို များများစားတတ်ရင် လျှော့စားရမယ်။ ဒီလို နေ့စဉ် လုပ်နေတဲ့ ကိုယ်ရဲ့ အလေ့အထဟောင်းတွေကိုပါ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အထ အဖြစ် ပြင်ပေးရမှာပါ။ ဒီအတွက် အချက် (၅) ချက်ကို အကြံပေးချင်ပါတယ်။
(၁) လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောက်ကျွမ်းစေမှာ ဖြစ်သလို၊ သင့်ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။ ထို့ကြောင့် အိမ်မှာပဲဖြစ်ဖြစ် တစ်နေ့ကို ၄၅မိနစ်၊ ၁နာရီ ပုံမှန် လမ်းလျှောက်ပေးရပါမယ်။ အရင်က အလုပ်သွားရင် ကားနဲ့သွားတာထက် လမ်းလျှောက်လို့ ရရင် လမ်းလျှောက်သွားမျိုး (သို့) စက်ဘီးစီးသွားတာမျိုးက သီးသန့် လေ့ကျင့်ခန်း လုပ်စရာ မလိုပဲ သင်ရဲ့ ခန္ဓာကိုယ် အချိုးကျ လှပပြီ ကျန်းမာရေးနဲ့လည်း ညီညွှတ်စေပါတယ်။
တကယ်လို့ ဒီထက် ပိုပြီး ကယ်လိုရီတွေ လောင်ကျွမ်းစေချင်ရင်တော့ ပိုပြီး ပြင်းထန်တဲ့ (သို့မဟုတ်) အင်အားသုံးပြီး လုပ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေါ့။ ဒီလိုလေ့ကျင့်ခန်းမျိုးက သင့်ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေမှာ ဖြစ်ပါတယ်။ သင့်မှာ တောင့်တင်းတဲ့ ကြွက်သားတွေ ရှိနေတာနဲ့ကို လေ့ကျင့်ခန်းလုပ်စရာ မလိုပဲ ကယ်လိုရီတွေကို အလိုလို လောက်ကျွမ်းစေမှာ ဖြစ်ပါတယ်။
(၂) ‘မော်နီတာ’ အချိန်ကို လျှော့ချပါ

အခုခေတ်မှာ လူတွေ ကိုယ်အလေးချိန်တက်လာတာရဲ့ အဓိက အချက်တခုကတော့  ‘မော်နီတာ’ အချိန်လို့ ခေါ်တဲ့ တီဗီကြည့်ချိန်၊ ကွန်ပြူတာ မော်နီတာ သုံးချိန်၊ ဂိမ်းဆော့ချိန်တွေ များနေတဲ့အတွက် သာမန်ကိုယ်လက်လှုပ်ရှားမှု နည်းသွားတဲ့အတွက် ကိုယ်အလေးချိန်တက်လာတော့ တာပါပဲ။ ဒါကြောင့် အပန်းဖြေဖို့ ဒီလို တီဗီကြည့်ချိန်၊ အင်တာနက်ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို တနေ့ နှစ်နာရီ ထက်လျှော့ချသင့်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေနဲ့ ရှော့ပင်းမောတွေမှာ အချိန်ဖြုန်းတာဟာ အင်တာနက်ပေါ်မှာ ချက်တင်နဲ့ ပြောတာထက် ကိုယ်လက်လှုပ်ရှားမှု ပိုဖြစ်စေပါတယ်။
(၃) တပန်းကန်ထဲ ပုံစားတတ်ရင် ဂရုစိုက်ပါ

တကယ်လို့ သင်ဟာ တပန်းကန်ထဲကို ဟင်းတွေ ထမင်းတွေ တခါထဲ ထည့်ပြီး ‘ပုံ’စားမယ်ဆိုရင် သာမန်ထက် ပိုထည့်မိတတ်တာကြောင့် သတိထားပေးပါ။ ဒီလို ပိုစားမိတဲ့ ကယ်လိုရီတွေကလည်း သင့်ကို ပိုဝစေပါတယ်။ စားသောက်ဆိုင်တွေမှာစာတဲ့ ဟင်းပွဲတွေမှာ သာမန်ထက် ပိုပြီး ထည့်ထားတတ်တာမို့၊ တယောက်ထဲစားတာထက် တပွဲကို နှစ်ယောက်လောက် ခွဲစားသင့်ပါတယ်။ ထို့ပြင် စားသောက်ဆိုင်သွားရင် ဆိုဒါလို၊ အချိုရည်လို ဝစေတဲ့ အချိုရည်တွေကို မှာသောက်မယ့်အစား ရေသန့် သို့မဟုတ် အချိုလျှော့ထားတဲ့ နွားနို့လိုမျိုးကိုပဲ မှာသောက်သင့်ပါတယ်။
(၄) နေ့စဉ် အသီးအနှံ များများစားပါ

အသီးအနှံတွေစားတာဟာ ဗီတာမင်ဓာတ်ရဖို့ တင်မကပါဘူး။ အသီးအနှံတိုင်းမှာ ဖိုင်ဘာ လို့ခေါ်တဲ့ အမျှင်ဓာတ်တွေ အများကြီးပါပါတယ်။ ဒီအမျှင်ဓာတ်တွေက သင့်ကို ဗိုက်ပြည့်စေပြီး၊ ဝလာမှာတော့ မဟုတ်ပါဘူး။ ဒီလို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကို ဗိုက်အပြည့်စားထားရင် ကယ်လိုရီဓာတ်များတဲ့ အာလူးကြော်လို၊ ကွတ်ကီးလိုမျိုးတွေကို သိပ်မစားဖြစ်တော့ဘူးပေါ့။

(၅) မနက်စာကို မစားပဲ မနေပါနဲ့

မနက်စာဟာ သင့်ရဲ့ တနေ့တာ ဇီဝကမ္မဖြစ်စဉ်ကို စတင် စက်နှိုးပေးလိုက်သလိုပါပဲ။ ဇီဝကမ္မဖြစ်စဉ်ဟာ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို တစ်နေ့တာ အလုပ်လုပ်ဖို့ ခွန်အားတွေ ဖြစ်စေပါတယ်။ မနက်စာ မစားမိတဲ့ လူတွေဟာ နေ့လည်နဲ့ ညဖက်တွေမှာ ဗိုက်ပိုဆာစေလို့၊ သာမန်ထက် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် မနက်စာကို ပုံမှန် မစားတဲ့သူတွေက ကယ်လိုရီပမာန ပိုများပါတယ်။
Ref: Mary L. Gavin

Thursday, 4 October 2012

ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း

ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။

အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လ္ဘက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ………
ကျွန်တော် ဖတ်မိသမျှ ဆေးနည်းလေးတွေ ကို ဝေမျှ လိုက်ပါတယ်ဗျာ
ဘယ်ကနေရလဲတော့ မမှတ်မိတော့ ဘူးးးးးးးးးးးးးးး :p

ရေးသားသူ ဦးသီ

ဆီးချိုပျောက်နည်းမျာစွာထဲက နည်းလမ်းလေး

ဆီးချိုပျောက်နည်းမျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ ....( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine )

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တ
စ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွာ

းရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ
ဦးစန်းမောင် (မန်း)

ရေးသားသူ ဦးသီ
ဆီးချိုပျောက်နည်းမျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ ....( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine )

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွာ
းရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ
ဦးစန်းမောင် (မန်း)

ရေးသားသူ ဦးသီ