Pages - Menu

Pages

Sunday, 25 March 2012

မြတ်ဆရာ

ကြိမ်စာမကျွေး
အလိမ္မာပေး၍
ချိန်ခါမရွေး ဆုံးမသူ ..
ငွေသပြာမငဲ့
စေတနာနဲ့
ဝေဖြာတဲ့သူ ..
ငါဆရာလေကွဲ့လို့
ဝါသနာတွေနဲ့
သာယာနေတဲ့သူ ..
မပြစ်ရှာမကြံလေခဲ့
ချစ်သဒ္ဓါမှန်တွေနဲ့
အနစ်နာခဲ့တဲ့သူ ..
စေတနာ၊ ၀ါသနာ၊ အနစ်နာ
နာသုံးနာတရား
လက်ကိုင်ထား
စွမ်းအားကိုမြှင့်
လမ်းများကိုဖွင့်
ပန်းများကိုပွင့်စေသူ ॥။

မှတ်ချက်= ကဗျာရေးသူကိုတော့ မသိပါ သူငယ်ချင်းတစ်ယောက်ထံမှ ယူလာခြင်းခြစ်ပါသည်