Pages - Menu
▼
Pages
▼
Friday, 11 May 2012
သက်ဆိုင်ရာအစိုးရ သမ္မတမှအစ အောက်ခြေအဆင့် ၀န်ထမ်းများသည် နိုင်ငံတော် လစားစား၍ နိုင်ငံတော်၏ အဓိကအခန်းကဏ္ဍ လွှတ်တော် တစ်နေရာတွင် ပါဝင်နေသော လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ၏ ကုမ္ပဏီမှ လယ်မားများအပေါ် နိုင့်ထက်ကလူပြုနေခြင်းကို ဖြေရှင်းမပေးခြင်းသည် အလွန်အလွန်မှ တာဝန်မဲ့သော အစိုးရတစ်ရပ်အဖြစ် သုံးသပ်ရမည်ဖြစ်သည်။ အိုးအိမ်ဌာနမှ ဇေကမ္ဘာကို လုပ်ပိုင်ခွင့် ချထားပေးခြင်း မရှိဟုဆိုသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးမှ စက်မှုဇုန် (၄) တွင်ပါဝင်နေသည်ဟု မယုတ်မလွန်ဆို၍ အိုးအိမ်မှ အကြောင်းကြားချက်ကို သိမသိ မေးမြန်းရာ `စာနှင့်သော်လည်းကောင်း၊ နှုတ်နှင့်သော် လည်းကောင်း အကြောင်းကြားခြင်း မရှိဟု (၁၀.၅.၂၀၁၂) လယ်သမားများကို လာရောက် တားမြစ်ချိန်တွင်ပြောကြားသွားသည်။ နိုင်ငံတော်ဘဏ္ဍာစားပြီး နိုင်ငံသားကို မလိမ့်တပတ်လုပ်နေသူများ .... ပြုတ်ပြုတ်ပြုန်းပါစေသား .......